ဝတ်စုံလေးနဲ့လိုက်ဖက်အောင် မိတ်ကပ်ပြင်ဆင်ပေးမယ့် မိတ်ကပ်ပညာရှင် Hello( မချို၊ မခိုင်)

by: Phyo Pyae Thu
 0 comments  0 love

ပွဲကြီးမှာ သတို့သမီးလေးတို့ရဲ့ ဝတ်စုံနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးမယ့် မိတ်ကပ်ပညာရှင်တွေရဲ့ မိတ်ကပ်ပြင်ဆင်ဖန်တီးမှုတွေကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်

မင်္ဂလာပွဲ ဆင်နွှဲမယ့် သတို့သမီးလောင်းလေးတိုင်း ကျက်သရေအရှိဆုံး၊ အလှဆုံး ဖြစ်ချင်ကြတာပါပဲ။  သတို့သမီးလေးတို့ မင်္ဂလာပွဲစီစဉ်တဲ့အခါမှာ စိတ်ပူတဲ့အချက်ကလည်း မိတ်ကပ်ပြင်ဆင်မှုပါ၊။ မိတ်ကပ်ပြင်ဆင်ခြယ်သမှု အကောင်းဆုံးဖြစ်မှ မင်္ဂလာပွဲမှာ အလှဆုံး သတို့သမီးလေး ဖြစ်မှာပါ။ သတို့သမီးလောင်းလေးတို့ ရွေးချယ်ထားတဲ့ ဝတ်စုံနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးနိုင်မယ့် မိတ်ကပ်ပညာရှင်ကို ရွေးချယ်ဖို့ရှိကြသလို ခေတ်စားနေတဲ့ မိတ်ကပ်အကြောင်းလေးတွေလည်း လေ့လာထားဖို့ လိုပါတယ်။ သတို့သမီးလောင်းလေးတို့ လှဖို့ မိတ်ကပ်ပြင်ဆင်မှုက အရေးကြီး ကဏ္ဍပါပဲ။

Marry က ကျင်းပမယ့် Marry Wedding Day (2019)  ရိုးမြေကျမင်းနဲ့အတူ ပွဲကြီးမှာလည်း သတို့သမီးလေးတို့ရဲ့ ဝတ်စုံနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးမယ့် မိတ်ကပ်ပညာရှင်တွေရဲ့ မိတ်ကပ်ပြင်ဆင်ဖန်တီးမှုတွေကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ Marry ရဲ့ ပွဲကြီးမှာ ပါဝင်ပြီး ပြင်ဆင်ခြယ်သပေးမယ့် မိတ်ကပ်ပညာရှင်ကတော့ Hello (မခိုင်၊မချို) ပဲ ဖြစ်ပါတယ်။

 Marry Wedding Day (2019) မှာ ပြင်ဆင်ခြယ်သပေးမယ့်ပုံစံ

Marry Wedding Day (2019)  က Retro ပုံစံလေး လုပ်ဖြစ်မယ်ဆိုတော့ အမတို့လည်း အဲဒီပုံစံလေးနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးဖြစ်မှာပါ။ နောက်ပြီး ဝတ်စုံက ဒီဇိုင်နာ သွင်စုထွေးနဲ့ ဒီဇိုင်နာ မပုံ့တို့ရဲ့ ဝတ်စုံဆိုတော့ သူတို့ ဖန်တီးထားတဲ့ ဝတ်စုံကို ကြည့်ပြီး ပြင်ဆင်ပေးဖြစ်မှာပေါ့နော်။ အမတို့ကလည်း Retro Theme ပုံစံလေး ကြိုက်တယ်၊ စိတ်ဝင်စားတယ်၊ ဒီပွဲမှာ ပြင်ဆင်ရမယ်ဆိုတော့ ရင်၊ခုန်တယ် ။ Retro ပုံစံလေး ပြင်ဆင်ရမယ်ဆိုတော့ ခေတ်တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း ရှေးမြန်မာပုံစံလေးတွေ၊ အရင်ခေတ်ကပုံစံလေးတွေကို သတိရစေချင်တယ်၊ မမေ့စေချင်ဘူးပေါ့။  မြန်မာမှုပဲဖြစ်ဖြစ် အနောက်တိုင်းပုံစံပဲ ဖြစ်ဖြစ် ဆံပင်ကိုလည်း အဲဒီပုံစံနဲ့ လိုက်အောင် ပြင်ဆင်ပေးဖြစ်မယ်၊ Retro ကတော့ ဘယ်လိုပုံစံလေးပဲ ဖြစ်ဖြစ် လှတယ်၊ အရင်ခေတ်ကတော့ မိတ်ကပ်အထူလိမ်းတယ်၊ မျက်ခုံးတစ်ကြောင်းတည်း ဆွဲတယ်၊ ဆံပင်ကို အလိပ်အခွေကြီးတွေ လုပ်ကြတယ်ပေါ့နော်။ အဓိကကတော့ ဝတ်စုံနဲ့ လိုက်ဖက်အောင် ပြင်ပေးဖြစ်မှာပါ လို့ ပြောပြထားပါတယ်။

ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းဖက်နိုင်ဖို့ဆိုတာ ချစ်မိသူတိုင်း ချစ်တတ်သူတိုင်းရဲ့ နှလုံးသားထဲက ဆန္ဒတစ်စုံမဟုတ်လား။ဒီတော့ အချိန်တွေဘယ်လိုပြောင်းပြောင်း အချစ်တွေဘယ်တော့မှပြောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုသူတွေအားလုံးကို “ရိုးမြေကျ မင်းနဲ့အတူ” ဆိုတဲ့ Marry Wedding Day 2019 ပွဲကြီးမှ ဖိတ်ခေါ်လိုက်ပါရစေ။

Marry Wedding Day 2019 ပွဲကြီးက အချိန်တွေပြောင်းရင်တောင် အချစ်တွေဟောင်းမသွားတဲ့အကြောင်းကို ဖန်တီးပုံဖော်ပေးသွားမယ့် ပွဲကြီးပဲဖြစ်ပါတယ်။ ရိုးမြေကျမဲ့ အချစ်စစ်တွေကို ဘယ်လိုဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထုဆစ် ပြသသွားမလဲ ဆိုတာကိုတော့ ဒီပွဲကြီးမှာ လာရောက်ကြည့်ရှုလိုက်နော်။

ဒီပွဲကြီးမှာ …..

  • Bride to Be
  • Surprise Proposal
  •  Groom & Bride photo shooting with parents
  •  Gala Night Show

တို့အပြင် တခြားသော ထူးခြားတဲ့ အစီအစဉ်များစွာနဲ့အတူ ၊ Health Talk ၊ Beauty Talk အစီအစဉ်နှင့် ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အကောင်းဆုံး အတန်ဆုံး အထူး Promotion များ၊ တစ်ခုဝယ်ပြီးတိုင်း တစ်ခါကံစမ်းနိုင်တဲ့ Digital Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ကျင်းပမယ့် နေ့ရက်တွေက …

နေ့ရက် : JUNE 8 & 9 (Sat & Sun)
အချိန် : 9:00 AM to 8 PM
နေရာ : Novotel Yangon Max Hotel
ဝင်ကြေး : 👉 http://bit.ly/2LFtdkP 👈 ဒီလင့်လေးထဲမှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords