(၇) ကြိမ်မြောက် Aroma Wedding Show ပွဲကြီး အောင်မြင်စွာပြီးဆုံး

by: Phyo Pyae Thu
 0 comments  0 love

Aroma Zulu wedding service ရဲ့ (၇) ကြိမ်မြောက် Wedding fashion show ပွဲကြီးဟာဆိုရင် စည်ကားသိုက်မြိုက်စွာ အောင်မြင်ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

တမူထူးခြား ဆန်းသစ်စွာ ကျင်းပခဲ့ကြတဲ့ Aroma Zulu wedding service ရဲ့ (၇) ကြိမ်မြောက် Wedding fashion show ပွဲကြီးဟာဆိုရင် (၁၄.၁၀.၂၀၁၈) နေ့က စည်ကားသိုက်မြိုက်စွာ အောင်မြင်ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲကြီးမှာ မင်္ဂလာမာင်နှံလေးတွေအတွက် မင်္ဂလာဆောင်ဝန်ဆောင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေနိုင်မယ့် promotion အစီအစဉ်ထူးတွေလည်း ပါဝင်ခဲ့သလို အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေမှု၊ အနုပညာရှင်များစွာ ထိုင်မသိမ်း၊ အနောက်တိုင်း ဝတ်စုံတို့နဲ့ show လျှောက်ခြင်း အစီအစဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။

အနုပညာရှင်တွေ များစွာ တက်ရောက်ခဲ့ပြီး ဒီဇိုင်နာ ကိုအောင်မြတ်သူရဲ့ ဝတ်စုံ ဒီဇိုင်းတွေ ပြသခဲ့သလို Plus size လေးတွေကို ရွေးချယ်တဲ့ အစီအစဉ်ကောင်းလည်း ပါဝင်ခဲ့ပါသေးတယ်။ အစီအစဉ် တင်ဆက်သူအဖြစ် မတင်မိုးလွင်မှ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်ပရိသတ်များစွာလည်း တက်ရောက်ခဲ့ကြပြီး မီဒီယာများစွာမှလည်း တက်ရောက်ခဲ့ကြပါတယ်။ ခမ်းနားလှပပြီး ကျက်သရေရှိတဲ့ မင်္ဂလာဝတ်စုံတွေလည်း အနုပညာရှင်တွေကလည်း ဝတ်ဆင်ခဲ့ကြပြီး မင်္ဂလာမောင်နှံလေးတွေ ရွေးချယ်လို့ရအောင် ခင်းကျင်းပြသတာမျိုးလည်း ရှိပါတယ်။

 

From Marry with


Comments

0 comments
Latest video