Advertisement

ချစ်တို့ရေ ဒီလမှာရော မြန်မာသီချင်းကောင်းလေးတွေ နားထောင်ဖြစ်ရဲ့လား။ အဆိုတော်တွေကလည်း သီချင်းအသစ်တွေ အမြဲတမ်းဖန်တီးတင်ဆက်နေတာမလို့ လတိုင်းမှာ နားထောင်ရမယ့် သီချင်းအသစ်တွေကတော့ ရှိနေစမြဲပါပဲ။ ဒီတခါမှာတော့ ဇွန်လအတွင်း ထွက်ရှိထားတဲ့ အဆိုတော်တွေရဲ့ သီချင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သူစိမ်းမဟုတ်ပဲ- ဝေလ

ချစ်သူနှစ်ဦးရဲ့ အချစ်အကြောင်းကို သီဖွဲ့ထားတာဖြစ်ပြီး ပထမဦးဆုံး တကိုယ်တော်အယ်လ်ဘမ် (1982) ထွက်တာ (၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဖြေ-ပိုပို

အဆိုတော်ပိုပိုရဲ့ ဖြေသီချင်းကတော့ ဇွန်လ(၂၀) ရက်နေ့မှာ ထွက်ရှိခဲ့တာဖြစ်ပြီး (၂၂) နာရီ အတွင်း ကြည့်ရူသူ (၁) မီလီယံ ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

မိစန္ဒီ-ရုပ်ချောသော်လည်း တစ်ယောက်တည်း

ဈေးဗန်းခင်းလို့ရမယ့် သီချင်းလေးတစ်ပုဒ်ပါပဲနော်။ Fa မမတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့် သီချင်းလေး တစ်ပုဒ်ပဲမို့ ခုပဲ နားထောင်ကြည့်လိုက်နော်။

အခုဖော်ပြထားတဲ့ သီချင်းလေးတွေကတော့ ဇွန်လအတွင်း ထွက်ရှိထားတဲ့ မြန်မာသီချင်းအသစ်တွေပဲ ဖြစ်ပါတယ်။

Tags: june songs

Comments

0 comments
Advertisement