လူကြိုက်များနေတဲ့ ဗီယက်နမ်နိုင်ငံမှ လည်ပတ်စရာ နေရာများ

by: Khin Nyein Lwin
 0 comments  0 love

ခရီးစဉ်အသေးစိတ် ကို ဖုန်းဆက်စုံစမ်းချင်ရင်တော့ 09 45781 1100, 09 895707 993 ကို ဆက်သွယ်စုံစမ်းလို့ရပါတယ်

သင်္ကြန်ရုံးပိတ်ရက်တွေမှာဘယ်သွားရင်ကောင်းမလဲလို့စဉ်းစားနေလား? ကလေးတွေနွေရာသီကျောင်းပိတ်ချိန်မှာမိသားစုအလည်ခရီးတစ်ခုထွက်ကြမှာလား? ကြင်စဦးဇနီးမောင်နှံတွေကလည်းရွှေတို့ရဲ့ ရွှေလက်တံတားကိုသွားပြီးဟန်းနီးမွန်းကြမှာလား? ချစ်သူစုံတွဲတွေကလည်းရွှေလက်တံတားနဲ့ဘန်းနာတောင်ကုန်းမှာ သွားပြီး ရိုကြမလား? FAတွေဖြစ်နေကြတဲ့သူငယ်ချင်းတစ်စုကလည်းအားကျမခံ Friendship_Goal သွားရိုက်ကြမလား?  ဒါဆိုရင် ဗီယက်နမ် ကို အလည်သွားဖို့ အကြံပေးပါရစေ။

ဗီယက်နမ်နိုင်ငံဟာဆိုရင်

လှပတဲ့ကမ်းခြေတွေ၊ လှိုဏ်ဂူကြီးတွေ ၊ သဲကန္တာရတွေ၊ မြစ်တွေ၊ ရှေ့ဟောင်းဘုရားတွေနဲ့ ဘုရားကျောင်းတွေ၊ ကိုလိုနီအဆောက်အဦးတွေ၊ ပြတိုက်တွေ၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေနဲ့ သာယာလှပတဲ့သဘာဝရှုမျှော်ခင်း တွေ အများအပြားကိုပိုင်ဆိုင်ထားတာကြောင့် လည်ပတ်စရာတွေပေါများလှတဲ့နိုင်ငံပဲဖြစ်ပါတယ်။ လည်ပတ်စရာနေရာတွေကလည်းပေါများတဲ့အပြင် ဈေးနှုန်းကလည်း အရမ်းသက်သာတာကြောင့် သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာခရီးသွားတွေကြားမှာ တော်တော်ခေတ်စားနာမည်ကြီးနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။  ဗီယက်နမ်နိုင်ငံဟာ ဒေါင်လိုက်အနေအထားရှိတာကြောင့် တောင်ပိုင်းရယ် ၊ အလယ်ပိုင်းရယ် ၊ မြောက်ပိုင်းရယ် ဆိုပြီး အပိုင်း (၃) ပိုင်း ပိုင်းခြားပြီး ခရီးစဉ်ကို ရေးဆွဲပေးထားပါတယ်။

  • ဗီယက်နမ်အလယ်ပိုင်း ဒါနန်း – ဘန်းနာဟေးလ် – ဟွိုင်အန်း
    (၃ ညအိပ် ၄ ရက်ခရီးစဉ်)  USD – 295
  • ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်း – ဟလောင်းဘေး
    ( ၃ ညအိပ် ၄ ရက်ခရီးစဉ် )  USD – 295
  • ဗီယက်နမ်တောင်ပိုင်း ဟိုချီမင်း – မွေ့နဲ – ဒါလတ်
    ( ၃ ညအိပ် ၄ ရက်ခရီးစဉ် )  USD – 295
  • ဗီယက်နမ်အလယ်ပိုင်း ဒါနန်း – ဘန်းနာဟေးလ် – ဟွိုင်အန်း(၃ ညအိပ် ၄ ရက်ခရီးစဉ်) USD – 295

  ဒါနန်းမြို့လေးကတော့

ဗီယက်နမ်ရဲ့အလယ်ပိုင်းမှာ တည်ရှိတာပါ။ အရမ်းကိုသာယာလှပပြီး သန့်ရှင်းတဲ့မြို့လေးတစ်မြို့ပါ။ ကုန်တင်ဆိပ်ကမ်းမြို့လေးလည်းဖြစ်ပြီး ပင်လယ်ကူး သင်္ဘောကြီးတွေ အများကြီး ၀င်ထွက်သွားလာနေတဲ့အပြင် အရမ်းလှတဲ့ရှုခင်းတွေ ၊ သာယာလွန်းတဲ့ ကမ်းခြေတွေ ၊ အေးချမ်းတဲ့ တောင်ပေါ်အပန်းဖြေ စခန်းတွေလည်းရှိပါတယ်။

ဒါနန်းမြို့ မှာ ဘယ်တွေလည်ပတ်လို့ရမလဲဆိုတော့

  • ဒါနန်းမြို့ကိုရောက်ရင်တော့ #ဘန်းနာတောင် ပြင်သစ်ရွာလေးကို မဖြစ်မနေ သွားရောက်လည်ပတ်ရမှာပါ။
    အရှေ့တောင်အာရှမှာ မီတာအရှည်ဆုံးဖြစ်သော ခေတ်သစ် Cable Car ကို ရင်ခုန်စိတ်လှုပ်ရှားစွာစီးကြပြီး ပတ်ဝန်းကျင် တောတောင် ရေမြေသဘာဝအလှကို ကြည့်ရှုခံစားရင်း တောင်ပေါ်သို့ တတ်ရောက်ပါမယ်။ Cable Car Station မှ အိမ်မက်စမ်းချောင်းလေး Dream Stream ကို တွေ့မြင်ရမှာပါနော်။
    တောင်ပေါ်ရောက်ရင်တော့ ပြင်သစ်ရဲတိုက်ကျေးရွာ Ba Na Hill ပေါ်တွင် ရဲတိုက်ကြီးတွေ ၊ အပန်းဖြေကစားကွင်းတွေ ၊ အလွန်လှပတဲ့ ပန်းခြံ ၊ ချစ်စရာရုပ်တုလေး တွေနဲ့ ဥရောပအငွေ့အသက်ရအောင် ဖန်တီးထားလို့ ဥရောပရောက်နေသလို ခံစားရစေပါမယ်နော်။ ဒါနန်းမြို့ရဲ့ မြင်ကွင်းကျယ်ရှုခင်းများ ကိုလည်း တောင်ပေါ်မှ ကြည့်ရှုခံစားနိုင်ပါတယ်။
     
  • အခုဆိုရင် ဒါနန်းမှာနာမည်ကြီးနေတဲ့ #Golden_Bridge လို့ခေါ်တဲ့ ရွှေလက်တံတားကို သွားပြီး အမှတ်တရဓာတ်ပုံရိုက်ကြမယ်။
    ဒါနန်းမြို့ရဲ့ ခေတ်သစ်တံတားတစ်စင်းဖြစ်တဲ့ ၆၆၆ မီတာ အရှည်ရှိ နဂါးတံတား #Dragon_Bridge နှင့် ချစ်သူစုံတွဲများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်တဲ့ #Love_Bridge သို့ သွားရောက်လည်ပတ်ပြီး ညရှုခင်းများနဲ့ အမှတ်တရအဖြစ် အလှဆုံးဓာတ်ပုံများ ရိုက်ယူကြမယ်။
  • ဗီယက်နမ်မှာ အလှဆုံးကမ်းခြေတစ်ခုအဖြစ် လူသိများတဲ့ #Da_Nang_Beach ( My Khe Beach ) ကို သွားရောက်လည်ပတ်ပြီး ပျော်ပျော်ရွှင်ရွှင် ဓာတ်ဖမ်းကြမယ်နော်။
  • စကြာဝဠာကြီးရဲ့ ဒြပ်သတ္တု ၅ မျိုးကို ကိုယ်စားပြုထားတဲ့ #Marble_Mountain ကိုလည်း သွားရောက်လေ့လာ အမှတ်တရဓာတ်ပုံရိုက်ကြမယ်လေ။
  • ဒါနန်းမြို့ရဲ့ အကြီးမားဆုံးဗုဒ္ဓရုပ်ပွားတော် #Linh_Ung_Pogoda ( Lady Buddha) တည်ရှိရာ တောင်ပေါ်ကိုသွားပြီး ဒါနန်းပင်လယ်ကမ်းခြေမြို့လေးကို အပေါ်စီးကနေ တ၀ကြီး ကြည့်ရှုခံစားကြမယ်။ ရှုခင်းတွေကရူးခါနေအောင် လှတာ။
  •  Shopping ကြိုက်သူများအတွက် ဒါနန်းရဲ့ နာမည်ကြီး #Han_Market မှာ ဈေးဝယ်ထွက်ကြပါမယ်နော်။

    ဆက်လက်ပြီး #ဟွိုင်းအန်းရှေးမြို့ဟောင်း ကိုလည်း သွားလည်ကြတာပေါ့


  • ဟွိုင်အန်းမြို့လေးကတော့ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကြတဲ့ ရှေးဟောင်းမြို့လေးတစ်ခုဖြစ်ပြီး UNESCO က ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းထားတဲ့မြို့လေးလည်း ဖြစ်ပါတယ်။
  • တရုတ်ရှေးရိုးရာ အိမ်ပုံစံလေးတွေကို မီးပုံးရောင်စုံလေးတွေနဲ့ အလှဆင်ထားပြီး အရမ်းကို သန့်ရှင်းသပ်ရပ်တဲ့ မြို့လေးပါ။
  •  ဈေးတန်းတစ်လျှောက် ရောင်စုံမီးပုံးလေးတွေရယ် ၊ လည်ပတ်ပျော်ရွှင်ကြည်နူးနေကြတဲ့သူတွေရယ် ၊ ဓာတ်ပုံရိုက်နေတဲ့လူတွေရယ်ကို ကြည့်ရတာ အတော်ကြည်နူးစရာကောင်းပြီး ပြီးပြည့်စုံတဲ့ ညနေခင်းလေးအဖြစ် မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။
  • Hoi An သို့ သွားရာလမ်းရှိ ဒါနန်းမြို့၏ နာမည်ကြီးရိုးရာရွာဖြစ်သော ကျောက်ထွင်းထုခြင်းအနုပညာလုပ်ငန်းများကို သေသေချာချာ မြင်တွေ့နိုင်မယ့် Non Nouc Stone Village သို့ ၀င်ရောက်လည်ပတ်ကြပါမယ်။
  •  Hoi An မြို့သို့ ရောက်ရှိပြီး ရှေးဟောင်းဗိသုကာလက်ရာများနှင့် ရိုးရာယဉ်ကျေးမှုအနုပညာများကို ထိန်သိမ်းထားပြီး မီးပုံးလေးများနှင့် အလှဆင်ထားသော အ၀ါရောင်ရှေးဟောင်းမြို့လေး ဟွေ့အမ်း Hoi An ကို လမ်းလျှောက်ကြည့်ရှုခံစားကြမယ်နော်။

