စိတ်လှုပ်ရှားစရာအခွင့်အရေးကောင်းတွေနဲ့ ‘ရိုးမြေကျ မင်းနဲ့အတူ’ ပွဲကြီး

by: Phyo Pyae Thu
 0 comments  0 love

နိုဗိုတယ်ဟိုတယ်မှာ ဇွန်လ(၈၊၉) နှစ်ရက်တိုင်တိုင် ကျင်းပသွားမှာမလို့ အထူးအစီအစဉ်ကောင်းတွေ လက်မလွတ်ရလေအောင် အမြန်လှမ်းလာခဲ့တော့နော်။

မင်္ဂလာဆောင်မယ့် စုံတွဲလေးတို့ရေ မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေနဲ့ အလှအပ၊ ဝတ်စုံ စတဲ့ ဆန်းသစ်တဲ့ အရာတွေကို တစ်စုတစ်ဝေးတည်း လေ့လာချင်ပါသလား၊ ဒါဆိုရင်တော့  တစ်နေရာတည်းမှာပဲ အားလုံးလေ့လာစုံစမ်းလို့ရမယ့် အစီအစဉ်ကောင်းကြီး တစ်ခု ရှိပါတယ်။ အဲဒါကတော့ မင်္ဂလာဆောင်မယ့် စုံတွဲလေးတိုင်း လက်လွှတ်မခံသင့်တဲ့ Marry Wedding Day (2019) ” ရိုးမြေကျမင်းနဲ့အတူ” ပွဲကြီးပါ။ ဇွန်လ (၈၊ ၉) နှစ်ရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပသွားမှာ ဖြစ်ပြီး တကယ့်ကို ထူးခြားဆန်းသစ်တဲ့ တင်ဆက်မှုတွေ မြင်တွေ့ရမှာပါ။ ထူးခြားဆန်းသစ်မှုတွေအပြင် တက်ရောက်မယ့် စုံတွဲလေးတိုင်း ရရှိနိုင်မယ့် အခွင့်အရေးကောင်းတွေကိုလည်း ပြောပြပေးမယ်နော်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေ

“ရိုးမြေကျ မင်းနဲ့အတူ” ပွဲကြီးကို မနက် (၉) နာရီကနေ စတင်ကျင်းပမှာ ဖြစ်ပြီး စုံတွဲလေးတို့အတွက် အကြံဥာဏ်ကောင်းတွေ မျှဝေပေးမယ့် ” ကျန်းမာလှပ အိမ်ထောင်သည်ဘဝ ” အစီအစဉ်၊ မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းမှာ အဆင်ပြေစေဖို့ ” ပျော်ရွှင်စရာ Honeymoon လေးစတင်တော့မယ်ဆိုရင်” အစီအစဉ်ကောင်းတွေနဲ့ တင်ဆက်ဖျော်ဖြေသွားမှာ ဖြစ်တဲ့အပြင် ရင်ခုန်သံတွေ ဆူညံစေမယ့် DJ တီးခတ်မှု အစီအစဉ်တွေလည်း ခံစားနားဆင်ရမှာ ဖြစ်ပါတယ်။ ညနေပိုင်းအစီအစဉ်မှာတော့  “Zumba Dance by Powerhouse” နဲ့ “Healthy Tips To Get in Shape Naturally” တို့လည်း တင်ဆက်ဖျော်ဖြေဦးမှာ ဖြစ်ပါတယ်။ ညဘက်မှာတော့ မင်္ဂလာဝတ်စုံတွေ ဖန်တီးမှု လက်ရာတွေကို တဝကြီး ခံစားရမယ့် Wedding Evolution Fashion Show ကြီးကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

Wedding Evolution Fashion Show

ပထမရက်ဖြစ်တဲ့ ဇွန်လ(၈) ရက်နေ့မှာတော့  ဒီဇိုင်နာ မပုံ့ (My Favourite) ရဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်း ရောစပ်ထားတဲ့ ထိုင်မသိမ်းများ နဲ့ ဒီဇိုင်နာ သွင်စုထွေးတို့ရဲ့ Retro Theme အနောက်တိုင်းဝတ်စုံတွေကို မိတ်ကပ် မထက် (Pop Soul) ရဲ့ မိတ်ကပ်ပြင်ဆင်မှုနဲ့အတူ တဝကြီး ကြည့်ရှူခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယရက်ဖြစ်တဲ့ ဇွန်လ (၉) ရက်နေ့မှာတော့ ဒီဇိုင်နာ မဉ္ဇူ (Zu Zu Collection) ရဲ့ Retro ပုံစံ မင်္ဂလာဝတ်စုံတွေနဲ့ ဒီဇိုင်နာပြည်စိုးအောင်ရဲ့ တီထွင်ဆန်းသစ်တဲ့ မင်္ဂလာဝတ်စုံ ဒီဇိုင်းတွေကို Hello( မချို၊ မခိုင်) တို့ရဲ့ မိတ်ကပ်ပြင်ဆင်မှုတွေနဲ့အတူ မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။

စုံတွဲလေးတို့ ရရှိနိုင်မယ့် အခွင့်အရေးကောင်းတွေ

ကျင်းပမယ့် (၂) ရက်လုံးမှာ ပွဲကို ပထမဆုံး အယောက်(၁၀၀) ကို Register လုပ်ရုံနဲ့ Welcome Gift တွေ ပေးသွားမှာ ဖြစ်ပြီး စုံတွဲလေးတို့ အခမဲ Pre wedding ရိုက်နိုင်မယ့် အစီအစဉ်တွေ၊ Surprise Proposal လုပ်နိုင်မယ့် အခွင့်အရေးတွေအပြင် နှစ်ဖက်မိဘနဲ့အတူ Pre wedding ရိုက်လို့ရမယ့် အစီအစဉ်ကောင်းတွေ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အထူး Promotionတွေနဲ့ ပစ္စည်းတစ်ခု ဝယ်ပြီးတိုင်း တစ်ခါ ကံစမ်းနိုင်မယ့် Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်နော်။

ပွဲလာသူတိုင်း ရရှိမယ့် Lucky Draw အစီအစဉ်တွေ

ကျင်းပမယ့် (၂) ရက်လုံးမှာ ပွဲကို ပထမဆုံး ရောက်ရှိလာတဲ့ အယောက်(၁၀၀)စီ ထဲကနေ Novotel Hotel မှာ တစ်ညတာအိပ်စက်ခွင့် (၅) ဦး ကံစမ်းမဲဖောက်ပေးမှာ ဖြစ်ပြီး တက်ရောက်လာတဲ့သူတိုင်းကိုလည်း Digital Lucky  Draw အစီအစဉ်အဖြစ် တစ်ရက်ကို ရွှေလက်စွပ်(၁) စုံစီ ကံစမ်းခွင့် ပေးမှာ ဖြစ်ပါတယ်။

 

ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းဖက်နိုင်ဖို့ဆိုတာ ချစ်မိသူတိုင်း ချစ်တတ်သူတိုင်းရဲ့ နှလုံးသားထဲက ဆန္ဒတစ်စုံမဟုတ်လား။ဒီတော့ အချိန်တွေဘယ်လိုပြောင်းပြောင်း အချစ်တွေဘယ်တော့မှပြောင်းသွားမှာ မဟုတ်ဘူးလို့ ဆိုသူတွေအားလုံးကို “ရိုးမြေကျ မင်းနဲ့အတူ” ဆိုတဲ့ Marry Wedding Day 2019 ပွဲကြီးမှ ဖိတ်ခေါ်လိုက်ပါရစေ။

Marry Wedding Day 2019 ပွဲကြီးက အချိန်တွေပြောင်းရင်တောင် အချစ်တွေဟောင်းမသွားတဲ့အကြောင်းကို ဖန်တီးပုံဖော်ပေးသွားမယ့် ပွဲကြီးပဲဖြစ်ပါတယ်။ ရိုးမြေကျမဲ့ အချစ်စစ်တွေကို ဘယ်လိုဖန်တီးမှုတွေနဲ့ ဘယ်လိုပုံဖော်ထုဆစ် ပြသသွားမလဲ ဆိုတာကိုတော့ ဒီပွဲကြီးမှာ လာရောက်ကြည့်ရှုလိုက်နော်။

ဒီပွဲကြီးမှာ …..

  • Bride to Be
  • Surprise Proposal
  •  Groom & Bride photo shooting with parents
  •  Gala Night Show

တို့အပြင် တခြားသော ထူးခြားတဲ့ အစီအစဉ်များစွာနဲ့အတူ ၊ Health Talk ၊ Beauty Talk အစီအစဉ်နှင့် ဆိုင်ခန်းပေါင်း (၅၀) ကျော်ရဲ့ အကောင်းဆုံး အတန်ဆုံး အထူး Promotion များ၊ တစ်ခုဝယ်ပြီးတိုင်း တစ်ခါကံစမ်းနိုင်တဲ့ Digital Lucky Draw အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ကျင်းပမယ့် နေ့ရက်တွေက …

နေ့ရက် : JUNE 8 & 9 (Sat & Sun)
အချိန် : 9:00 AM to 8 PM
နေရာ : Novotel Yangon Max Hotel
ဝင်ကြေး : 👉 http://bit.ly/2LFtdkP 👈 ဒီလင့်လေးထဲမှာ အခမဲ့ စာရင်းပေးသွင်းနိုင်ပါသည်။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords