Advertisement
Lee Jong Suk ပါဝင်မယ့် The Witch:Part 2 ဒီနှစ်ထဲထွက်မယ်
အားလုံးမျှော်နေကြတဲ့ The Witch: Part 2 ကတော့ ဒီနှစ်ထဲမှာထွက်ရှိဖို့ အတည်ပြုလိုက်ပီဖြစ်ပါတယ် ။ ဒီနှစ်ထဲမှာတော့ ထွက်ရှိမှာ သေချာပြီမို့ မျှော်နေကြတဲ့သူတွေအတွက်ကတော့ သတင်းကောင်းပဲ ဖြစ်ပါတယ်
The Witch : Part 1 ကတော့ ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ် ။ ဒီဇာတ်ကားမှာ မင်သမီး Kim Da mi ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပိုလို့ ကြည့်ကောင်းစေခဲ့တဲ့ ဇာတ်ကားတစ်ခု ဖြစ်ခဲ့ပါတယ်
အခု ၂၀၂၂ ခုနှစ်ထဲမှာ ထွက်ရှိမယ့် Part 2 မှာတော့ Lee Jong suk က မင်းသားအနေနဲ့ ပါဝင်မှာမို့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ပိုလို့ရရှိစေမှာ ဖြစ်ပါတယ်
ပရိသတ်ရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ မင်းသား Lee Jong Suk ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေ ကတော့ Doctor Stranger ၊ I can hear your voice ၊ While you were sleeping စတဲ့ ဇာတ်လမ်းတွဲ တွေ အပြင် တခြားပရိသတ်အားပေးမှု အပြည့်ရရှိထားတဲ့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်

Comments

0 comments