ဗီယက်နမ်မြောက်ပိုင်း ဟနွိုင်း – ဟလောင်းဘေး ( ၃ ညအိပ် ၄ ရက်ခရီးစဉ် ) USD – 295

သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေတွေနဲ့ အရမ်းကို စိမ်းစိုလှပတဲ့ ဗီယက်နမ်မြောက်ပိုင်း ကို သွားလည်ကြမယ်။ ရှုမဆုံးနိုင်တဲ့တောတောင် နောက်ခံတွေ ၊ စိမ်းစိမ်းစိုစို စိုက်ခင်းတွေကို ကြည့်ပြီး လှေငယ်လေးနဲ့ သွားလာလည်ပတ်ရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်အောင်ပါဘဲနော်။ တောတောင် ရေမြေ ရဲ့ ရနဲ့လေးတွေနဲ့ ရေပြင်ကျယ်ကြီးကို ဖြတ်တိုက်လာတဲ့ လေနု လေအေး လေးတွေကလည်း စိတ်ကို လန်းဆန်းစေပြီး အားအင်အပြည့် ဖြစ်စေမှာ အသေအချာပါပဲ။ ဒါ့အပြင် ဟနွိုင်းဟာ UNESCO အသိအမှတ်ပြု ကမ္ဘာ့သမိုင်းဝင်နေရာ တစ်ခုလည်းဖြစ်တော့ ရှေးဟောင်းအမွေအနှစ်သမိုင်းကြောင်းတွေ လေ့လာသိရှိရတာပေါ့။ ဒီလို ခံစားမှုတွေကို လက်တွေ့ခံစားဖို့ အခုပဲ သွားလည်လိုက်ကြရအောင်နော်။

ဘယ်နေရာတွေ သွားလည်ကြမလဲ ဆိုတော့

 

  •  ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဟနွိုင်းမြို့ ကို လည်ပတ်ကြမယ်။
  • နိုင်ငံ့ခေါင်းဆောင် ဟိုချီမင်းမှ လွပ်လပ်ရေးကြော်ငြာစာတမ်း ဖတ်ကြားခဲ့တဲ့နေရာဖြစ်ပြီး ဟိုချီမင်းရဲ့ဂူဗိမာန်ထားရှိတဲ့ ရှေးဟောင်းအထင်ကရနေရာ Ba Dinh Square နှင့် Ho Chi Minh Mausoleum သို့ သွားရောက် လည်ပတ်၍ အမှတ်တရဓာတ်ပုံ များ ရိုက်ယူကြမယ်နော်။
  •  အေဒီ ၁၉ ရာစု ကတည်းက တည်ရှိနေသော ဗီယက်နမ်မြို့တော်အတွက် သမိုင်းဝင် တိုင်တစ်လုံးဘုရားကျောင်း (သို့) သားဆုပန်ဘုရား One-Pillar Pagoda
  • ဗီယက်နမ်မြို့တော်ရဲ့ အကြီးမားဆုံး ရေချိုကန် အနောက်ရေကန် ခေါ် (West Lake ) ကို သွားရောက် လေ့လာလည်ပတ်ကြမယ်နော်။
  • ဟနွိုင်းမြို့ရဲ့ ရှေးအကျဆုံး ဗုဒ္ဓဘာသာ ဘုရားကျောင်း Tran_Quoc_Pagoda
  • ဓားရေကန်အဖြစ် လူသိမျာေးသာ လတ်ဆတ်သော ရေကန် Hoan Kiem Lake ၊ သားတော် ဘုရားကျောင်း Ngoc Son Temple ၊ ဗီယက်နမ်နိုင်ငံ၏ သမိုင်းဝင် ရုပ်တု Ly Thai To moutment အစရှိသော နေရာများသို့ သို့ သွားရောက်လေ့လာလည်ပတ်ကြပြီး ရေပေါ်ရုပ်သေးပွဲ Water Pupper Show သို့ လည်း သွားရောက်ကြည့်ရှုကြမယ်။
  •  Hanoi Old Quarter နှင့် Night Market (Friday to Sunday ) သို့ သွားရောက်ပြီး ပျော်ရွှင်စွာ ဈေးဝယ်ကြပါမယ် Hanoi မြို့ရဲ့ ညဘက်ရှုခင်းကိုခံစားရင်း အေးအေးဆေးဆေး လမ်းလျှောက်ကြည့်ကြမယ်။
  •  Halong City သို့ သွားရာ လမ်းကြောင်းပေါ်ရှိ ကြက်ကျွန်း Ga Choi Island ၊ Binh Phong Mountain ၊ လူဦးခေါင်းကျွန်း Man’s head island ၊ လိပ်ကျွန်း Tortoise Island စတဲ့ ကျွန်းများသို့ သဘောင်္ပေါ်မှ စူစမ်းလေ့လာကြမယ်
  • သဘာဝပန်းချီကားချပ်အလား ထုံးကျောက်တောင်များ ၀န်းရံနေသော ရေပေါ်ရွာ Hoa Cuong Fishing Village နှင့် ငန်းပုံသဏ္ဍာန်ကျွန်း Swan Islet ရှိ သဘာဝအလှတရားများကို သွားရောက်ခံစား ကြပါမယ်
  • လှပသော ပုံရိပ်များနှင့် ခရီးသွားများ အတွက် အထင်ကြီးစရာ ဆွဲဆောင်မှုများဖြစ်သော Dog Islet ၊ ကြက်၂ ကောင် တိုက်ခိုက်နေသော သဏ္ဍာန်ရှိ ကျောက်တုံး Ga Choi Stone ( Fighting Chicken ) သို့ သွားရောက်လေ့လာလည်ပတ် ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြမယ်နော်။
  •  ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ကမ္ဘာကျော် ဟလောင်းပင်လယ်အော် မှာ Cruise စီးရင်း ထူးထူးခြားခြားအလှတွေနှင့် ထုံးကျောက်တောင်ကျွန်းကြီး ကျွန်းငယ်လေးတွေကို ပတ်ကြည့်ကြမယ်။ ရေကူးကြမယ်။ လှိုဏ်ဂူကြီးတွေထဲ ၀င်ကြည့်ကြမယ်။ အမှတ်တရဓာတ်ပုံတွေရိုက်ကြမယ်။ သင်္ဘောပေါ်မှာ အေးအေးဆေးဆေး အိပ်စက်အနားယူကြမယ်။

