မင်္ဂလာလက်မှတ်ထိုးပွဲလေး ကျင်းပ ပြီးစီးခဲ့တဲ့ အဆိုတော်ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ရဲ့ မင်္ဂလာပွဲလေးကတော့ လာမယ့် တနင်္ဂနွေနေ့(၁၁.၁၁.၂၀၁၈) ရက်နေ့ Inya Lake မှာ ကျင်းပမယ်လို့ သိရပါတယ်။ ခုဆိုရင် ဧည့်ပရိသတ်တွေဆီ မင်္ဂလာဖိတ်စာလေးလည်း ရောက်နေပါပြီ။
မင်္ဂလာနေ့ရက်လေး မတိုင်မီ သူမကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ဗီဒီယိုလေး တစ်ခုလည်း သူမရဲ့ အကောင့်ကနေ တင်ခဲ့ပါသေးတယ်။ Will you marry me? ဆိုတဲ့ စကားလေးကို သူမ” YES” ဖြေခဲ့ကြောင်းလည်း မျှဝေထားပါသေးတယ်။
သူတို့နှစ်ဦးရဲ့ ပရိသတ်တွေကလည်း မင်္ဂလာပွဲလေးကို မျှော်လင့်နေကြပြီး သတို့သမီးအရံအဖြစ် မေဂရေစ်က ကူညီပေးမယ်လို့လည်း သိရပါတယ်။ ဒီဇိုင်နာကတော့ ရွှေမှုန်ရတီကို ဝတ်စုံလှလှလေးတွေ အမြဲဖန်တီးပေးနေတဲ့ ဒီဇိုင်နာ ကောင်းမြတ်လို့လည်း မျှဝေထားပါတယ်။

ရွှေနှစ်ရွှေစုံတွဲ မင်္ဂလာပွဲလေးမှာ သတို့သမီးအရံအဖြစ် မြင်ရမယ့် မေဂရေ့စ်
ရွှေနှစ်ရွှေက မင်္ဂလာပွဲလေးကို တက်ရောက်မယ့် ဧည့်ပရိသတ်တွေအားလုံးကို ဖိတ်စာနဲ့ တကွ တက်ရောက်ဖို့လည်း မေတ္တာရပ်ခံ ဖိတ်ကြားထားပါသေးတယ်။
Comments