တမူထူးခြားဆန်းသစ်စွာ ကျင်းပတော့မယ့် Aroma 7th Anniversary Fashion Show

by: Phyo Pyae Thu
 0 comments  0 love

Aroma ရဲ့ Wedding Fair ပွဲကြီးကို (၁၄.၁၀.၂၀၁၈) နေ့ Gandamar Grand Ballroom မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

သတို့သမီးလေးတို့ရေ မင်္ဂလာဝတ်စုံအတွက် ဒီဇိုင်းဆန်းဆန်း လှလှလေးတွေပဲ ဝတ်ချင်ကြတယ်မလား၊ သတို့သမီးလောင်းလေးတို့ ဝတ်စုံလှလှလေး ရွေးချယ်ကြတဲ့ ဝတ်စုံဒီဇိုင်းလေးတွေထဲမှာ Aroma Zulu Studio က ဝတ်စုံလေးတွေလည်း ပါဝင်ပါတယ်။ ဒီတစ်ခေါက် Aroma က ကျင်းပမယ့် (၇) ကြိမ်မြောက် wedding fair ကြီးမှာလည်း မင်္ဂလာဝတ်စုံ ဒီဇိုင်းဆန်းဆန်းလေးတွေ ပါဝင်မယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Aroma မှ ဒီဇိုင်နာ အောင်မြတ်သူက ပြောပြထားပါသေးတယ်။

မင်္ဂလာဝတ်စုံတွေနဲ့ လိုက်ဖက်ညီအောင် ပြင်ဆင်ထားမယ့် Stage

ဝတ်စုံဒီဇိုင်းပေါင်းများစွာ

(၇) ကြိမ်မြောက် ကျင်းပမယ့် Aroma Wedding Fair မှာတော့ စတိတ်စင်ကအစ သေချာလေး လုပ်ဆောင်ထားပါတယ်။ ဒီလိုမျိုး Stage ကို ခမ်းနားအောင် လုပ်ထားရတဲ့ အကြောင်းကတော့ ဝတ်စုံတွေရဲ့ ခမ်းနားမှုတွေကို ခန့်ခန့်ထည်ထည်လေး ပြချင်တာကြောင့်ပါ။ ပန်းတွေကိုတော့ ဟောင်ကောင်ကနေ မှာယူထားတာဖြစ်ပြီး ပန်းအပြင်အဆင်ကအစ သေချာလေး စီစဉ်ထားတယ်။ ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေအနေနဲ့ ဒီပွဲအပြင်အဆင်ကို ကြည့်ပြီး ပန်းအပြင်အဆင်ကို ခန့်မှန်းသိရှိနိုင်အောင်ပါ။ Stage က အလျား(၂၂၀) အနံ ပေ(၇၀) ကျော် ရှိနေမှာပါ။ ပရိသတ်ကြီး အားပါးတရ မြင်တွေ့ရမှာပါနော်။

အနုပညာရှင်များ

ဒီပွဲလေးကို အနုပညာရှင်ပေါင်း(၂၀၀) ကျော်နဲ့ကျင်းပမှာ ဖြစ်ပြီး အနုပညာရှင်တွေကိုယ်တိုင် မင်္ဂလာဝတ်စုံတွေ ဝတ်ပြီး  Fashion show ပြမှာ ဖြစ်ပါတယ်။ တစ်ယောက်တစ်မျိုးစီ လှနေအောင် ဖန်တီးပေးထားမှာ ဖြစ်ပြီး အရွယ်ပေါင်းစုံ၊ အသားဖြူတဲ့သူ၊ အသားညိုတဲ့သူ အားလုံး မြင်တွေ့လို့ရအောင် ဖန်တီးထားပေးမှာပါ။နောက်ထပ် အစီအစဉ်ကတော့ Plus size show ပဲ ဖြစ်ပါတယ်။ Plus size ပြိုင်ပွဲလေး ကျင်းပပေးမှာ ဖြစ်ပြီး  Plus size သတို့သမီးလောင်းလေးတွေလည်း လှရမယ်ဆိုတဲ့ ယုံကြည်ချက်လေးတွေ ရရှိစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း ပြောပြထားပါတယ်။

အနုပညာရှင်များ

Fashion show လျှောက်မယ့် အနုပညာရှင်တွေရဲ့ မိတ်ကပ်အပြင်အဆင်ကိုလည်း  Aroma က မိတ်ကပ်ဆရာတွေကပဲ လိမ်းပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ညွှန်ပြမှုလေးတွေတော့ ပါဝင်မှာပါလို့ ဆိုထားပါတယ်။ အနုပညာရှင် တစ်ယောက်ချင်းစီနဲ့ လိုက်ဖက်မယ့် မိတ်ကပ်အပြင်အဆင်၊ ဆံထုံးထုံးဖွဲ့မှုတွေကအစ ကျွန်တော်ကိုယ်တိုင် ညွှန်ကြားမှာ ဖြစ်တယ်လို့ Aroma မှ ဒီဇိုင်နာ ကိုအောင်မြတ်သူက ဆိုထားပါတယ်။

အနုပညာရှင်များ

Aroma ရဲ့ Wedding Fair ပွဲကြီးကို (၁၄.၁၀.၂၀၁၈) နေ့ Gandamar Grand Ballroom မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး ဝတ်စုံဒီဇိုင်းပေါင်း (၃၀၀) နီးပါး ပြသမယ့်အပြင် Promotion များစွာ ရှိနေမယ်လို့လည်း ဆိုထားပါတယ်။

From Marry with

Tag: dressadvicenews

Comments

0 comments
Latest video