Advertisement
Texas ပြည်နယ် Uvalde မြို့မှာ မူလတန်းကျောင်းအတွင်း သေနတ်နဲ့ပစ်ခတ်

ကလေး ၁၄ ယောက်နဲ့ ဆရာမတစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်တဲ့ ကလေး၄ယောက်နဲ့ လူကြီး ၂ယောက်က ဆေးရုံရောက်မှ ဆုံးပါးသွားခဲ့ကြပါတယ်။

Texas ပြည်နယ် Ubalde ယူဘာလ်ဒီမြို့မှာရှိတဲ့ မူလတန်းကျောင်းကို အသက် ၁၈နှစ်အရွယ် လူငယ်တစ်ယောက်က သေနတ်နဲ့ ဝင်ပစ်ခဲ့တဲ့အတွက် ကျောင်းသား ကလေးငယ် ၁၈ယောက်နဲ့ ဆရာမအပါအဝင်လူကြီး ၃ယောက် အကြောင်းမဲ့ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။
Salvador Ramos လို့ခေါ်တဲ့ အသက် ၁၈နှစ်အရွယ် လူငယ်ဟာ ယူဘာလ်ဒီမြို့မှာနေထိုင်တဲ့ resident တစ်ယောက်ပါ။ ကျောင်းကို မလာခင်မှာ သူ့ရဲ့ အဖွားကို အရင်ပစ်ခဲ့တာလို့ သိရပါတယ်။ ကလေး ၁၄ ယောက်နဲ့ ဆရာမတစ်ယောက်က နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ကျန်တဲ့ ကလေး၄ယောက်နဲ့ လူကြီး ၂ယောက်က ဆေးရုံရောက်မှ ဆုံးပါးသွားခဲ့ကြပါတယ်။ ကျန်တဲ့ ပြင်းပြင်းထန်ထန်ဒဏ်ရာရ လူနာတွေ ရှိနေပြီး အခြေအနေစောင့်ကြည့်နေဆဲပါ။ ပစ်တဲ့သူကိုလည်း ရဲက သေနတ်နဲ့ ပစ်ဖမ်းလိုက်ရလို့ ရမ်းကားသေနတ်သမားလူငယ်လည်း ဆုံးသွားခဲ့ပါတယ်။

Comments

0 comments