#ဗီယက်နမ်တောင်ပိုင်း ဟိုချီမင်း – မွေ့နဲ – ဒါလတ် ( ၃ ညအိပ် ၄ ရက်ခရီးစဉ် ) USD – 295

ဗီယက်နမ်နိုင်ငံရဲ့တောင်ပိုင်းမှာရှိတဲ့ မြို့ ဟိုချီမင်း။သူ့ရဲ့ အဓိပ္ပာယ်ကတော့ Who bright the light လို့ အဓိပ္ပာယ်ရပါတယ်။ လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ အရိပ်ကောင်းတဲ့ သစ်ပင်တန်းကြီးတွေကလည်း သူ့ရဲ့ အမှတ်သင်္ကေတ တစ်ခုပါပဲ။ ဟိုချီမင်းမြို့မှာ ကားစီးသူထက် ဆိုင်ကယ်စီးသူတွေက ပိုများပါတယ်။ ဗီယက်နမ် စစ်ပွဲတုန်းက ပြတိုက်တွေ ကိုလိုနီကိုမုန်းတီးနေတဲ့ ဗီယက်နမ်စိတ်ဓာတ်တွေကို စိတ်ဝင်စားဖွယ်လေ့လာလို့ရတဲ့ လက်မလွှတ်သင့်တဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။
#မွေ့နဲ ဆိုတာကလည်း အရမ်းကို သာယာလှပတဲ့ နာမည်ကျော် ပင်လယ်ကမ်းခြေမြို့လေးပါ။ #ဒါလတ် ကတော့ မြန်မာပြည်ရဲ့ပြင်ဦးလွင် မြို့လေးနဲ့တူတဲ့ တောင်ပေါ်မြို့လေးပါပဲ။ တစ်မြို့လုံးကို ပန်းတွေနဲ့အလှဆင်ထားပြီး ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့တာမို့လို့ တစ်မြို့လုံးရဲ့အဆောင်အဦးဒီဇိုင်းတွေက ပြင်သစ် ဗိသုကာ ဒီဇိုင်းတွေပါ။ လာဗင်ဒါပန်းတွေကိုလည်း နေရာတိုင်းလိုလိုမှာ တွေ့ရတတ်တော့ ပြင်သစ်နိုင်ငံထဲက မြို့သေးသေးလေးတစ်မြို့ကို ရောက်နေသလိုပါပဲ။ ဒီလိုသမိုင်းကြောင်းတွေလည်းသိရ သဘာဝပတ်ဝန်းကျင်နဲ့လည်းထိတွေ့ခံစားရမှာဆိုတော့ အရမ်းကို သွားသင့်တဲ့ခရီးလေး တစ်ခုပဲဖြစ်ပါတယ်။

