Advertisement

ဇွန်လ(၈၊၉) နှစ်ရက်တိုင်တိုင် နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့တဲ့ Marry Wedding Day (2019) ရိုးမြေကျမင်းနဲ့အတူ ပွဲကြီးဟာဆိုရင် စည်ကားသိုက်မြိုက်စွာ အောင်မြင်ပြီးစီးခဲ့ပြီဖြစ်ပါတယ်

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့အတွက် အကြံဥာဏ်ကောင်းတွေနဲ့ အချက်အလက်ကောင်းတွေ အမြဲတမ်း တင်ဆက်ဖော်ပြပေးနေတဲ့ Marry Myanmar က ကြီးမှူးကျင်းပခဲ့တဲ့ Marry Wedding Day (2019) ပွဲကြီးကတော့ ကြီးကျယ်ခမ်းနားစွာ အောင်မြင်ပြီးဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။  Novotel Hotel မှာ ဇွန်လ (၈၊၉) နှစ်ရက်တိုင်တိုင် ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲကြီးကို စုံတွဲလေးပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး အစီအစဉ်ကောင်းတွေနဲ့ စုံတွဲလေးတို့ ပျော်ရွှင်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဒီပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားကိုတော့ Marry Myanmar မှ တာဝန်ရှိသူများ၊ Venue Sponsor အဖြစ်ပါဝင်တဲ့ Novotel Yangon Mazမှ တာဝန်ရှိသူတွေအပြင် Diamond Sponsor အဖြစ် တာဝန်ယူပေးထားတဲ့ ရွှေနန်းတော်မှ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Talk Show အစီအစဉ်

ဒီပွဲကြီးမှာ အလှဆုံး သတို့သားနဲ့ သတို့သမီးလေးအဖြစ် ပြင်ဆင်ပြီး Pre wedding ဓါတ်ပုံရိုက်ခွင့်ရရှိတဲ့ Bride To Be အစီအစဉ်မှာလည်း စုံတွဲပေါင်း(၁၀၀) ကျော် ပါဝင်ခဲ့ကြပြီး ထိုင်မသိမ်း၊ အနောက်တိုင်း ဝတ်စုံတွေနဲ့ တကယ့်ကို လှပပျော်ရွှင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Lucky Draw အစီအစဉ်တွေ

ဒါ့အပြင် မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့အတွက် ဟန်းနီးမွန်း ထွက်တဲ့အခါ သိသင့်တာတွေ၊ လိုအပ်တဲ့ အချက်လေးတွေ သိစေဖို့အတွက် Talk Show အစီအစဉ်လည်း ပါဝင်ခဲ့ပြီး ဆိုင်ခန်းပေါင်း(၆၀) ကျော်မှာလည်း ဝယ်ယူအားပေးပြီး မင်္ဂလာပွဲအတွက် တစ်ခါတည်း စီစဉ်တာမျိုးလည်းရှိခဲ့ကြပါတယ်။

နောက်ပြီး ပွဲကို တက်ရောက်လာသူတွေအတွက် လက်ဆောင်တွေ၊ ကံစမ်းမဲ ဖောက်ပေးတာတွေနဲ့ တကယ့်ကို ရင်ခုန်စရာကောင်းတဲ့အပြင် Retro Theme နဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေ ဝတ်ဆင်ပြသခဲ့တဲ့ Show ပွဲကြီးလည်း ပါဝင်ခဲ့ပါသေးတယ်။

ဇွန်လ(၈၊၉) နှစ်ရက်တိုင်တိုင် နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့တဲ့ Marry Wedding Day (2019) ရိုးမြေကျမင်းနဲ့အတူ ပွဲကြီးဟာဆိုရင် စည်ကားသိုက်မြိုက်စွာ အောင်မြင်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

 

Comments

0 comments