Advertisement

ဓါတ်ပုံမှန်သမျှ အကုန်လုံး အဆင်ပြေပြေဖြစ်နေဖို့၊ ပုံထွက်ကောင်းပြီး ကိုယ်လိုချင်တာနဲ့ တထပ်တည်း ကျဖို့အတွက် ပွဲနေ့မှာ ဒီအချက်လေးတွေကို သတိထားရမယ်နော်။

တစ်သက်မှာ တစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲလေး အမှတ်တရ ပုံလေးတွေမှာ မင်္ဂလာမောင်နှံတိုင်း အကောင်းဆုံး ဖြစ်ချင်ကြတာ သေချာပါတယ်။ အထူးသဖြင့် သတို့သမီးလေးတွေပေါ့လေ။ ကိုယ့်ပွဲကို အကုန်လုံး အကောင်းဆုံး ဖြစ်စေချင်ကြတယ်လေ။ မင်္ဂလာပွဲနေ့မှာ ရိုက်တဲ့ပုံတိုင်း ကောင်းဖို့ဆိုရင်၊ စိတ်တိုင်းကျဖို့ဆိုရင် မောင်နှံလေးတို့ အနေနဲ့ သိထားရမှာတွေ အများကြီး ရှိပါတယ်နော်။ ဘာတွေဖြစ်မလဲ ဖတ်ကြည့်လိုက်ရအောင်။

ဓါတ်ပုံဆရာနဲ့ အချိတ်အဆက်မိနေပါစေ

သတို့သား၊ သတို့သမီးလေးတို့က မင်္ဂလာပွဲနေ့မှာ ဓါတ်ပုံဆရာနဲ့ အချိတ်အဆက်မိနေဖို့ လိုပါတယ်။ ဓါတ်ပုံဆရာက ချိန်လိုက်တာနဲ့ ကိုယ်က ပို့စ်ပေးပြီးသား ဖြစ်နေပါစေနော်။ ပွဲကြီးနေ့က ဧည့်ခံရင်း ရိုက်ရတာမလား။ ဒီတော့ အချိန်တိုအတွင်း ပုံကောင်းကောင်း ရဖို့ လိုတယ်လေ။ ဓါတ်ပုံဆရာကို ခဏခဏလေး လှမ်းကြည့်ဖို့နဲ့ ဓါတ်ပုံရိုက်နေမှာပဲ ဆိုတာမျိုးလေး တွေးထားနော်။

ဓါတ်ပုံဆရာကို ကူညီပါ

ဓါတ်ပုံဆရာကို ကူညီပါ (photo: chunchowphotography.com)

ဓါတ်ပုံဆရာကို ကူညီပါ

မင်္ဂလာပွဲနေ့မှာ ပုံကောင်းကောင်းရချင်တယ်ဆိုရင် ဓါတ်ပုံဆရာကို အကူအညီပေးဖို့ လိုပါတယ်။ မနှောင့်ယှက်မိဖို့ လိုပါတယ်နော်။ ဓါတ်ပုံဆရာ ရှေ့ကနေ ကွယ်ရပ်နေတာ၊ ရိုက်မယ်ဆိုတိုင်း လူလိုက်စုရတာ၊ ဟိုလူ့ကို စောင့်ပေးဦး၊ ဒီလူ့ကို စောင့်ပေးဦးနဲ့ မလုပ်ပါနဲ့နော်။ ဓါတ်ပုံဆရာ မရိုက်ခင် ဖုန်းတွေနဲ့ အရင်ရိုက်ပြီး ဖုန်းကင်မရာတွေကိုပဲ ဦးစားပေးကြည့်နေတာမျိုး မလုပ်ပါနဲ့။ ဘယ်သူတွေ ဘယ်လိုရိုက်ရိုက် ဓါတ်ပုံဆရာရဲ့ ကင်မရာကိုသာ ဦးစားပေးပြီး ကြည့်ပါ။ ကျန်တဲ့မိသားစုဝင်တွေကိုလည်း မှာထားပါနော်။

ဓါတ်ပုံရွေးရတဲ့အခါမှာ အဆင်ပြေစေဖို့

ဓါတ်ပုံရွေးရတဲ့အခါမှာ အဆင်ပြေစေဖို့  (photo: brideandbreakfast.hk)

