Advertisement

Marry Myanmar ပရိသတ်ကြီးလည်း Ro တာလေးမှ ကြည့်ချင်တယ်ဆိုရင် ဒီအချစ်ဇာတ်ကားလေးကို လုံးဝ လက်မလွှတ်နဲ့နော်။

အလွမ်းတွေ အငိုဇာတ်ကားတွေ မကြည့်ချင်ဘဲ အရမ်းကို Ro ပြီး ဟာသလေးတွေပါ ပါဝင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားလောက် ရှာနေတယ်ဆိုရင်တော့ ခုပြောပြပေးမယ့် ဇာတ်ကားကို မဖြစ်မနေ ကြည့်သင့်တယ်နော်။ လူငယ်အချစ်ဇာတ်လမ်းလေး ဖြစ်ပြီး တက္ကသိုလ်ကို အခြေခံပြီး ရိုက်ထားတဲ့ ကျောင်းတွင်းဇာတ်လမ်း အချစ်ကားလေး တစ်ကားပါပဲ။

ဒီဇာတ်ကားလေးကတော့

ကျောင်းသားကျောင်းသူ အချစ်ဇာတ်လမ်းလေး ဖြစ်ပြီး မာနကြီးပြီး တစ်ကျောင်းလုံးက ငေးကြည့်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ လုပ်သမျှ အလွဲလွဲအချော်ချော်နဲ့ ဖြူဖြူစင်စင် ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ကားလေးပါ။

  • နှစ်ယောက်စလုံးက မိဘတွေ ခွင့်မပြုတဲ့ ပန်းပုမေဂျာမှာ တက်ရောက်ကြပြီး စာတော်တဲ့သူတွေဖြစ်ပြီး ကောင်မလေးက မေဂျာပြောင်းဖို့ အပြင်းအထန် ကြိုးစားနေတာပါ။ ကောင်လေးက စကားနည်း မာနကြီးပြီး ကောင်မလေးကို တိတ်တိတ်လေး စောင့်ရှောက်ပြီး ချစ်ပေးနေတဲ့အပြင် အကြည့်တွေ၊ အထိတွေကလည်း တကယ့်ကို Ro တဲ့ ဇာတ်ကွက်တွေချည်းပါပဲ။
  • ကောင်လေးနဲ့ ကောင်မလေး ဘယ်အချိန်မှ ချစ်သူတွေ ဖြစ်ကြမလဲ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်အချိန်မှ ချစ်တာကို သိပြီး ဖွင့်ပြောကြမလဲ ကောင်မလေးကရော မေဂျာပြောင်းနိုင်ပါ့မလားဆိုတာ ro ရင်း ဆက်ကြည့်ရမှာပါပဲ။
  • အပိုင်းကတော့ (၂၄) ပိုင်းရှိပြီး တပတ်ကို (၃) ပိုင်းသာ အသစ်ထွက်တဲ့ On going C Drama ဇာတ်ကားကောင်းတစ်ကားပါပဲ။

Marry Myanmar ပရိသတ်ကြီးလည်း Ro တာလေးမှ ကြည့်ချင်တယ်ဆိုရင် ဒီအချစ်ဇာတ်ကားလေးကို လုံးဝ လက်မလွှတ်နဲ့နော်။

Tags: c dramamovie

Comments

0 comments