Genius တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာလို့ အမည်ခံတစ်ဦးက စပိန်ဘဏ်ကို အဖွဲ့လိုက်ဘဏ်ဓားပြတိုက်တဲ့နေရာမှာ သမရိုးကျ Bank Robbery တွေလို ငွေယူ ဓားစာခံဖမ်း ထွက်ပြေးမဟုတ်ဘဲ ထင်မထားတဲ့ Plot twist မျိုးစုံကြောင့် လူကြီးလူငယ် ကျားမ မရွေးကြိုက်နှစ်သက်ခဲ့ကြတယ်။
စပိန်စီးရီးထဲမှာတော့ hang gun, Assault Rifle, Pistol ကစလို့ MG 42, Point 5 လို Heavy Machine Gun လို လက်နက်မျိုးစုံသုံးတဲ့အပြင် Helicopter တွေ အခြားခေတ်မီ ပစ္စည်းမျိုးစုံ သုံးထားပြီး အလန်းစား VFX တွေကြောင့် အခန်းတိုင်းက လန်းတယ်။ ဘယ်လိုဉာဏ်ကြီးရှင်ပဲဖြစ်ပါစေ၊ မမျှော်လင့်ထားတဲ့ ပြဿနာတွေကြောင့် ပရော်ဖက်ဆာရဲ့ အသက်ရှူသံ ခပ်ကြမ်းကြမ်းနဲ့အတူ ကျွန်တော်တို့ပါ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာပဲမလား။
မည်သို့ပင်ဆိုစေကာမူ ကမ္ဘာတစ်ဝန်းပရိတ်သတ်တွေကို လွှမ်းမိုးမှုအများကြီးရှိတဲ့ ဒီစီးရီးကို ကိုရီးယားက Remake ရိုက်တာတော့ အတော်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအခြေအနေကို ကိုရီးယားကလူတွေလည်း မသိမှာတော့မဟုတ်… သူတို့အတွက် Risk က အရမ်းကြီးတယ်လို့ဆိုရပေမဲ့ မျက်မှောက်ခေတ်မှာ ကိုရီးယားရဲ့ ရုပ်ရှင်အဆင့်အတန်းဟာ Level တစ်ခုမှာရှိနေပါတယ်။
လက်ရှိမှာတော့ Cast တွေကလည်း နာမည်ကြီးတွေသုံးထားလို့ Acting ပိုင်းနဲ့ပတ်သက်လို့ စိတ်ပူစရာမလိုလောက်ပါဘူး။ တစ်ခုရှိတာက တိုကျိုအဖြစ် ပွဲကြမ်းမယ့် မင်းသမီးလေးကိုတော့ အတော်များများစိုးရိမ်နေကြတယ်။ စပိန်စီးရီးထဲမှာတော့ ပရော်ဖက်ဆာကိုယ်တိုင်
ဘာလုပ်ရမှန်းမသိတဲ့ အချိန်မျိုးမှာတောင် “တိုကျိုရှိတယ် သူကြည့်လုပ်သွားလိမ့်မယ်” လို့ ယုံကြည်ခဲ့ရတဲ့ ဂျစ်ကန်ကန်ချာတိတ်မလေး…
Jeon Jong-seo က လက်ရှိ တိုကျိုအဖြစ်သရုပ်ဆောင်မယ့် သူလေး။ ဒီကောင်မလေးက The Call (2020) မှာ ပက်ရှင်ဟေးလို ဆရာမကြီးနဲ့တောင် အပြိုင်ကြမ်းပြခဲ့တဲ့ သူလေး။ အခုလည်း အဲ့ဇာတ်ကားထဲက စတိုင်ပဲဆိုတော့ သိပ်ပြီး စိတ်ပူစရာတော့လိုမယ်မထင်။
Kim Ji-hoon က ဒန်ဗားအဖြစ်သရုပ်ဆောင်ထားတယ်။
ဟိုကောင်ကြီးရဲ့ လည်ချောင်းသံ ဗဟက်ဟက်ဆိုတဲ့ရယ်သံက ကျွန်တော်တို့ နားထဲစွဲနေတော့ Kim Ji-hoon အနေနဲ့ ဘယ်လိုလာမလဲမသိ. ..သူ့ကိုတော့ အနည်းငယ်သဘောမတွေ့မိ။
ဘာပဲဖြစ်ဖြစ် ဒီလရဲ့စိတ်ဝင်စားစရာ အကောင်းဆုံး စီးရီးတစ်ခုဖြစ်မှာ သေချာပါတယ်။
Credit – Channelmyanmar
Comments