Advertisement
မင်္ဂလာပွဲကျင်းပမယ့် ရက်သတ်မှတ်လိုက်ပြီဖြစ်တဲ့ Park Shin Hye တို့စုံတွဲ

Park Shin Hye နဲ့ Choi Tae Joon တို့ဟာ အခုလာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မင်္ဂလာပွဲကို ကျင်းပဖို့ ရှိတယ် လို့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ သိရပါတယ်

သူတို့နှစ်ယောက်ဟာဆိုရင် လွန်ခဲ့တဲ့ ၄ နှစ်လောက်တည်းက ချစ်ကျွမ်းဝင်ခဲ့ကြတာ ဖြစ်ပြီး အခုဆိုရင် Park Shin Hye မှာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်တယ် ဆိုတာကိုလည်း သူမကိုယ်တိုင်ပဲ ချစ်ရတဲ့ ပရိသတ်တွေထံကို အသိပေးပြောထားခဲ့ပြီးလည်း ဖြစ်ပါတယ်

သူတို့ရဲ့ မင်္ဂလာပွဲအခမ်းအနားကိုတော့ ဆိုးလ်မြို့မှာ ရှိတဲ့ ဘုရားကျောင်းတစ်ခုမှာ ကျင်းပမှာ ဖြစ်ပြီး ကိုရီးယားစံတော်ချိန် မနက် ၁၁နာရီခွဲ ပြုလုပ်မှာ ဖြစ်တယ်လို့လည်း ဖော်ပြထားတဲ့ သတင်းအရသိပါတယ်

Comments

0 comments