Advertisement
Kim Joo Hun နဲ့ သတင်းတွေ ထွက်နေပြန်တဲ့ မမဆောင်းဟေးဂျို 

Kim Joo Hun နဲ့ ကြိုက်နေတယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့ အတွက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုတွေကို တော့ ဆောင်းဟေးဂျိုက ရရှိနေတာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ အရမ်းကို အားပေးပြီး ချစ်ခင်ရတဲ့ မင်းသမီးတစ်လက်ဖြစ်တာကြောင့်လည်း ဘယ်သူနဲ့ တွဲနေတာလည်း ဘယ်သူနဲ့ ကြိုက်နေတာလည်း ဆိုတာကို စိတ်ဝင်စားကြတာကတော့ အမှန်ပါပဲ

Now we are breaking up (2021) ကို အတူတူရိုက်ကူးခဲ့ကြတဲ့ ဇာတ်ပို့သရုပ်ဆောင် Kim Joo Hun နဲ့ ကြိုက်နေတယ် ဆိုတဲ့ သတင်းမထွက်ခင်ကလည်း ဇာတ်လမ်းမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဆောင်မင်းသား Jang Ki Yong နဲ့ ကြိုက်နေကြတယ်ဆိုပြီးတော့လည်း ထင်ကြေးတွေရှိခဲ့ပါသေးတယ် ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ အခုလို ပြောဆိုတာမျိုးတွေ မရှိတော့ဘဲ အခုဆိုရင်တော့ Kim Joo Hun နဲ့ ကြိုက်နေတယ်လို့ ထင်ကြပြန်တာဖြစ်ပါတယ်

အခုလို ထင်ကြတာကလည်း ဂျိုရဲ့ Instagram Story တွေကြောင့် ဖြစ်တယ် လို့ ယူဆရတယ် ဆိုပြီး သတင်းတွေမှာ ဖော်ပြကြတာဖြစ်ပါတယ်

Comments

0 comments