စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲမှာ ပန်းကြဲခဲ့တဲ့ စိုးပြည့်သဇင်

by: seng yar
 0 comments  0 love

သတို့သမီးလေးရဲ့ ချစ်စရာ ကောင်းတဲ့ညီမလေးကို ပန်းကြဲ အဖြစ် မြင်တွေ့ရတာကတော့ မင်္ဂလာပွဲလေးကို ပိုမို ပြည့်စုံစေသလို ခံစားရစေနိုင်ပါတယ်။

စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် ဆိုတာကတော့ သိပ်ချစ်ကြတဲ့ ညီအစ်မတွေ ဆိုပြီး ပရိသတ်တွေ အားပေးခံရတဲ့ ညီမတွေပါ။ မတူညီတဲ့ အနုပညာ နယ်ပယ်အသီးသီးမှာ ပရိသတ်တွေ အားပေးလှတဲ့သူတွေပဲ ဖြစ်ပါတယ်။ အခုလည်း စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲလေးမှာ စိုးပြည့်သဇင် ပန်းကြဲအဖြစ် ပါဝင်ထားတဲ့ ပုံရိပ်လေးတွေကို Marry ရဲ့ မင်္ဂလာမောင်နှံလေးတွေ အတွက် ဝေမျှပေးလိုက်ရပါတယ်။

အနုပညာရှင်တွေ များစွာ တက်ရောက် ချီးမြှင့်ကြတဲ့ မင်္ဂလာပွဲလေးမှာ

ကျက်သရေပြည့်စွာ လှပနေတဲ့ ချစ်စရာ စိုးပြည့်သဇင်ရဲ့ ပုံရိပ်လေးတွေကို မြင်ရတာ ကြည်နူးစရာ ကောင်းလှပါတယ်။ မင်္ဂလာပွဲလေးရဲ့ မင်းသမီးလေး ဖြစ်တဲ့ သတို့သမီးလေးရဲ့ အလှကို အကောင်းဆုံး ပံ့ပိုးနိုင်တဲ့ အရံလေးတွေထဲမှာ ပန်းကြဲလေးတွေရဲ့ နေရာကလည်း အရေးကြီးလှပါတယ်နော်။ သတို့သမီးလေးရဲ့ ချစ်စရာ ကောင်းတဲ့ညီမလေးကို ပန်းကြဲ အဖြစ် မြင်တွေ့ရတာကတော့ မင်္ဂလာပွဲလေးကို ပိုမို ပြည့်စုံစေသလို ခံစားရစေနိုင်တာမို့ Marry က ပြန်လည် ဝေမျှလိုက်ရပါတယ်။

 

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords