မန်းမြေမှ ချစ်သက်သေပွဲကြီးမှာ Guest MC အဖြစ် ပါဝင်မယ့် Miss International Myanmar ဂုဏ်ရည်အေးကျော်

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ မန်းမြေမှ ချစ်သက်သေ ပွဲကြီးကို မန္တလေးမြို့ Mandalay Convention Centre (MCC) ၊ သိပ္ပံလမ်း ၊ ၆၉ နှင့် ၇၂ ၊ နေ့ရက် : သြဂုတ်လ ၂၄ နှင့် ၂၅ ရက် တိုင်တိုင် ကျင်းပသွားမှာပါနော်။

စုံတွဲလေးတို့အတွက် မင်္ဂလာဆောင်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ အကြံဥာဏ်ကောင်းတွေ တင်ဆက်ပေးနေတဲ့ Marry Myanmar ရဲ့ တတိယအကြိမ်မြောက် Wedding Day ကြီးကို မန္တလေးမှာ ကျင်းပမှာ ဖြစ်ပါတယ်။ မန္တလေးက စုံတွဲလေးတို့ လက်မလွှတ်သင့်တဲ့ ” မန်းမြေမှ ချစ်သက်သေ ” ပွဲကြီးမှာ အနုပညာရှင်တွေ ပါဝင်မှာဖြစ်ပြီး နာမည်ကြီး ဒီဇိုင်နာတွေရဲ့ မင်္ဂလာဝတ်စုံ ဖန်တီးမှုတွေကိုလည်း ကြည့ှ်ရှူရမှာ ဖြစ်ပါတယ်။ ဒီပွဲကြီးမှာ Miss International Myanmar ဂုဏ်ရည်အေးကျော် ကလည်း Guest  MC အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ သူမရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

Miss International Myanmar ဂုဏ်ရည်အေးကျော်

 

” ဂုဏ်ရည်က ဒီပွဲမှာ Guest MC အနေနဲ့ ပါဝင်မှာပါ။ နောက်ပြီး Nissan ကားကလည်း ပွဲကြီးအတွက် စပွန်ဆာ ပေးထားတယ်ဆိုတော့ Test Drive အစီအစဉ်တွေ ပါပါမယ်။ စုံတွဲလေးတွေရဲ့ အချစ်သက်သေဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြောင်း၊ လက်တွဲချင်ကြကြောင်းကတော့ အခုလို Wedding ပွဲတွေက သက်သေပါပဲ။ မန္တလေးမှာ ကျင်းပမယ့် ဒီပွဲကြီးမှာ တဘဝလုံးစာ လက်တွဲကြမယ့် ချစ်သူလေးတွေ ချစ်ကြောင်း သက်သေပြမယ့်သူ ဘယ်လောက်ရှိမလဲဆိုတာ ဂုဏ်ရည်ကိုယ်တိုင်လည်း ရင်ခုန်နေပါတယ်။ လာရောက်ကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။

ဒီပွဲမှာ ဒီဇိုင်နာ မျိုးမင်းစိုး ပါမယ်၊ တခြားဒီဇိုင်နာတွေလည်း ပါမယ်ပေါ့နော်။ Marry ပွဲကြီးကိုသာ လာမယ်ဆိုရင် Discount တွေလည်း အများကြီးရမယ်၊ ဝယ်ဖြစ်ဖြစ် မဝယ်ဖြစ်ဖြစ် လေ့လာရုံနဲ့တင် Wedding အတွက် ဗဟုသုတတွေ အများကြီး ရမယ်ပေါ့။ ကိုယ့်အတွက် Idea ကောင်းတွေ အများကြီး ရမှာမို့ ချစ်သက်သေတည်ဖို့ အဆင်သင့်ဖြစ်နေရင်တော့ အမြန်သာ လှမ်းလာခဲ့တော့နော်။ ” လို့ ဖိတ်ခေါ်ထားပါသေးတယ်။

စုံတွဲလေးတို့ရေ မန်းမြေမှ ချစ်သက်သေ ပွဲကြီးကို မန္တလေးမြို့ Mandalay Convention Centre (MCC) ၊ သိပ္ပံလမ်း ၊ ၆၉ နှင့် ၇၂ ၊ နေ့ရက် : သြဂုတ်လ ၂၄ နှင့် ၂၅ ရက် တိုင်တိုင် ကျင်းပသွားမှာပါနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords