မကြာခင် မင်္ဂလာဆောင်တော့မယ့် လူပျိုကြီး ကိုမောင်မောင်အေး

by: Khin Nyein Lwin
 0 comments  0 love

ကိုမောင်မောင်အေးရဲ့ ကြင်ယာဖက်လောင်းလေးကလည်း သိပ်ကိုချောမောလှပလွန်းတာလည်း တွေ့မြင်နေရပါတယ်

လူပျိုကြီးလို့ လူတိုင်း သိထား၊ ခင်မင်ကြတဲ့ Presenter ကိုမောင်မောင်အေးကတော့ ဒီနှစ်ဝါကျွှတ်မှာ မင်္ဂလာဆောင်တော့မယ်လို သိရပါတယ်နော်။ ဒီသတင်းကို ကိုမောင်မောင်အေး က သူရဲ့ ကိုယ်ပိုင် Facebook စာမျက်နှာမှာ အခုလို ရေးသားဖော်ပြထားပါတယ်။

သီးချိန်တန်လို့သီး.. ပွင့်ချိန်တန်လို့ အာ သွားတယ်လို့သာ မှတ်ကြပါကုန်…

FB ပြင်ပလောကမှာ ခင်မင်ရင်းနှီး သိကျွမ်းချစ်ခင်ကြပါကုန်သော အမျိုးအဆွေများ …. FB မှတဆင့် ခင်မင်ရင်းနှီး သိကျွမ်းချစ်ခင်ခွင့်ရကြပါကုန်သော အမျိုးအဆွေများ နဲ့ ရှေ့လ ( ဒီဇင်ဘာ ၅ ရက်နေ့ ) ဗုဒ္ဓဟူး ညနေ မှာ အရွယ်ရောက်ကာစ လူငယ်လေး ၂ ယောက် ကို မိဘတို့ဝတ္တရားရှိတဲ့အတိုင်း ဘာညာ စမာကလာ ဒွေးနှောယှက်တင်ပြုမယ့်ပွဲအတွက် ရက်အားလေးများ ဖြစ်နိုင်ရင် ချန်ပြုပေးထားကြဖို့ရာ အသိပေးမင်္ဂလာပြုရပါတယ်….

ချစ်ခင်ရပါသောမိတ်ဆွေများအား ဖိတ်ကြားခြင်းအမှုများကိုလည်း များမကြာမီ စတင်နိုင်ဖို့ရာမှာ အကြောင်းအမျိုးမျိုးကြောင့် ဖိတ်ကြားရန်ကျန်ရှိနေမှာစိုးသည့်အတွက် မတ်စိတွင် ” ဟဲ့ အကောင်.. ငါ့ဖိတ်ဖို့မေ့နေဦးမယ်နော်… ကျန်ခဲ့လို့ကတော့ နင့်အမွှေးအကုန် စမုံတုံးပြီသာမှတ် ” လို့ ရေးပို့ပေးကြပါကုန် ….ကျွန်တော်ကချစ်ရသော ကျွန်တော့်ကိုချစ်ကြသော သယ်ရင်း ဘော်ဒါ မိတ်ဆွေ အမျိုးအပေါင်းတို့…….

ကိုမောင်မောင်အေးရဲ့ ကြင်ယာဖက်လောင်းလေးကလည်း သိပ်ကိုချောမောလှပလွန်းတာလည်း တွေ့မြင်နေရပါတယ်။ ဒါကြောင့် အမြဲပျော်ပျော်နေတတ်တဲ့ ကိုမောင်မောင်အေးကို သူငယ်ချင်းအပေါင်းအသင်းများကလည်း စနောက်နေတာတွေလည်း ရှိပါတယ်။

အခုလို မင်္ဂလာဆောင်တော့မယ့် ကိုမောင်မောင်အေးအတွက် Marry မှလည်း အထူး Congratulations ပါလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

From Marry with

Comments

0 comments
Latest video