Wedding Package Terms & Conditions


(၁) Package တွင် ပါဝင်သော ဝန်ဆောင်မှု(Service) ပေးမည့် အမျိုးအစားများ

လုပ်ငန်းလက်ခံသူဘက်မှ ဝန်ဆောင်မှု(Package)ပေးမည့် အထဲ တွင် အောက်တွ င်အသေးစိတ် ဖော်ပြထားသော ဝန်ဆောင်မှုများပါဝင်ပါမည်။ ယင်းဝန်ဆောင်မှု(၁၂)မျိုးလုံးအား လုပ်ငန်းအပ်နှံသူများနှင့် အသေးစိတ် ညှိနှိုင်းပြီး ပြီးပြည့် စုံကောင်းမွန်သည်အထိ လုပ်ငန်း လက်ခံသူဘက်မှ တာဝန်ယူပေး သွားမည်ဖြစ်ပါသည်။ အောက်တွင်အသေးစိတ်ဖော်ပြထားသည့် ဝန်ဆာင် မှု(၁၂)မျိုးမှာ-

  • မင်္ဂလာပွဲ ကျင်းပမည့် ခန်းမ/နေရာ (Package ပေါ်မူတည်၍ ပါဝင်/မပါဝင်)
  • မင်္ဂလာအကြို မှတ်တမ်းတင် ဓါတ်ပုံ
  • ဖိတ်စာ
  • လက်ဆောင်ပြန်ကမ်းမည့် ပစ္စည်း
  • မင်္ဂလာအခန်းအနားမှူး
  • တေးဂီတအစီအစဉ် (Music Band)
  • မိတ်ကပ်
  • မင်္ဂလာဝတ်စုံ
  • Bridal floral set
  • ပန်းအလှဆင်ခြင်း
  • မင်္ဂလာပွဲနေ့ မှတ်တမ်းတင် Video
  • ဟန်းနီးမွန်း ခရီးစဉ်

တို့ဖြစ်ပြီး လုပ်ငန်းအပ်နှံသူများစိတ်ကြိုက် နှစ်ဦးနှစ်ဘက်ညှိနှိုင်းပြီး ပြီးပြည့်စုံသည်အထိ လုပ်ငန်းလက်ခံသူဘက်မှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

(၂) Marry Wedding Planner Package အားဖျက်သိမ်း(Cancel) ခြင်း

လုပ်ငန်းအပ်နှံသူများဘက်မှ မင်္ဂလာပွဲအတွက် စရန်ငွေပေးချေပြီးပါက မင်္ဂလာပွဲကျင်း ပမည့် ရက်နှင့် (ဝန်ဆောင်မှု)Package အမျိုးအစား ပြောင်းလဲခွင့်မရှိကြောင်း သိရှိလက်ခံရပါမည်။
ယခုနှစ်ဦးသဘောတူလုပ်ငန်းအပ်နှံကတိစာချုပ် ချုပ်ဆိုရာတွင် လုပ်ငန်းအပ်နှံသူများနှင့် အ တူနှစ်ဖက်မိဘမှ သဘောတူညီကြောင်းအသိသက်သေ လက်မှတ်ထိုးပေးရပါမည်။ (မိဘများ မှ ခရီးလွန်ခြင်း၊ နယ်တွင်ရောက်ရှိနေခြင်းများဖြစ်သဖြင့် လက်မှတ်မထိုး ပေးနိုင်ပါက နောင်တွင် ဖြစ်လာမည့် ကိစ္စအရပ်ရပ်အား လုပ်ငန်းအပ်နှံသူများ ဘက်မှ တာဝန်ယူ ဖြေရှင်းပေးရပါမည်။ လုပ်ငန်းလက်ခံသူများဘက်မှနစ်နာမှုမှန်သမျှ ဖြေရှင်းပေးရန် ယခုစာချုပ်ဖြင့် သဘောတူပြီး ဖြစ် ကြောင်း သိရှိရပါမည်)
နှစ်ဦးသဘောတူလုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းတွင် နှစ်ဦးသဘောတူဖျက်သိမ်းခြင်း မဟုတ်ဘဲ လုပ်ငန်းအပ်နှံသူများဘက်မှ တစ်ဖက်သတ် ဖျက်သိမ်းပြုလုပ်ခဲ့ပါက(Deposit) စရန်ပေးထားသော ရာခိုင်နှုန်းဖြစ်သည့် (၅၀%)အား လုပ်ငန်းလက်ခံသူဘက်မှ ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။ထို့အတူလုပ်ငန်းလက်ခံသူဘက်မှ ဖျက်သိမ်းခြင်းပြုလုပ်ခဲ့ပါက လုပ်ငန်းအပ်နှံသူများ ပေးအပ်ထား သည့် (Deposit) စ ရန်ငွေအား အပြည့်အ၀ ပြန်လည်ပေးအပ်ပါမည်။
မင်္ဂလာရက်မရောက်မှီ (၁) လအလိုတွင် လုပ်ငန်းအပ်နှံသူများဘက်မှ နှစ်ဦးသဘောတူ လုပ်ငန်းအပ် နှံကတိစာချုပ်အား ဖျက်သိမ်းခြင်းပြုလုပ်ခဲ့ပါက စာချုပ်ချုပ်ဆိုစဉ်တွင် နှစ်ဦးသဘောတူညီထားသည့် ဝန်ဆောင်ခ (၁၀၀ %) အပြည့်အား ပေးဆောင်ရမည် ဖြစ်ပါသည်။

(၃) Marry Wedding Planner Package ဝန်ဆောင်မှုများအား အသုံးပြုခြင်း

လုပ်ငန်းလက်ခံသူမှ ငွေတောင်းခံလွှာထုတ်ပေးရာတွင် လုပ်ငန်းအပ်နှံသူများမှ မိမိတို့ ရွေးချယ်ထားသော ဝန်ဆောင်မှု (Package) တွင် ပါဝင်သောဝန်ဆောင်မှု(Services)များအား သေ ချာစိ စစ်ပြီးသာလက်မှတ်ထိုးပေးရပါမည်။ မှားယွင်းခြင်းရှိခဲ့ပါက (၇)ရက်အတွင်း နှစ်ဦးနှစ်ဘက် အတည်ပြု ပြောင်းလဲရန်နှင့် (၇)ရက်ကျော်မှ ပြောဆိုလာသည့် မည်သည့်မှားယွင်းမှုများကိုမှ လုပ်ငန်းလက်ခံသူ ဘက်မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
လုပ်ငန်းအပ်နှံသူဘက်မှ မိမိနှင့်အကျိုးတူလုပ်ကိုင်သည့် လုပ်ငန်းရှင်ဘက်သို့ လုပ်ငန်းအပ်နှံသူများ၏ မင်္ဂလာပွဲနှင့်ပတ်သက်ပြီး ဝန်ဆောင်မှုယူထားသည့် အချက်အလက်များအား ကြို တင် ပေးပို့ထားပေးပါမည်။
လုပ်ငန်းအပ်နှံသူများမှ လုပ်ငန်းလက်ခံသူနှင့်လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆိုပြီး၍ စရန်ငွေ ပေးချေပြီးပါက မိမိရွေးချယ်ထားသည့်ဝန်ဆောင်မှုအတွက် ပစ္စည်းရွေးချယ်၍ ရွေးချယ်ခဲ့ သည့် မင်္ဂလာပစ္စည်းကုဒ်နံပါတ် (Code No.)အား အတည်ပြုပြီး လက်မှတ်ရေးထိုးပေးရပါမည်။
ယင်းတို့ရွေးချယ်ပြီးပါက ရွေးချယ်ခဲ့သည့်ပစ္စည်းအမျိုးအစားနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းမှု၊ လွဲမှားမှု၊ချွတ်ယွင်းချက်တစ်စုံတစ်ရာပေါ်ပေါက်လာပါက လုပ်ငန်းအပ်နှံသူများနှင့် လုပ် ငန်းလက်ခံသူနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တို့ နှစ်ဦးအကြားသာ ဖြေရှင်း ရမည့်တာဝန်ဖြစ်သည်။ လုပ်ငန်းလက်ခံသူနှင့် ပတ်သက်စပ်ဆိုင်ခြင်းမရှိကြောင်း သိရှိရမည်။
လုပ်ငန်းအပ်နှံသူများဘက်မှ မိမိတို့ရွေးချယ်ထားသော ဝန်ဆောင်မှုတွင် ပါဝင်သော ပစ္စည်းအမျိုးအစားနှင့်ပစ္စည်းဈေးနှုန်းထက်ပိုသော ပစ္စည်းများရွေးချယ်ဝယ်ယူခဲ့ပါက ပိုသွားသည့် ပစ္စည်း ဈေးနှုန်းအား လုပ်ငန်းလက်ခံသူသို့ ထပ်မံပေးဆောင်ရပါမည်။
ယင်းအပြင် ဝန်ဆောင်မှု(Package) တွင် ပါဝင်သောအမျိုးအစားထဲမှ ဈေးနှုန်း ပုံသေသတ်၍ မရသော အမျိုးအစားအတွက် ဈေးနှုန်းအနည်းငယ်ပြောင်းလဲခြင်းများအား လုပ်ငန်းအပ်နှံ သူများဘက်မှ သိရှိလက်ခံပါသည်။ (ဥပမာ ဖိတ်စာ စက္ကူသား Design ပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။)

(၄) Payment ငွေပေးချေခြင်း

Wedding Planner Package တွင် ပါဝင်သော လုပ်ငန်းအပ်နှံသူများမှ လုပ်ငန်းလက်ခံသူများနှင့် လုပ်ငန်း အပ်နှံကတိစာချုပ် ချုပ်ပြီးချိန်တွင် စရန်ငွေ (၅၀%) ပေးချေရပါမည်။
လုပ်ငန်းအပ်နှံသူများဘက်မှကျန်ရှိသော (၅၀%)အား မင်္ဂလာဆောင်မည့်နေ့ မရောက်မှီ တစ်လအလိုတွင် အပြီး ပေးချေရပါမည်။ ယင်း(၁)လအတွင်း ပေးချေခြင်းမပြုပါက နှစ်ဘက်သဘောတူညီထားသော လုပ်ငန်းအပ်နှံကတိစာချုပ်အား လုပ်ငန်းအပ်နှံသူများမှ မိမိသဘောဖြင့် ဖျက်သိမ်းခြင်းပြုလုပ်သည်ဟု သတ်မှတ်ပြီးပေးချေရမည့်(၅၀%)အား လုပ်ငန်းအပ်နှံသူများသို့ပေးအပ်ရမည်ဖြစ်ကြောင်း သိရှိပါသည်။
လုပ်ငန်းအပ်နှံသူများဘက်မှကျန်ရှိသော (၅၀%)အား ပေးချေရန်ပျက်ကွက်ပါက နှစ်ဘက်လုပ်ငန်းအပ်နှံ ကတိစာချုပ်ချုပ်ဆိုစဉ်တွင် အသိသက်သေအာမခံအဖြစ်လက်မှတ်ရေးထိုးပေးခဲ့သည့် အသိသက်သေများ ကလည်းကောင်း၊ လုပ်ငန်းအပ်နှံသူများ မိဘများကလည်းကောင်း ပေးချေရပါမည်။
လုပ်ငန်းအပ်နှံသူများဘက်မှ လုပ်ငန်းလက်ခံသူသို့ ဝန်ဆောင်မှုများ အတွက် ငွေပေးချေရာတွင် လုပ်ငန်းလက်ခံသူ Company Bank Account (သို့မဟုတ်) ငွေသားဖြင့် ပေးချေနိုင်ပါသည်။ ငွေလက်ခံ ရရှိပြီးပါက လက်ခံရရှိကြောင်း ပြေစာအား လုပ်ငန်းအပ်နှံသူများသို့ ပြန်လည်အကြောင်းကြားခြင်း ပြုလုပ် ပေးပါမည်။

(Service complain) ဝန်ဆောင်မှု အဆင်မပြေခြင်း

လုပ်ငန်းအပ်နှံသူများဘက်မှ အဆင်မပြေမှုများရှိပါက လုပ်ငန်းလက်ခံသူများCustomer Service Center သို့ ဖုန်းဖြင့်ဆက်သွယ်ပြီး အဆင်မပြေမှုများကို ပြောဆိုနိုင်ပါသည်။