Advertisement

မင်္ဂလာပွဲကြီးကိုတော့ အောက်တိုဘာ (၂၆) ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်

(၁၆.၁၀.၂၀၁၉) မှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တဲ့ သရုပ်ဆောင်ချစ်စနိုးဦးတို့ စုံတွဲလေးကတော့ (၂၀.၁၀.၂၀၁၉) မှာ မင်္ဂလာဆွမ်းကျွေးလေး ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကိုဖိုးသားနဲ့ သရုပ်ဆောင် ချစ်စနိုးဦးရဲ့ မင်္ဂလာဆွမ်းကျွေးပွဲ အခမ်းအနားကိုတော့ ဆံတော်ကြို အလံပြဘုရားမှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းတွေက တက်ရောက်ချီးမြှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

မင်္ဂလာလက်မှတ်ရေးထိုးပွဲ၊ မင်္ဂလာဦးဆွမ်းကျွေးအပြင် မင်္ဂလာပွဲကြီးကိုလည်း ထပ်မံပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကြီးကိုတော့ အောက်တိုဘာ (၂၆) ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

photo: Wunna Khwar Nee (Focus Daily)

Comments

0 comments
Advertisement