Advertisement

ပထမအကြိမ်မှာတုန်းကလည်း ကျွန်တော် အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ပေးခဲ့တယ်ပေါ့။ ဒီပွဲမှာ ပါဝင်ခဲ့ရတာ အရမ်းကို ဝမ်းသာပါတယ်

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့အတွက် အကြံဥာဏ်ကောင်းတွေနဲ့ အချက်အလက်တွေ အမြဲ ဝေမျှပေးနေတဲ့ Marry Myanmar ဟာ ခုဆိုရင် ဒုတိယအကြိမ်မြောက် Marry Wedding Day (ရိုးမြေကျမင်းနဲ့အတူ) ပွဲကြီးကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်မယ့် Presenter ဇော်ထက်ကလည်း သူ့ရဲ့ ရင်ခုန်သံတွေကို ခုလိုပဲ ပြောပြထားပါတယ်။

MC ဇော်ထက်

 www.marry.com.mm က ဒုတိယ အကြိမ်မြောက် ကျင်းပတဲ့ Marry Wedding Day 2019 ကို နိုဗိုတယ် ဟိုတယ် ဇွန်လ (၈၊ ၉) နှစ်ရက်မှာ ကြီးကြီးကျယ်ကျယ် ကျင်းပသွားမှာပါ။ ပထမအကြိမ်မှာတုန်းကလည်း ကျွန်တော် အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ပေးခဲ့တယ်ပေါ့။ ဒီပွဲမှာ ပါဝင်ခဲ့ရတာ အရမ်းကို ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ဒါ မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံး Wedding Fair တစ်ခုလည်း ဖြစ်တယ်။ နောက်ပြီး မင်္ဂလာဇနီးမောင်နှံလေးတွေအတွက် ပွဲလေး လုပ်ရတာကိုလည်း ပျော်တယ်”

ပွဲကိုလာကြတဲ့သူတွေထဲမှာ မင်္ဂလာဆောင်မယ့် စုံတွဲလေးတွေ များတယ်ပေါ့။ သူတို့ကို ကြည့်ပြီးတော့ ကိုယ်ကပါ သူ့ရဲ့အပျော်တွေ ကူးစက်ပါတယ်။ ဘယ်လို Pre wedding လေးတွေ ရိုက်ကြမယ်၊ ဘယ်လို မိတ်ကပ်အပြင်အဆင်လေးတွေ ပြင်ကြမယ်ဆိုပြီး စီစဉ်ကြတဲ့ အပျော်လေးတွေက ကိုယ့်ကိုပါ ကူးစက်စေလို့ ဒီပွဲမှာ ပါဝင်ခွင့်ရတာ အရမ်းကို ပျော်ပါတယ်။

ဒီပွဲမှာ မင်္ဂလာပွဲနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု အားလုံး One stop ရှိနေမှာပါ။ တကယ့်ကို အမိုက်စား Theme နဲ့ ပြင်ဆင်ထားတာမို့ ဇွန်လ (၈၊၉) ရက်နေ့မှာ နိုဗိုတယ်ကို လာဖို့ ဖိတ်ခေါ်ပါတယ်” လို့ သူရဲ့ ရင်ခုန်သံကို ပြောပြထားပါတယ်။

ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းဖက်နိုင်ဖို့ဆိုတာ ချစ်မိသူတိုင်း ချစ်တတ်သူတိုင်းရဲ့ နှလုံးသားထဲက ဆန္ဒတစ်စုံမဟုတ်လား။ဒီတော့ အချိန်တွေဘယ်လိုပြောင်းပြောင်း အချစ်တွေဘယ်တော့မှပြောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုသူတွေအားလုံးကို “ရိုးမြေကျ မင်းနဲ့အတူ” ဆိုတဲ့ Marry Wedding Day 2019 ပွဲကြီးမှ ဖိတ်ခေါ်လိုက်ပါရစေ။

Marry Wedding Day 2019 ပွဲကြီးက အချိန်တွေပြောင်းရင်တောင် အချစ်တွေဟောင်းမသွားတဲ့အကြောင်းကို ဖန်တီးပုံဖော်ပေးသွားမယ့် ပွဲကြီးပဲဖြစ်ပါတယ်။ ရိုးမြေကျမဲ့ အချစ်စစ်တွေကို ဘယ်လိုဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထုဆစ် ပြသသွားမလဲ ဆိုတာကိုတော့ ဒီပွဲကြီးမှာ လာရောက်ကြည့်ရှုလိုက်နော်။

ဒီပွဲကြီးမှာ …..

  • Bride to Be
  • Surprise Proposal
  •  Groom & Bride photo shooting with parents
  •  Gala Night Show

တို့အပြင် တခြားသော ထူးခြားတဲ့ အစီအစဉ်များစွာနဲ့အတူ ၊ Health Talk ၊ Beauty Talk အစီအစဉ်နှင့် ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အကောင်းဆုံး အတန်ဆုံး အထူး Promotion များ၊ တစ်ခုဝယ်ပြီးတိုင်း တစ်ခါကံစမ်းနိုင်တဲ့ Digital Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ကျင်းပမယ့် နေ့ရက်တွေက …

နေ့ရက် : JUNE 8 & 9 (Sat & Sun)
အချိန် : 9:00 AM to 8 PM
နေရာ : Novotel Yangon Max Hotel
ဝင်ကြေး : ? http://bit.ly/2LFtdkP ? ဒီလင့်လေးထဲမှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်။

 

Comments

0 comments
Advertisement