ဘယ်နေရာတွေကို သွားလည်မလဲဆိုတော့

  • Mui Ne သို့ သွားရာ လမ်းတလျှောက်တွင် စိတ်ဝင်စားဖွယ်ကောင်းသော နဂါးမောက်သီးပင် စိုက်ပျိုးခင်းများကိုလည်း ကားပေါ်မှ ကြည့် ရှု့ခံစားကြမယ်။
  •  တောတွင်းသစ်ပင်များနဲ့ ဓာတ်ပုံလှလှလေးတွေလည်းရိုက်လို့ရတဲ့ အနီရောင် ကမ်းပါးလေး Fairy Stream
  •  မွေ့နဲ တွင် ဆွဲဆောင်မှု အရှိဆုံး နေရာဖြစ် သော ကန္တာရဆန်ဆန်အရမ်းကိုလှပတဲ့ White Sand Dunes / Red Sand Dunes နှင့် ကြာကန် Lotus Lake သို့ သွားရောက်လည်ပတ်ကြပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ်
  • ပြည်တွင်းပြည်ပ ခရီးသွားများကို အလွန် ဆွဲဆောင်နိုင်သော #ဒါလတ်က နာမည်ကျော် Crazy House နှင့် Bao Dai ဘုရင်ရဲ့ Bao Dai Palace (Summer Palace) တို့ကိုလည်း သွားရောက် လည်ပတ်ကြပြီး Summer Palace တွင် နန်းတွင်းဝတ်စုံများနဲ့ အမှတ်တရ ဓာတ်ပုံများ ရိုက်ကြမယ်
  • ဒါလတ်မြို့ရဲ့ နာမည်ကျော်ကြားပြီး တစ်နှစ်ပတ်လုံးပွင့်သည့် ပန်းမျိုးပေါင်း ၁၀၀ကျော် ခန့်ကို မြင်တွေ့ရမယ့် City Flower Garden
  • ဒါလတ်မြို့ရဲ့ကုန်းပြင်မြင့် ရထားလမ်း Dalat Plateau rail road ကိုသွား လည်ကြမယ်…. အမှတ်တရဓာတ်ပုံများလည်း ရိုက်ယူကြမယ်……..
  •  Ben Thanh Night Market တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ကြပါမယ်

နေရာစုံလည်းရောက် ရသစုံလည်းခံစားရမှာဆိုတော့ သေချာပေါက် သွားသင့်တဲ့နေရာ တစ်ခုပေါ့။ ကဲ… အမြန်ဆုံးသာ ဖုန်းဆက်ပြီး စာရင်းပေးထားလိုက်တော့နော်။  ဖော်ပြထားတဲ့ရက်တွေမှာ သွားချင်ရင် #BMD_Travel မှာ ကြိုတင်စာရင်းပေးထားလို့ ရပါတယ်။ ကိုယ်ကြိုက်တဲ့ရက်ကိုသွားလို့ရပါတယ်။ လေယာဉ်လက်မှတ်လေးကိုတော့ ကြိုဝယ်ထားမှ စိတ်ချရမယ်နော်။

ခရီးစဉ်အသေးစိတ် ကို ဖုန်းဆက်စုံစမ်းချင်ရင်တော့ 09 45781 1100, 09 895707 993 ကို ဆက်သွယ်စုံစမ်းလို့ရပါတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြပေးဖို့ အဆင်သင့်ပါ။ ရုံးကို လူကိုယ်တိုင်လာရောက်မေးမြန်းချင်ရင်တော့ #BMD_Tours_and_Ticketing အမှတ် (S-၃၉)၊ အမှတ် ၄ ရပ်ကွက်၊ ရွှေသရဖီအိမ်ယာ၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ။ (ရေကြောင်းသိပ္ပံနှင့် ကမာရွတ် KBZ ဘဏ်အနီး)ကို လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles