Advertisement

ဒီတစ်ခေါက်ရဲ့ Movie Review အနေနဲ့ ညွှန်းပေးချင်တာကတော့ လတ်တလောပရိသတ်ကြားမှာရေပန်းစားနေတဲ့ “Now We’re Breaking up” ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။

ချစ်ခဲ့ပြီးမှ လမ်းခွဲရဖို့အကြောင်းဖန်လာတဲ့ ဓာတ်ပုံဆရာကောင်လေးနဲ့ ဒီဇိုင်နာကောင်မလေးတို့ရဲ့ အဆွေးဇာတ်လမ်းလေးကိုတော့ အချစ် အလွမ်း ဘဝတိုးတက်မှုအတွက်ကြိုးစားရုန်းကန်ရတဲ့အကြောင်းအရာတွေ ချစ်ရမှာကိုကြောက်နတဲ့ မိန်းကလေးတယောက်ရဲ့စိတ်ခံစားချက်တွေကို ပုံဖောိရိုက်ကူးထားတဲ့အတွက် ရသစုံစွာကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။

ကိုယ်တွေမမအွန်စောရဲ့ အလှတွေမှာကြွေကျမြေခရမဲ့အချိန်ရောက်လာပါပြီနော်။မင်းသားရဲ့ ဆွဲဆောင်မှုရှိမှုကလဲ ဒီဇာတ်ကားကြည့်ရှုနေတဲ့ပရိသတ်တွေအတွက်အထူးမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဖူးနော်။

ဒီDramaကနေ ချစ်ခြင်းရဲ့ပြင်းပြမှု ၊ လမ်းခွဲခြင်းရဲ့ခါးသီးမှု၊ ချစ်ခြင်းနဲ့ပတ်သတ်တဲ့ ချို ဖန် ခါး ငန် စပ် စတဲ့ အရသာ တွေကို ခံစားကြည့်ရှုရမှာပါ ။ ဒါ့အပြင် ဖက်ရှင်ဒရမ်မာဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်ကောင်တွေရဲ့ဖက်ရှင်တွေက အမိုက်စားဖြစ်နေမှာပါ။ လက်ရှိအချိန်ထိတော့ အပိုင်း(၃)ပိုင်းအထိထွက်ရှိထားတာဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိနေတဲ့ဇာတ်လမ်းတွဲလဲဖြစ်ပါတယ်နော်။

Comments

0 comments