မကြာသေးခင်ကမှ ဇာတ်လမ်းတွဲပြီးသွားခဲ့ပြီး ပရိသတ်တွေ ရင်ထဲမျှော်လင့်မထားတဲ့ ဇာတ်သိမ်းခန်းကြောင့် Rating တွေ မြင့်တက်ခဲ့တဲ့ The King ဇာတ်ကားထဲမှာ ဇာတ်ဝင်တေးက လူကြိုက်များခဲ့ပါတယ်။ ပရိသတ်တွေက ဇာတ်ကားနဲ့ အတူတူ ဇာတ်ဝင်တေးတွေကိုပါ စိတ်ဝင်စားစောင့်မျှော်ခဲ့ကြပြီး ဇာတ်လမ်းပြီးဆုံးသွားတဲ့အထိတောင် ဇာတ်ဝင်တေးတွေကို လွမ်းဆွတ်တမ်းတ နှစ်သက်ကြတုန်းပါပဲ။
ဒီဇာတ်ကားထဲမှာတော့ ဇာတ်ကားတေး (၁၃) ပုဒ် ပါဝင်ပြီး ကိုရီးယားနာမည်ကြီး အဆိုတော်တွေရဲ့ ဖန်တီးမှုတွေဆိုရင်လည်း မမှားပါဘူး။ ဘုရင်ကြီးရဲ့ Fan တွေကလည်း ဒီသီချင်းတွေကို အလွတ်နီးပါး ရအောင် ကြိုက်နှစ်သက်ကြတာမလို့ သီချင်း(၁၃) ပုဒ်လုံးကို တစ်စုတစည်းတည်း ဖော်ပြပေးလိုက်ပါတယ်နော်။
Comments