သရုပ်ဆောင်သူထူးစံတို့စုံတွဲရဲ့ ရွှေ(၂၅) ကျပ်သားနဲ့ပြုလုပ်ထားတဲ့ သိန်း(၂၅၀) တန်လက်ကိုင်ပန်း

by: Phyo Pyae Thu
 0 comments  1 love

သတို့သမီးလေးရဲ့လက်ကိုင်ပန်းကတော့ ရွှေစင်ရွှေသား(၂၅) ကျပ်သားနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး ကျပ်သိန်း(၂၅၀) ဝန်းကျင် ရှိတယ်လို့လည်း ဆိုပါတယ်။

သရုပ်ဆောင် သူထူးစံနဲ့ ထိုက်ဆုဝင်းတို့ မင်္ဂလာပွဲလေးကိုတော့ (၂၂.၂.၂၀၁၉) ရက်နေ့က နိုဗိုတယ် ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲ အပြင်အဆင်ကိုတော့ ရှေးမြန်မာတွေ ပုံစံ Theme လေးနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အနုပညာရှင် မောင်နှမတွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ရွှေရောင် သတို့သား၊ သတို့သမီးဝတ်စုံနဲ့ လှပနေပြီး ကျက်သရေရှိတဲ့ မင်္ဂလာပွဲလေး တစ်ပွဲလည်း ဖြစ်ခဲ့တာပါ။ သတို့သား၊ သတို့သမီးအရံတွေ မပါဘဲ ပန်းကြဲ၊ လက်စွပ်ဗန်းကိုင်စတဲ့ မိန်းမပျိုလေးတွေနဲ့ပဲ မင်္ဂလာပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေရောင် ဝတ်စုံနဲ့ လိုက်ဖက်အောင်လည်း စုံတွဲလေးတို့က ရွှေသားအစစ်တွေနဲ့ လက်ဝတ်လက်စားတွေ ဆင်မြန်းခဲ့သလို ရွေစင်ရွေသားနဲ့ ပြုလုပ်ထားတဲ့ လက်ကိုင်ပန်းကိုလည်း ကိုင်ဆောင်ခဲ့တာပါပဲ ဖြစ်ပါတယ်။

လက်ကိုင်ပန်းကတော့ ရွှေစင်ရွှေသား(၂၅) ကျပ်သားနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး ကျပ်သိန်း(၂၅၀) ဝန်းကျင် ရှိတယ်လို့လည်း ဆိုပါတယ်။ လက်ကိုင်ပန်းလေးရဲ့ အလှကို ကြည့်ကြည့်ရအောင်နော်။

 

photo:Lin R Youne Floral Service & Event

From Marry with


Comments

0 comments
Latest video
Refer to more useful articles