ချစ်သူကို Surprise Propose လုပ်ချင်တဲ့သူတွေအတွက် Marry Wedding Day ရဲ့ Surprise Proposal

by: Phyo Pyae Thu
 0 comments  0 love

အကောင်းဆုံး အစီအစဉ်အဖြစ် ထည့်သွင်းပေးထားတာ ဖြစ်ပြီး နိုဗိုတယ်ဟိုတယ် ဇွန်လ (၈၊ ၉) ရက်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပမှာ ဖြစ်ပါတယ်

ချစ်သူလေးတွေကြားထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် Surprise လုပ်ပေးကြတယ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ကြူးနည်းတစ်မျိုး ဖြစ်သလို နှစ်ယောက်စလုံး ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပျော်ရွှင်ရတဲ့ အစီအစဉ်လေးဆိုလည်း မမှားပါဘူး။ ချစ်သူလေးကို Surprise လုပ်ပေးနေကြ အစီအစဉ်လေးထဲကမှ propose အစီအစဉ်ဆိုတာကတော့ ပိုပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းမှာပါ။ ဒီလိုမျိုး ချစ်သူလေးကို  Surprise လုပ်ပေးချင်တဲ့သူတွေအတွက် Marry က ကြီးမှူးကျင်းပတဲ့ Marry Wedding Day (2019) မှာ Surprise Proposal ဆိုတဲ့  ကဏ္ဍလေး ပါဝင်ပါတယ်။

Surprise Proposal

 

ဘယ်လို ပါဝင်နိုင်မလဲ

ချစ်သူလေးကို Surprise Propose လုပ်ချင်တဲ့ စုံတွဲလေးတိုင်း ပါဝင်ချင်တယ်ဆိုရင်တော့  bit.ly/2LFW2xz ထဲမှာ ချစ်သူလေးရဲ့ အချစ်ဇာတ်လမ်းကို ရေးသားဖော်ပြရမှာ ဖြစ်ပါတယ်။ စုံတွဲလေးတို့ရဲ့ အချက်အလက် အကြောင်းအရာ မှန်မှန်လေး သေချာ ဖြည့်စွက်ပြီး Romantic ဆန်ဆန်လေး ရေးသားဖော်ပြရမှာပါ။ အဲဒီလို ရေးသားဖော်ပြထားတဲ့ အချစ်ဇာတ်လမ်းတွေထဲကမှ Romantic အဆန်ဆုံး စုံတွဲလေးကို Marry က ရွေးချယ်ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။

ဖိတ်ကြားလွှာ

ရွေးချယ်ခံရပြီဆိုရင်

ဒီအစီအစဉ်လေးမှာ ပါဝင်ဖို့ ရွေးချယ်ခံရပြီဆိုရင်တော့ Marry ရဲ့ အခမ်းနားဆုံး Setting ကြားထဲမှာ ချစ်သူလေးကို  Surprise Propose လုပ်ခွင့်ရမှာ ဖြစ်ပါတယ်နော်။ ကိုယ့်ချစ်သူလေးကိုတော့ အသိမပေးဘဲ ပွဲကို ခေါ်လာနိုင်ဖို့ လိုတယ်နော်။ ဒါမှ ချစ်သူလေးက Surprise ဖြစ်မှာပါ။

ဒီအစီအစဉ်လေးကိုတော့ Marry Wedding Day (2019) ရိုးမြေကျ မင်းနဲ့အတူ ပွဲလေးမှာ အကောင်းဆုံး အစီအစဉ်အဖြစ် ထည့်သွင်းပေးထားတာ ဖြစ်ပြီး နိုဗိုတယ်ဟိုတယ် ဇွန်လ (၈၊ ၉) ရက်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပမှာ ဖြစ်ပါတယ်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords