ခမ်းနားကြီးကျယ်စွာ အောင်မြင်ခဲ့တဲ့ Wedding Evolution Show ပွဲကြီး

by: Phyo Pyae Thu
 0 comments  0 love

ဒီပွဲကြီးမှာ ထူးခြားဆန်းသစ်တဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်းတွေနဲ့ လှပလှတဲ့ သတို့သမီး ဝတ်စုံတွေကို အသက်သွင်း ဖန်တီးခဲ့ကြတဲ့သူတွေကတော့ နိုင်ငံကျော်  နာမည်ကြီးဒီဇိုင်နာ မျိုးမင်းစိုးနဲ့ ဒီဇိုင်နာ သဲစန္ဒီဦးတို့ပဲ ဖြစ်ပါတယ်။

မင်္ဂလာဆောင်မယ့် စုံတွဲလေးတွေအတွက် အစီအစဉ်ကောင်းတွေ တင်ဆက်ပေးလေ့ရှိတဲ့ Marry Myanmar က ကြီးမှူးကျင်းပခဲ့တဲ့ ” မန်းမြေမှ ချစ်သက်သေ” ပွဲကြီးရဲ့ Wedding Evolution Show ကြီးကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။ Wedding Evolution Show ကြီးကတော့ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာတွေနဲ့ မင်္ဂလာဝတ်စုံအသစ်အဆန်းတွေကို ချစ်မြတ်နိုးကြတဲ့သူတွေအတွက် တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားအကောင်းဆုံး ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ဒီပွဲကြီးမှာ ထူးခြားဆန်းသစ်တဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်းတွေနဲ့ လှပလှတဲ့ သတို့သမီး ဝတ်စုံတွေကို အသက်သွင်း ဖန်တီးခဲ့ကြတဲ့သူတွေကတော့ နိုင်ငံကျော်  နာမည်ကြီးဒီဇိုင်နာ မျိုးမင်းစိုးနဲ့ ဒီဇိုင်နာ သဲစန္ဒီဦးတို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဝတ်စုံအလှတွေနဲ့ သရုပ်ဆောင် မအေးသောင်း၊ နန်းဆုရတီစိုးနဲ့ မေမြင့်မိုရ်တို့ရဲ့ အလှနဲ့ ပေါင်းပြီး ထပ်ဆင့်အလှကျူးခဲ့ကြပါသေးတယ်။

Wedding Evolution Show ကြီးကို

ဖက်ရှင်ချစ်ကြတဲ့သူတွေ၊ နာမည်ကျော်ဒီဇိုင်နာတွေအပြင် မင်္ဂလာဆောင်ကြမယ့် သတို့သမီးလောင်းလေးတွေအပြင် အကယ်ဒမီများရှင် ထက်ထက်မိုးဦး၊ ဂုဏ်ရည်အေးကျော်တို့လည်း တက်ရောက်ခဲ့ပါသေးတယ်။ ဒီပွဲကြီးကို နာမည်ကြီး ဒီိဇိုင်နာတွေက ပုံဖော်ပေးခဲ့ကြပြီး မော်ဒယ်လ် အချောအလှလေးတွေက ရင်သပ်ရှူမောဖွယ်ကောင်းလောက်အောင် အလှဆုံး ဖန်တီးပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

Wedding Evolution Show ပွဲကြီးကို (၂) ရက် တိုင်တိုင် ကျင်းပခဲ့တာ ဖြစ်ပြီး ပထမညမှာတော့ ဒီဇိုင်နာ မျိုးမင်းစိုးရဲ့ ခေတ်(၄) ခေတ်ကို ထင်ဟပ်စေတဲ့ မင်္ဂလာဝတ်စုံတွေကို ဖန်တီးပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဒုတိယညမှာတော့ ဒီဇိုင်နာ သဲစန္ဒီဦးရဲ့ အနောက်တိုင်း မင်္ဂလာဝတ်စုံတွေကို ဖန်တီးပြသခဲ့တာ ဖြစ်ပါတယ်။ Marry က ပရိသတ်ကြီးလည်း ဖက်ရှင်လေးတွေ ကြည့်ကြည့်ပါဦးနော်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords