Marry Myanmar ပရိသတ်ကြီးရေ သီချင်းအေးအေးလေးတွေရော Rap သီချင်းတွေပါ သီဆိုလေ့ရှိတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကို ပရိသတ်ကြီး ရင်းနှီးပြီးသား ဖြစ်မှာပါ။ သီချင်းအသစ်ထွက်တာ အလှမ်းကျဲနေတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့မှာ သီချင်းအသစ်တစ်ပုဒ် ထွက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒီသီချင်းကတော့ Full Stop. နဲ့ JOOX တို့ပူးပေါင်းတင်ဆက်ထားတဲ့ “ရာနှုန်းပြည့်” Album ထဲမှာ ပါဝင်မှာ ဖြစ်ပြီး သီချင်းနာမည် “ကောင်ကလေး” ပဲ ဖြစ်ပါတယ်။ အချစ်သီချင်းမြူးမြူးကြွကြွလေး ဖြစ်ပြီး မောင်လေးနဲ့ မမ ပုံစံလေး သီဆိုထားတာပဲ ဖြစ်ပါတယ်။

အဆိုတော် စန္ဒီမြင့်လွင်
ပရိသတ်ကြီးတို့ အသစ်ထွက်ရှိလာတဲ့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့ သီချင်းလေး နားဆင်ကြည့်လိုက်ရအောင်နော်။
Comments