Advertisement

ခုကာလမှာ ရှေ့တန်းမှာ တိုက်စစ်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုသီချင်းလေးအကြောင်း နားထောင်ကြည့်ရအောင်နော်။

အသံတည်တည်ငြိမ်ငြိမ်လေးနဲ့ သီချင်းအေးအေးလေးတွေ သီချင်းလေ့ရှိတဲ့ အဆိုတော် ဖြိုးပြည့်စုံက ကိုဗစ်ကာလမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ပြုသီချင်းလေး တစ်ပုဒ် ဖန်တီးထားပါတယ်။  သူကိုယ်တိုင်လည်း ဆရာဝန်ဖြစ်ပြီး ခုကာလမှာ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် တကယ့်ကို အားတက်စေမယ့် သီချင်းလေး တစ်ပုဒ်ပါပဲ။

https://www.joox.com/mm/single/EB6am9ucTJ+X_mW+3gGuZQ==

သီချင်းခေါင်းစဥ်ကတော့ “ဆရာဝန်တစ်ယောက်အကြောင်း” ဖြစ်ပြီး တေးရေးကတော့ သီချင်းကောင်းတွေ အမြဲတမ်း ရေးလေ့ရှိတဲ့ အဆိုတော်‌ဝေကြီး ဖြစ်ပါတယ်။ ” မြန်မာပြည်မှာ သူရဲကောင်း အမျိုးမျိုးရှိပါတယ် အကောင်းစား စိတ်ဓါတ်နဲ့ လေးလေးနက်နက်ပြောချင်တယ် ဘယ်တော့မှ လဲ မသွားနဲ့ အစွမ်းထက်တဲ့ မေတ္တာနဲ့ ကယ်တင်မယ်” ဆိုတဲ့ စာသားလေးလည်း ပါဝင်ပါတယ်။

ဆရာဝန်တစ်ယောက် အကြောင်း

ဆရာဝန်တစ်ယောက်အကြောင်း တေးရေး – ဝေကြီးတေးဆို – ဖြိုးပြည့်စုံ" မြန်မာပြည်မှာ သူရဲကောင်း အမျိုးမျိုးရှိပါတယ် အကောင်းစား စိတ်ဓါတ်နဲ့ လေးလေးနက်နက်ပြောချင်တယ် ဘယ်တော့မှ လဲ မသွားနဲ့ အစွမ်းထက်တဲ့ မေတ္တာနဲ့ ကယ်တင်မယ်" 🎵သီချင်းထဲက ကျနော် အကြိုက်ဆုံးစာသားလေးပါ …#ဆရာဝန်တစ်ယောက်အကြောင်း

Posted by Phyo Pyae Sone – ဖြိုးပြည့်စုံ on Wednesday, October 21, 2020

 

Comments

0 comments