ဖြူလွနေတဲ့မင်္ဂလာဝတ်စုံနဲ့ ရွှေထူး၊ ရွှေမှုန်ရတီစုံတွဲတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေ

by: Phyo Pyae Thu
 0 comments  1 love

ချစ်သူတွေကနေတဆင့် အကြင်လင်မယားအဖြစ် တက်လှမ်းခဲ့ကြတဲ့ စုံတွဲလေးတွေထဲမှာ ရွှေနှစ်ရွှေလို့ ပရိတ်သတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော်ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုန်ရတီ တို့ စုံတွဲလေးလည်း ပါဝင်ပါတယ်နော်။ ရွှေထူးနဲ့ ရွှေမှုန်ရတီစုံတွဲလေးတို့ဟာ အောက်တိုဘာ (၃၀) ရက်နေ့က လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပြီး သူတို့နှစ်ဦး မင်္ဂလာလက်မှတ်ထိုးပွဲမှာ ပျော်ရွှင်ကြည်နူးနေကြတဲ့ ပုံရိပ်လေးတွေကိုလည်း သူတို့ရဲ့ အကောင့်တွေက တဆင့် မျှဝေခဲ့ကြပါသေးတယ်။

ဖက်ရှင် အမျိုးမျိုးနဲ့ လှပတဲ့ ရွှေမှုန်ရတီဟာ သူမရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာလည်း သူမတူအောင် တမူထူးခြားပြီး လှပနေပါတယ်။ ကျက်သရေ ရှိလှတဲ့ အဖြူရောင် မင်္ဂလာဝတ်စုံကို ခေတ်မီတဲ့ ဒီဇိုင်းလေးနဲ့ ရောစပ် ဝတ်ဆင်ထားတာ ဖြစ်ပြီး ဆံထုံးလေးကိုလည်း ရိုးရှင်းစွာ ထုံးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံး ဦးခေါင်းကနေ ခြေဖျားထိ အဖြူရောင်ဆင်မြန်းထားတာဖြစ်ပြီး ရွှေမှုန်ရတီရဲ့ သတို့သမီး လက်ကိုင်ပန်းလေးကလည်း နှင်းပန်းအဖြူလေးနဲ့ နှင်းဆီပန်း အဖြူလေး ရောစပ်ထားတာဖြစ်ပါတယ်။ အခမ်းအနားရဲ့ အပြင်အဆင်တွေကလည်း အဖြူရောင်တွေပဲ သုံးထားတာကြောင့် သတို့သမီးလေး ရွှေမှုန်ရတီရဲ့ အလှကို ပိုလှအောင် ထောက်ပံ့ပေးထားတယ်လို့ ဆိုနိုင်ပါတယ်။

ကျက်သရေရှိစွာ လှပနေတဲ့ ရွှေနှစ်ရွှေရဲ့ သတို့သားဝတ်စုံကို ဒီဇိုင်နာ မျိုးမင်းစိုးက ဖန်တီးချုပ်ပေးထားတာဖြစ်ပြီး သတို့သမီးဝတ်စုံလေးကတော့ ဒီဇိုင်နာ ကောင်းမြတ်(couture) ပဲ ဖြစ်ပါတယ်။ မင်္ဂလာလက်မှတ်ထိုးပွဲမှာ လှပတဲ့ သတို့သမီးလေးဖြစ်ဖို့ မိတ်ကပ်ပြင်ဆင်ပေးတဲ့သူကတော့ April Thuta ပဲ ဖြစ်ပါတယ်။

မင်္ဂလာဧည့်ခံညစာစားပွဲကို လာမယ့် နိုဝင်ဘာလ (၁၁) ရက်နေ့၊ တနင်္ဂနွေနေ့ Inya Lake Hotel ရန်ကုန်မြို့ မှာ ကျင်းပမယ်လို့လည်း ဆိုထားပါတယ်။ အဖြူရောင် သတို့သား၊ သတို့သမီးလေးတွေဖြစ်တဲ့ ရွှေနှစ်ရွှေရဲ့ ကြည်နူးစရာ မင်္ဂလာလက်မှတ်ထိုး ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

From Marry with


Comments

0 comments
Latest video