ရွှေနန်းတော်ရဲ့ (၇)ဆိုင်မြောက် ဆိုင်ခွဲသစ်ဖွင့်လှစ်ပွဲ အခမ်းအနား

by: Khin Nyein Lwin
 0 comments  0 love

ဆိုင်ခွဲသစ်ဖွင့်လှစ်ပွဲ အခမ်းအနားကို အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များမှ တက်ရောက်အားပေးပြီး ဖွင့်လှစ်ပေးခဲ့ပြီး ပျော်ရွှင်စရာအစီအစဉ်များ ပြုလုပ်ခဲ့ပါတယ်။

ရွှေနန်းတော် ရဲ့ (၇) ဆိုင်မြောက် ဆိုင်ခွဲသစ်ဖွင့်လှစ်ပွဲ အခမ်းအနားကို ဒီကနေ့ အောက်တိုဘာလ (၂၃) ရက်နေ့မှာ ရန်ကုန်၊ မဟာဗန္ဓုလလမ်း၊ (၂၃) လမ်းထိပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ရွှေနန်းတော် ရဲ့ (၇) ဆိုင်မြောက် ဆိုင်ခွဲသစ်ဖွင့်လှစ်ပွဲ အခမ်းအနားကို အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များမှ တက်ရောက်အားပေးပြီး ဖွင့်လှစ်ပေးခဲ့ပြီး ပျော်ရွှင်စရာအစီအစဉ်များလဲ ပြုလုပ်ခဲ့တာ မြင်တွေ့ရပါတယ်။

 ရွှေနန်းတော်ရတနာရွှေဆိုင်ရဲ့ (၇) ဆိုင်မြောက် ဆိုင်သစ်ဖွင့်ပွဲမှာ

ရွှေထည်လက်ဝတ်ရတနာ ဒီဇိုင်းအသစ်အဆန်းများ၊ စိန်နဲ့ အဖိုးတန်ကျောက်မျက်လက်ဝတ်ရတနာ ဒီဇိုင်းအဆန်းများ၊ နောက်ဆုံးပေါ်ပွဲတက် လက်ဝတ်ရတနာ ရွှေထည်ဒီဇိုင်းအဆန်းများ၊ 18k White Gold ဒီဇိုင်းအဆန်းတွေကို (၁၀%) ကနေ( ၆၀%) အထိ အထူးလျှော့ဈေးနဲ့ ရောင်းချပေးခဲ့ပါတယ်။

ဆိုင်ဖွင့်လှစ်တဲ့ရက် (၂၃.၁၀.၂၀၁၈) ကနေ (၃၁.၁၀.၂၀၁၈) အထိ

ရွှေဆွဲပြားနဲ့ ရွှေဆွဲကြိုး ချက်ချင်းလက်ဆောင်ချီးမြှင့်မယ့် အစီအစဉ်များ၊ ချက်ချင်းပေါက် ချက်ချင်းယူ ဗလာမပါ ကံစမ်းမဲ အစီအစဉ်များ၊ သိန်းပေါင်း (၃၀၀၀) ကျော် ချီးမြှင့်ပေးမယ့် ကံစမ်းမဲ အထူးအစီအစဉ်များအဖြစ် Tyota Brand New ကား(၃) စီးနဲ့ အများဆုံး ဝယ်ယူ(၂၅) ဦးအတွက် ထပ်ဆင့်ချီးမြှင့်ပေးမယ့်  အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တဲ့အပြင် ကံထူးရှင် ရွေးချယ်ပွဲကို (၁၃.၁.၂၀၁၉) ရက်နေ့မှာ ကျင်းပရွေးချယ်မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

နာမည်ကျော် အနုပညာရှင်များဖြစ်တဲ့

ပြေတီဦး၊ နေတိုး၊ မြင့်မြတ်၊ ဇေရဲထက်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး၊ အေးမြတ်သူ၊ အေးဝတ်ရည်သောင်း၊ R ဇာနည်၊ ရွှေထူး၊နေမင်းအိမ်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်နဲ့ Rose Quartz တို့နဲ့ ဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

 

From Marry with


Comments

0 comments
Latest video