ရွှေနှစ်ရွှေရဲ့ မင်္ဂလာညစာစားပွဲ ပုံရိပ်များ

by: Phyo Pyae Thu
 0 comments  0 love

မင်္ဂလာညစာဧည့်ခံပွဲလေးကို Inya Lake ဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတာ ဖြစ်ပြီး အနုပညာရှင် တော်တော်များများလည်း တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုန်ရတီတို့ရဲ့ မင်္ဂလာညစာဧည့်ခံပွဲလေးကို Inya Lake ဟိုတယ်မှာ မင်္ဂလာအချိန် ညနေ(၆ )နာရီ ကနေ (၉) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတာ ဖြစ်ပြီး အနုပညာရှင် တော်တော်များများလည်း တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။ အနောက်တိုင်း ဂါဝန်လေးနဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပြီး ဒုတိယ ဝတ်စုံလဲကာ သတို့သားက သီချင်းဆို သတို့သမီးလေးက ပျော်ပျော်ရွှင်ရွှင် ကရင်း မင်္ဂလာဧည့်ခံပွဲလေး ကျင်းပခဲ့ကြပါတယ်။

သတို့သမီးလေး ရွှေမှုန်ရတီ ပစ်ပေးတဲ့ ပန်းစည်း အနီရောင်လေးကိုတော့ အဆိုတော် ပိုပိုမှ ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။

photo credit : Music love

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords