Marry Myanmar ရဲ့မြန်မာနိုင်ငံတွင် ပထမဆုံး Group Wedding ပွဲကြီး Marry Love Day

by: Khin Nyein Lwin
 0 comments  0 love

၂၀၁၉ခုနစ်၊ ဧပြီလ (၂၈)ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်အတွင်းရှိ Pool side မြက်ခင်းပြင်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြလုပ်ပေးသွားတော့မှာပါ

Marry Myanmar Wedding Website ကြီးမှ မြန်မာနိုင်ငံတွင် ပထမဆုံးအနေနဲ့ မင်္ဂလာစုံတွဲ (၁၀၀) ပါဝင်ဆင်နွှဲပြီး မင်္ဂလာဆောင်နိုင်မယ့် Group Wedding ကြီးကို လာမယ့် ၂၀၁၉ခုနစ်၊ ဧပြီလ (၂၈)ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်အတွင်းရှိ Pool side မြက်ခင်းပြင်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြလုပ်ပေးသွားတော့မှာပါ။

ဒီပွဲကြီးမှာ မင်္ဂလာစုံတွဲပေါင်း အသက် (၁၈)နှစ်ပြည့်ပြီးတဲ့ အတွဲ (၁၀၀)ကျော် ပါဝင်ဆင်နွှဲနိုင်ပြီး ငွေကုန်ကြေးကျသက်သက်သာသာနဲ့ လှဆုံးအခမ်းအနား အပြင်အဆင်တွေနဲ့အတူ မင်္ဂလာပွဲကြီး ဆင်နွှဲရမည့်အပြင် အခြားစိတ်ဝင်စားစရာအစီအစဉ်တွေနဲ့ ကံစမ်းမဲအစီအစဉ်တွေကိုပါ ထည့်သွင်းထားပါတယ်။ ဒီပွဲမှာ မင်္ဂလာစုံတွဲတွေက အနောက်တိုင်းဝတ်စုံ ဒါမှမဟုတ် မြန်မာထိုင်မသိမ်းဝတ်စုံ တို့ဖြင့် ကိုယ်ကြိုက်နှစ်သက်ရာ ဝတ်စုံတို့ကို ရွေးချယ် ဝတ်ဆင်မင်္ဂလာဆောင်နိုင်ပါတယ်။ 

ဒီအတွက် ပါဝင်ဆင်နွှဲမယ့် မင်္ဂလာမောင်နှံများဘက်မှ ငွေကျပ်(၁၈)သိန်းပေးသွင်းရမှာဖြစ်ပြီး ငွေကျပ် (၁၈)သိန်းထဲတွင်

  • ဖိတ်စာ အစောင် (၂၀)
  • မင်္ဂလာအခမ်းအနားအပြင်အဆင်
  • မင်္ဂလာအခမ်းအနားမှူး
  • မင်္ဂလာဝတ်စုံ (ထိုင်မသိမ်းဝတ်စုံ (သို့) အနောက်တိုင်းဝတ်စုံ)
  • မိတ်ကပ် နှင့် ဆံပင် အပြင်အဆင်
  • မင်္ဂလာလက်ကိုင်ပန်း နှင့် မင်္ဂလာပန်းအပြင်အဆင်
  • ဧည့်သည် အယောက် ၂၀ စာအတွက် အစားအသောက်
  • Honeymoon ခရီးစဉ်  နှင့်
  • မင်္ဂလာအခမ်းအနားတစ်ခုစာ Video CD နှင့် မင်္ဂလာဓာတ်ပုံတစ်ပုံ တို့ အားလုံးပါဝင်မှာဖြစ်ပါတယ်။

မင်္ဂလာအခမ်းအနားမှူးကို ဦးသိန်းလှမော်နှင့်ကိုဇင်အောင်၊ မင်္ဂလာဝတ်စုံအတွက် ဒီဇိုင်နာပြည်စိုးအောင် (မြန်မာထိုင်မသိမ်း), YES I DO (အနောက်တိုင်းဝတ်စုံ)၊ မင်္ဂလာမိတ်ကပ်အတွက် Hello Hair & Beauty မှ မချို, မခိုင်၊ မိတ်ကပ်လင်းလင်း၊ မင်္ဂလာတေးသီချင်းများအတွက် အဆိုတော် Ar-T နှင့် Jewel တို့အပြင် ပျော်ရွင်စရာ ဂိမ်းအစီအစဉ်များအတွက် နာမည်ကြီး Presenter ဇော်ထက်နဲ့ မှူးသီဟသူတို့မှ အသီးသီး တာဝန်ယူတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်

ထူးခြားတဲ့ အစီအစဉ်တွေအနေနဲ့ 

ပါဝင်ကြတဲ့ ဆိုင်ခန်းတွေက Discount အစီအစဉ်တွေ အပြင် စုံတွဲတွေအတွက် Lucky Draw အနေနဲ့  Marry Myanmar မှ မင်္ဂလာလက်စွပ်ကို ကံစမ်းပေးသွားမှာ ဖြစ်ပါတယ်။ Game အစီအစဉ်များ၊  ဆုချီးမြင့်ပွဲများနဲ့အတူ Marry Choice Award တို့ကိုလည်း မင်္ဂလာစုံတွဲများအတွက် ချီးမြင့်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် သူငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါးပါးမင်္ဂလာဆောင်လိုသူများ၊ မင်္ဂလာပွဲအတွက်ငွေကြေးသက်သာလိုသူများ၊ ခမ်းခမ်းနားနား မင်္ဂလာဆောင်ချင်တဲ့သူများအားလုံးပါဝင်သင့်တဲ့ Marry Love Day 2019 ကိုပါဝင်ချင်တယ်ဆိုရင်တော့ Marry Myanmar ရဲ့ ဖုန်း ၀၉၂၆၆၁၁၆၂၀၈နဲ့ ၀၉၂၆၆၁၁၆၂၀၉ တို့ကို ဆက်သွယ်မေးမြန်းနိုင်သလို ရုံးလိပ်စာဖြစ်တဲ့ အမှတ် (၄၉၇)၊ ဒိုင်းမွန်းကွန်ဒို (ပထမထပ်)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာလည်း လူကိုယ်တိုင် လာရောက်စုံစမ်းနိုင်ပါလို့ သတင်းကောင်းပါးချင်ပါတယ်။

From Marry with

Comments

0 comments
Latest video