Marry Wedding Day 2019 – ရိုးမြေကျ မင်းနဲ့အတူ ပွဲကြီး စာနယ်ဇင်း ရှင်းလင်းပွဲ

by: Phyo Pyae Thu
 0 comments  0 love

ဒီစာနယ်ဇင်း ရှင်းလင်းပွဲကို မီဒီယာပေါင်း များစွာကလည်း တက်ရောက်ခဲ့ကြပြီး အနုပညာရှင်အချို့လည်း တက်ရောက်ခဲ့ကြပါတယ်

မင်္ဂလာဆောင်မယ့် မင်္ဂလာမောင်နှံလေးတို့အတွက် အကောင်းဆုံး အကြံဥာဏ်တွေနဲ့ ဖန်တီးမှု အသစ်တွေ အမြဲ ရှိနေတဲ့ Marry Myanmar ကနေ “ရိုးမြေကျမင်းနဲ့အတူ Marry Wedding Day (2019) ” ပွဲကြီး ပြုလုပ်ရတဲ့ ရည်ရွယ်ချက်အကြောင်းကို (၂၃.၅.၂၀၁၉) ခုနှစ် နိုဗိုတယ်ဟိုတယ်မှာ စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ဒီပွဲကြီးမှာ နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာတွေ ဖြစ်တဲ့  ဒီဇိုင်နာ မမဉ္ဇူ (Zu Zu Collection)၊ ဒီဇိုင်နာ ပြည်စိုးအောင်၊ ဒီဇိုင်နာ မပုံ့ (My Favorite)၊ ဒီဇိုင်နာ သွင်စုထွေးတို့အပြင် နာမည်ကြီး မိတ်ကပ်ပညာရှင်ဖြစ်တွေ ဖြစ်တဲ့ မိတ်ကပ်မထက် (Pop Soul) နဲ့ Hello မှ  မချို၊ မခိုင် တို့ရဲ့ သတို့သမီး ပြင်ဆင်ခြယ်သမှုတွေ၊ ဝတ်စုံဖန်တီးမှုတွေ ပါဝင်ပြသမြင်တွေ့ခွင့် ရမယ်လို့ သိရပါတယ်။

တက်ရောက်ခဲ့ကြတဲ့ မီဒီယာများ

“ရိုးမြေကျမင်းနဲ့အတူ Marry Wedding Day (2019) ပွဲကြီးကို နိုဗိုတယ်ဟိုတယ် ဇွန်လ (၈၊ ၉) ရက် နှစ်ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်ပြီး ပွဲကြီးကို တက်ရောက်မယ့် စုံတွဲလေးတို့ အနေနဲ့ အခမဲ့တက်ရောက်နိုင်မယ့်အပြင်  ဆိုင်ခန်းပေါင်းများစွာရဲ့ Discount တွေလည်း ရရှိမှာ ဖြစ်တယ်လို့လည်း စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီစာနယ်ဇင်းရှင်းလင်းပွဲမှာတော့ ဓါတ်ပုံနဲ့ဗီဒီယို ရိုက်ကူးမှုကို Kingsman Photo Club မှ တာဝန်ယူပေးထားပြီး ပန်းပြင်ဆင်မှုနဲ့ Photo booth အတွက်ကိုတော့ Flowers by Ashley မှ ကူညီပံ့ပိုးပေးထားပါတယ်။

ဒီစာနယ်ဇင်း ရှင်းလင်းပွဲကို မီဒီယာပေါင်း များစွာကလည်း တက်ရောက်ခဲ့ကြပြီး အနုပညာရှင်အချို့လည်း တက်ရောက်ခဲ့ကြပါတယ်။ နောက်ပြီး  “ရိုးမြေကျမင်းနဲ့အတူ Marry Wedding Day (2019) ပွဲကြီးမှာ သတို့သမီးလောင်းလေးတို့အတွက် Bride to Be အစီအစဉ်နဲ့ Lucky Draw အစီအစဉ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းဖက်နိုင်ဖို့ဆိုတာ ချစ်မိသူတိုင်း ချစ်တတ်သူတိုင်းရဲ့ နှလုံးသားထဲက ဆန္ဒတစ်စုံမဟုတ်လား။ဒီတော့ အချိန်တွေဘယ်လိုပြောင်းပြောင်း အချစ်တွေဘယ်တော့မှပြောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုသူတွေအားလုံးကို “ရိုးမြေကျ မင်းနဲ့အတူ” ဆိုတဲ့ Marry Wedding Day 2019 ပွဲကြီးမှ ဖိတ်ခေါ်လိုက်ပါရစေ။

Marry Wedding Day 2019 ပွဲကြီးက အချိန်တွေပြောင်းရင်တောင် အချစ်တွေဟောင်းမသွားတဲ့အကြောင်းကို ဖန်တီးပုံဖော်ပေးသွားမယ့် ပွဲကြီးပဲဖြစ်ပါတယ်။ ရိုးမြေကျမဲ့ အချစ်စစ်တွေကို ဘယ်လိုဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထုဆစ် ပြသသွားမလဲ ဆိုတာကိုတော့ ဒီပွဲကြီးမှာ လာရောက်ကြည့်ရှုလိုက်နော်။

ဒီပွဲကြီးမှာ …..

  • Bride to Be
  • Surprise Proposal
  •  Groom & Bride photo shooting with parents
  •  Gala Night Show

တို့အပြင် တခြားသော ထူးခြားတဲ့ အစီအစဉ်များစွာနဲ့အတူ ၊ Health Talk ၊ Beauty Talk အစီအစဉ်နှင့် ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အကောင်းဆုံး အတန်ဆုံး အထူး Promotion များ၊ တစ်ခုဝယ်ပြီးတိုင်း တစ်ခါကံစမ်းနိုင်တဲ့ Digital Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ကျင်းပမယ့် နေ့ရက်တွေက …

နေ့ရက် : JUNE 8 & 9 (Sat & Sun)
အချိန် : 9:00 AM to 8 PM
နေရာ : Novotel Yangon Max Hotel
ဝင်ကြေး : 👉 http://bit.ly/2LFtdkP 👈 ဒီလင့်လေးထဲမှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords