Advertisement

ချစ်တို့ရေ Pre wedding  ရိုက်တဲ့ရက်မှာ အဆင်မပြေတာမျိုး မရှိရလေအောင် ဒီအချက်(၃) ချက်ကို မမေ့လိုက်နဲ့နော်။

သတို့သမီးလေးတို့ရေ မင်္ဂလာဆောင်တော့မယ်ဆိုရင်  Pre wedding မဖြစ်မနေ ရိုက်ကြတယ်မလား။ Outdoor မရိုက်ဖြစ်ကြဘူးဆိုရင်တောင် သတို့သမီးလေးတို့ Indoor တော့ ရိုက်ဖြစ်ကြတာပဲလေနော်။ သတို့သမီးလေးတိုင်း Pre wedding ရိုက်တော့မယ်ဆိုရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တော့ ရှိကြတာပဲလေနော်။ Pre wedding မှာ စိတ်ညစ်စရာ စိုးရိမ်စရာ မဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်နော်။

ငွေကြေးကိစ္စ

Pre wedding ရိုက်တဲ့အခါမှာ စိုးရိမ်စိတ်နည်းနိုင်သမျှ နည်းအောင် စီစဉ်ထားမယ်ဆိုရင်တော့ ငွေကြေးကိစ္စ သေချာစီစဉ်ထားဖို့ လိုပါတယ်။ ငွေကြေးကိစ္စ အဆင်ပြေမှသာ Pre wedding ကို စိတ်အေးအေး ရိုက်နိုင်မှာမလား။ နောက်ပြီး ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး စုံတွဲလေးတို့ စိတ်တိုင်းကျ ဖြစ်ဖို့ လိုပါတယ်။ ကိုယ်ကုန်ကျသလောက် ကောင်းပါ့မလား၊ ကုန်ကျထားသလောက် ပြန်မရလို့ နောက်တစ်ခုထပ်ရိုက်ရမယ့် စရိတ် ဒါမျိုးတွေ တွေးပြီး မပူပါနဲ့နော်။ အကောင်းဆုံးသာ စီစဉ်ထားပါ။

အစီအစဉ်နဲ့ ပြင်ဆင်တဲ့အခါ

Pre wedding အတွက် ပြင်ဆင်တဲ့အခါမှာ အစီအစဉ် ကျဖို့ လိုပါတယ်။ အစီအစဉ်ကျမှသာ စုံတွဲလေးတို့ Pre wedding အတွက် စိုးရိမ်စရာတွေ နည်းမှာပါ။ အစီအစဉ် ကျဖု့ိဆိုတာ ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်လိုရိုက်မယ်ဆိုတာမျိုး အတိအကျ ဖြစ်အောင် စီစဉ်ထားသင့်ပါတယ်။ ရိုက်ပေးမယ့်သူတွေနဲ့ သေချာအောင် ပြောထားဖို့ လိုပါတယ်။ Confirm သေချာလုပ်ထားဖို့ လိုပါတယ်။ ပြင်ဆင်တဲ့အခါမှာကတည်းက သေချာအောင် လုပ်ဆောင်ထားဖု့ိ လိုပါတယ်။

အနားယူထားပါ

Pre wedding မရိုက်ခင်မှာ အနားယူထားဖို့လည်း မမေ့ပါနဲ့နော်။ တချို့ဆို စိုးရိမ်စိတ်တွေများပြီး ရိုက်မယ့်နေ့မှာ ဖျားနာတာမျိုး၊ နေသိပ်မကောင်းတာမျိုး ဖြစ်တတ်တာကြောင့်ပါ။ Pre wedding မရိုက်ခင်မှာ ကောင်းကောင်း အနားယူထားဖို့ မမေ့လိုက်ပါနဲ့နော်။ နောက်တစ်ခုကတော့ စုံတွဲလေးတို့ စိတ်ကို အေးအေးထားဖို့ပါ။ စိတ်ရော ကိုယ်ပါ အနားယူထားမှသာ စိတ်ညစ်စရာ နည်းမှာပါ။

ချစ်တို့ရေ Pre wedding  ရိုက်တဲ့ရက်မှာ အဆင်မပြေတာမျိုး မရှိရလေအောင် ဒီအချက်(၃) ချက်ကို မမေ့လိုက်နဲ့နော်။

 

Tags: pre wedding

Comments

0 comments