3D CAD/CAMနဲ့ ကိုယ်ပိုင်ထုတ်လုပ်ရောင်းချပေးမယ့် ရွှေနန်းတော်စိန်ရွှေရတနာဆိုင်

by: Phyo Pyae Thu
 0 comments  0 love

 ခေတ်မီလှပတဲ့ ဒီဇိုင်းဆန်းလေးတွေနဲ့ အဖိုးတန်ရွှေထည်လက်ဝတ်ရတနာ ဝယ်ယူချင်တဲ့ စိန်ရွှေရတနာ ချစ်သူတို့အတွက် သတင်းကောင်းလေးပါးချင်ပါတယ်။

ခေတ်မီလှပတဲ့ ဒီဇိုင်းဆန်းလေးတွေနဲ့ အဖိုးတန်ရွှေထည်လက်ဝတ်ရတနာ ဝယ်ယူချင်တဲ့ စိန်ရွှေရတနာ ချစ်သူတို့အတွက် သတင်းကောင်းလေးပါးချင်ပါတယ်။ အဲဒါကတော့ မြန်မာ့ရတနာလောကမှာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးကမ္ဘာ့အဆင့်မီ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်က (၇) ဆိုင်မြောက် ဖွင့်ပွဲကျင်းပမှာပဲ ဖြစ်ပါတယ်။

စာနယ်ဇင်းရှင်းလင်းပွဲ

ကမ္ဘာ့နောက်ဆုံးပေါ် 3D CAD/ CAM နဲ့ ကိုယ်ပိုင်ဒီဇိုင်းထုတ်လုပ်ရောင်းချပေးမယ့် Grace Collection New Creations New Experiences New Generation ” ရွှေထည်လက်ဝတ်ရတနာ ဒီဇိုင်းအသစ်အဆန်းတို့ကို စတင်မိတ်ဆက်ပေးတော့မယ့်အကြောင်း (၁၄.၁၀.၂၀၁၈) ရက်နေ့မှာ စာနယ်ဇင်းရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါတယ်။

အစီအစဉ်ကောင်းများ

စိန်ရွှေရတနာချစ်တဲ့သူတွေအနေနဲ့ ရွှေနန်းတော်ရတနာရွှေဆိုင်ရဲ့ (၇) ဆိုင်မြောက် ဆိုင်သစ်ဖွင့်ပွဲမှာ  ရွှေထည်လက်ဝတ်ရတနာ ဒီဇိုင်းအသစ်အဆန်းများ၊ စိန်နဲ့ အဖိုးတန်ကျောက်မျက်လက်ဝတ်ရတနာ ဒီဇိုင်းအဆန်းများ၊ နောက်ဆုံးပေါ်ပွဲတက် လက်ဝတ်ရတနာ ရွှေထည်ဒီဇိုင်းအဆန်းများ၊ 18k White Gold ဒီဇိုင်းအဆန်းတွေကို (၁၀%) ကနေ( ၆၀%) အထိ အထူးလျှော့ဈေးနဲ့ ရောင်းချပေးမှာဖြစ်တဲ့အတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးကောင်း တစ်ခုပါပဲနော်။ ပွဲကျင်းပရက်ဖြစ်တဲ့ (၂၃.၁၀.၂၀၁၈) ကနေ (၃၁.၁၀.၂၀၁၈) အထိ ရွှေဆွဲပြားနဲ့ ရွှေဆွဲကြိုး ချက်ချင်းလက်ဆောင်ချီးမြှင့်မယ့် အစီအစဉ်များ၊ ချက်ချင်းပေါက် ချက်ချင်းယူ ဗလာမပါ ကံစမ်းမဲ အစီအစဉ်များ၊ (၂၃.၁၀.၂၀၁၈) မှ (၁၂.၁.၂၀၁၉)အထိ သိန်းပေါင်း (၃၀၀၀) ကျော် ချီးမြှင့်ပေးမယ့် ကံစမ်းမဲ အထူးအစီအစဉ်များအဖြစ် Tyota Brand New ကား(၃) စီးနဲ့ အများဆုံး ဝယ်ယူ(၂၅) ဦးအတွက် ထပ်ဆင့်ချီးမြှင့်ပေးမယ့်  အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တဲ့အပြင် ကံထူးရှင် ရွေးချယ်ပွဲကို (၁၃.၁.၂၀၁၉) ရက်နေ့မှာ ကျင်းပရွေးချယ်မှာ ဖြစ်ပါတယ်။

ခေတ်မီဆန်းသစ်တဲ့ လက်ဝတ်ရတနာဒီဇိုင်းများ

နာမည်ကျော် အနုပညာရှင်များဖြစ်တဲ့ ပြေတီဦး၊ နေတိုး၊ မြင့်မြတ်၊ ဇေရဲထက်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး၊ အေးမြတ်သူ၊ အေးဝတ်ရည်သောင်း၊ R ဇာနည်၊ ရွှေထူး၊နေမင်းအိမ်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်နဲ့ Rose Quartz တို့နဲ့ ဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးမှာဖြစ်ပြီး အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းနဲ့ လက်မှတ်ရေးထိုးခြင်းစတဲ့ အစီအစဉ်ကောင်းတွေလည်း ပါဝင်မှာပါနော်။

(၁၀%) ကနေ (၆၀%) အထိ ပရိုမိုရှင်း ရရှိနိုင်မယ့် အခွင့်အရေး

ပွဲကျင်းပမယ့်အချိန်နဲ့နေရာ

ရွှေနန်းတော်ရဲ့ (၇) ဆိုင်မြောက် ဆိုင်သစ်ဖွင့်ပွဲကို အမှတ်(၆၁၃)၊ (၂၃) လမ်းနဲ့ မဟာဗန္ဓုလလမ်းထိပ်၊ သိမ်ကြီးဈေးမီးပွိုင့်အနီး၊ လသာမြို့နယ်မှ မနက်(၈) နာရီကနေ ည(၈) နာရီအထိ  (၂၃.၁၀.၂၀၁၈) မှစတင်ပြီး (၃၁.၁၀.၂၀၁၈) ရက်တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Marry က စိန်ရွှေရတနာချစ်သူတို့ရေ လက်လွှတ်မခံသင့်တဲ့ ဆိုင်သစ်ဖွင့်ပဲဖြစ်တာမို့ သွားဖြစ်အောင်သွားဖို့ တိုက်တွန်းလိုက်ပါနော်။

 

From Marry with


Comments

0 comments
Latest video