အခုဆိုရင် SNOWDROP Drama ဟာ ကိုရီးယားနိုင်ငံရဲ့ Naver ရှာဖွေမှုတွေအပေါ်အခြေခံထားတဲ့ Real Time search ရဲ့ ထိပ်ဆုံး နံပါတ် 1 နေရာမှာ
trending ဖြစ်လို့နေပါတယ်။ပထမဆုံးအပိုင်းတစ်သာရှိသေးပေမယ့် Drama ရဲ့ Hit ဖြစ်နေမှုကတော့ မိုက်နေရောပါပဲ။Drama ထဲက Eun Youngro ကာရိုက်တာနဲ့ဘသရုပ်ဆောင်ထားတဲ့ Jisoo(Black Pink)ရဲ့ အပြုံးလေးတွေကလဲ အရမ်းကိုလှနေရောပဲနော်။အခုထိ မကြည့်ရသေးတဲ့သူတွေရှိရင် ရှိနိုင်ပေမယ့် တော်တော်များများက ကြည့်ပြီးကြလောက်ရောပေါ့။

ဒါ့အပြင် ရုရှားနိုင်ငံ BLACKPINK Fanbaseတစ်ခုက “JISOO Unnie မင်းသမီးအဖြစ် ပွဲဦးထွက်တဲ့ အထိမ်းအမှတ်ကိုဂုဏ်ပြုကြိုဆိူတဲ့ အနေနဲ့ Unnieအတွက် ဆိုပြီး UK စကော့တလန်မှာ “မြေကွက်တစ်ကွက်” ဝယ်ပြီး လက်ဆောင်ပေးခဲ့ပါသေးတယ်တဲ့နော်။ JISOO Unnieက “THE Lady Kim Jisoo”ဆိုတဲ့ Highland Titleဂုဏ်ပြုလွှာကိုပါ တရားဝင် ရရှိခဲ့ပြီလို့လည်း သိရှိရပါတယ်။ပွဲဦးထွက်ဇာတ်ကားလို့မထင်ရလောက်အောင် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ငါတို့ကောင်မလေးက တကယ်ကို အချစ်ခံနေရတာနော်။


Comments