အချိန်

စုံတွဲလေးတို့ရေ ဓါတ်ပုံဆရာ ရွေးတဲ့အခါမှာ အချိန်များများပေးနိုင်တဲ့သူကို ရှာပါ။ တချို့ကျတော့ ပွဲဆက်တွေ လက်ခံထားတာမျိုး ဖြစ်တတ်ပြီး အချိန်ကြာကြာ မပေးနိုင်တာမျိုး ဖြစ်တတ်တာကြောင့်ပါ။  စုံတွဲလေးတို့အနေနဲ့ အချိန်အေးဆေး ရိုက်ပေးနိုင်မယ့်သူကို ရှာပါ။ ပုံကောင်းကောင်းရချင်တယ်ဆိုရင် ဓါတ်ပုံရိုက်မယ့်အချိန်ကို ကွက်တိ ဖြစ်အောင် စီစဉ်တာမျိုး မလုပ်ပါနဲ့နော်။ ပွဲနေ့မှာ မိတ်ကပ်လိမ်းတဲ့ပုံ၊ ဝတ်စုံအပြည့် ပို့စ်အမျိုးမျိုး ရိုက်ခွင့်ရဖို့ဆိုရင်တော့ အချိန်ပိုရမှ ဖြစ်မှာပါ။ ဒါကြောင့် အချိန်ကွက်တိ လုပ်တာမျိုး မလုပ်ပါနဲ့နော်။ ပွဲချိန်အတွင်းမှာပဲ မီအောင် စီစဉ်ပြီး ရိုက်ရမှာ ဖြစ်တဲ့အတွက် ဓါတ်ပုံရိုက်ဖို့ အချိန်ပိုထွက်အောင် ကြိုတင်စီစဉ်ထားပါ။

ဓါတ်ပုံဆရာအတွက် စားစရာတွေ ပြင်ဆင်ထားပါ

ဓါတ်ပုံဆရာတွေလည်း မနက်အစောကြီးထပြီး သတို့သမီးလေးတို့ မိတ်ကပ်ပြင်တဲ့ ပုံတွေ ရိုက်လို့ မီအောင် အစောကြီး လာရတာပဲလေနော်။ ဧည့်ပရိသတ်တွေအတွက် ပြင်ဆင်ထားသလို ဓါတ်ပုံဆရာတွေအတွက်လည်း စားဖို့ သက်သက်စီစဉ်ထားပေးပါ။ သူတို့လည်း သတို့သား၊ သတို့သမီးလေးနဲ့အတူ ပွဲအစအဆုံး ရှိနေမှာပဲလေ။

ဓါတ်ပုံရွေးရတဲ့အခါမှာ အဆင်ပြေစေဖို့

စုံတွဲလေးတို့ရေ ဝန်ဆောင်မှုတွေ သေချာမေးဖို့ အရမ်းအရေးကြီးပါတယ်နော်။ ဓါတ်ပုံတွေ ဘယ်နှစ်ပုံရမလဲ၊ ဆိုဒ်ဘယ်လောက်တွေ ဘယ်နှစ်ပုံလဲဆိုတာ သေချာလေး မေးပါ။ ရိုက်ပြီးမှ အရင် ရမယ် ပြောထားတာတွေ မရတာမျိုး၊ နားလည်မှု လွဲတာမျိုး ဖြစ်တတ်တာကြောင့်ပါ။ ဘယ်နှစ်ပုံကို Edit ပေးမလဲ ဒါတွေလည်း သေချာသိထားမှသာ မင်္ဂလာပွဲနေ့အတွက် ရိုက်တဲ့ ဓါတ်ပုံတွေအတွက် စိတ်မညစ်ရမှာပါ။ ပွဲပြီးနောက် ပွဲရွေးရင်လည်း အဆင်ပြေဖို့ ထည့်စဉ်းစားရမယ်နော်။

မင်္ဂလာပွဲနေ့မှာ ရိုက်တဲ့ ဓါတ်ပုံမှန်သမျှ အကုန်လုံး အဆင်ပြေပြေဖြစ်နေဖို့၊ ပုံထွက်ကောင်းပြီး ကိုယ်လိုချင်တာနဲ့ တထပ်တည်း ကျဖို့အတွက် ပွဲနေ့မှာ ဒီအချက်လေးတွေကို သတိထားရမယ်နော်။

Comments

0 comments