နားလည်မှုအပြည့်နဲ့ ဘုရားသွားကျောင်းတက်ဇနီးမောင်နှံ Ah Boy နဲ့ မြတ်ရတနာကျော်

by: Phyo Pyae Thu
 0 comments  0 love

ပုံလေးတွေကတော့ ရွှေတိဂုံဘုရားမှာ နှစ်ယောက်သား ကုသိုလ်အတူတူ လုပ်နေတဲ့ပုံလေးတွေပါ။ တကယ့်ကို ကြည်နူးစရာ ကောင်းပြီး ပျော်ရွှင်စရာ ပုံရိပ်လေးတွေပါပဲနော်။

တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြပြီး Ro လွန်းတဲ့ အနုပညာရှင် စုံတွဲတွေထဲမှာ Ah Boy နဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးလည်း ပါဝင်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ နားလည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ဆည်းလည်းလေး ဖြစ်တဲ့ သမီးလေးလည်း ရှိပါသေးတယ်။

“ကျနော်တို့ နှစ်ယောက်က ကိုးကွယ်တဲ့ ဘာသာမတူကြဘူး။ ဒါပေမယ့် ကျနော် ဘုန်းကြီးဆွမ်းကပ်တာတို့၊ ဘုရားသွားတာတို့ဆိုရင် သူလိုက်ပေးသလို… သူ ဘုရားကျောင်းသွားရင်လည်း ကျနော် လိုက်စောင့်ပေးတယ်။ သမီးလေး Scarlett ကတော့ ကျနော်တို့ နှစ်ယောက်ဘယ်သွားသွားလိုက်တယ်။ ♥️👨‍👩‍👧” လို့လည်း သူ့ရဲ့ facebook acc မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ပုံလေးတွေကတော့ ရွှေတိဂုံဘုရားမှာ နှစ်ယောက်သား ကုသိုလ်အတူတူ လုပ်နေတဲ့ပုံလေးတွေပါ။ တကယ့်ကို ကြည်နူးစရာ ကောင်းပြီး ပျော်ရွှင်စရာ ပုံရိပ်လေးတွေပါပဲနော်။

Photo: Kyaw Phyo Tun’s facebook

From Marry with

Tag: newscelebrity

Comments

0 comments
Latest video
Refer to more useful articles