Marry Myanmar ကနေ တတိယ အကြိမ်မြောက် ကျင်းပခဲ့တဲ့ မန်းမြေမှ ချစ်သက်သေပွဲကြီးကို မန္တလေးမြို့ MCC ခန်းမမှာ နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ ဒီပွဲကြီးကို စုံတွဲပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး အစီအစဉ်ကောင်းတွေနဲ့ စုံတွဲလေးတို့ ပျော်ရွှင်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။
ဒီပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားကိုတော့ Marry Myanmar မှ တာဝန်ရှိသူများ၊ Diamond Sponsor အဖြစ် တာဝန်ယူပေးထားတဲ့ ရွှေနန်းတော်မှ တာဝန်ရှိသူတွေနဲ့ နာမည်ကြီး ဒီဇိုင်နာတွေ ဖြစ်တဲ့ ဒီဇိုင်နာ မျိုးမင်းစိုးနဲ့ ဒီဇိုင်နာ သဲစန္ဒီဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးဆုံးပြီးနောက်မှာတော့ အကအလှ ဖျော်ဖြေ တင်ဆက်ခဲ့ပြီး ပွဲလာဧည့်သည်တွေလည်း ပျော်ရွှင်ကြည်နူးခဲ့ကြပါတယ်။ နောက်ပြီး မင်္ဂလာဆောင်မယ့် စုံတွဲလေးတွေအတွက် လိုအပ်တဲ့ အကြံဥာဏ်တွေ ပေးတဲ့ Talk Show အစီအစဉ်လည်း ပါဝင်ခဲ့ပါသေးတယ်။
ဒီပွဲကြီးမှာ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် မအေးသောင်း၊ နန်းဆုရတီစိုးနဲ့ မေမြင့်မိုရ်တို့ကလည်း ပရိသတ်တွေနဲ့ တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့တဲ့အပြင် ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ မင်္ဂလာဝတ်စုံ ဖန်တီးမှုကိုလည်း ဝတ်ဆင်ပြသခဲ့ပါသေးတယ်။
ဒီပွဲကြီးမှာ အလှဆုံး သတို့သားနဲ့ သတို့သမီးလေးအဖြစ် ပြင်ဆင်ပြီး Pre wedding ဓါတ်ပုံရိုက်ခွင့်ရရှိတဲ့ Bride To Be အစီအစဉ်မှာလည်း စုံတွဲပေါင်း(၅၀) ကျော် ပါဝင်ခဲ့ကြပြီး ထိုင်မသိမ်း၊ အနောက်တိုင်း ဝတ်စုံတွေနဲ့ တကယ့်ကို လှပပျော်ရွှင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
နောက်ပြီး ပွဲကို တက်ရောက်လာသူတွေအတွက် လက်ဆောင်တွေ၊ ကံစမ်းမဲ ဖောက်ပေးတာတွေနဲ့ တကယ့်ကို ရင်ခုန်စရာကောင်းတဲ့အပြင် Retro Theme နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်နာတွေရဲ့ ဝတ်စုံတွေကို ဝတ်ဆင်ပြသခဲ့တဲ့ Show ပွဲကြီးလည်း ပါဝင်ခဲ့ပါသေးတယ်။
သြဂုတ်လ (၂၄၊၂၅) နှစ်ရက်တိုင်တိုင် MCC ခန်းမမှာ ကျင်းပခဲ့တဲ့ Marry Wedding Day (2019) မန်းမြေမှ ချစ်သက်သေ ပွဲကြီးဟာဆိုရင် စည်ကားသိုက်မြိုက်စွာ အောင်မြင်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။
Comments