Advertisement
Solo ထွက်ရှိလာမယ့် Blackpink ရဲ့ ROSÉ’

ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး  Blackpink ရဲ့ Youtube channel ကနေ livestream လွှင့်မှာဖြစ်ကြောင်း YG Family က ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

Marryက ပရိသတ်ကြီးတို့ရေ ကိုရီးယား သီချင်းတွေ ကြိုက်နှစ်သက်တယ်ဆိုရင်တော့  Blackpink အဖွဲ့ကို အထူးတလည် မိတ်ဆက်စရာ မလိုအောင်ကို သိပြီးသား ဖြစ်မှာပါ။ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး (၄) ယောက်နဲ့ ဖွဲ့စည်းထားတဲ့  Blackpink   K Pop အဖွဲ့ဟာ ကမ္ဘာတဝန်းလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ သူတို့က အဖွဲ့လိုက် သီချင်းဖန်တီးမှုတွေ လုပ်ကြသလို Soloလည်း ထွက်ရှိကြပါတယ်။

https://web.facebook.com/ygfamily/videos/190854152728162

လွန်ခဲ့တဲ့ (၂) နှစ်က Solo အနေနဲ့ Jennie က “Solo” ဆိုတဲ့ သီချင်းထွက်ရှိခဲ့တာ ဖြစ်ပြီး အအောင်မြင်ဆုံး သီချင်းတွေထဲမှာ ပါဝင်ပါတယ်။ အခုကတော့ ROSÉ’ ရဲ့ Solo ထွက်ရှိတော့မှာပါ။ ROSÉ’ က   Blackpink အဖွဲ့ရဲ့  Solo ထွက်ရှိမယ့် ဒုတိယမြောက်သူလည်း ဖြစ်ပါတယ်။


သီချင်းကတော့ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး  Blackpink ရဲ့ Youtube channel ကနေ livestream လွှင့်မှာဖြစ်ကြောင်း အေဂျင်စီဖြစ်တဲ့ YG Family က ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

Tags: blackpinkmusicROSÉ’

Comments

0 comments