Advertisement

ချစ်တို့ရေ The Kissing Booth(2) ကို ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့နဲ့နော်။

ရင်ခုန်စရာကောင်းပြီး ပျော်ပျော်ရွှင်ရွှင် ဇာတ်ကားလေး တစ်ကားဖြစ်တဲ့ The Kissing Booth ဇာတ်ကားကတော့ အချစ်ဟာသဇာတ်လမ်းလေးတွေ ကြိုက်တဲ့ ပရိသတ်တွေကြားထဲမှာတော့ ရေပန်းအစားဆုံး ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကတော့ ဇူလိုင်လ (၂၄) ရက်နေ့မှာ The Kissing Booth (2) ဆိုပြီး ထပ်မံထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဇူလိုင်လ (၂၄) ရက်မှာ ထွက်ရှိမယ့်  The Kissing Booth (2) ဟာ အခုဆိုရင် နမူနာ ဗီဒီယိုလည်း ထွက်ရှိနေပြီ ဖြစ်ပါတယ်။ ပထမ ဇာတ်ကားမှာတင် ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲကို ပြန်ဆက်ပြီး ရိုက်ထားတာ ဖြစ်လို့ မင်းသား၊ မင်းသမီး ဇာတ်ကောင်တွေ မပြောင်းလဲပဲ တွေ့မြင်ရမှာပါ။

ပထမ ဇာတ်လမ်းမှာတော့ Noah နဲ့ Elle ကချစ်သူတွေဖြစ်ခဲ့ပြီး  Noah က တက္ကသိုလ်သွားတက်ခဲ့တာဖြစ်ပြီး Elle ကတော့ သူမရဲ့ ကျောင်းမှာပဲ ဆက်တက်နေခဲ့တာနဲ့ အဆုံးသတ်ခဲ့တာပါ။ The Kissing Booth (2) မှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်မျှော်ကြည့်ရှူရမှာပါ။

https://www.netflix.com/mm/title/81026818

ချစ်တို့ရေ The Kissing Booth(2) ကို ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့နဲ့နော်။

Tags: movie

Comments

0 comments