စိတ်ညစ်ရတဲ့ Pre wedding မဖြစ်စေဖို့

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ Pre wedding ကို စိတ်ချမ်းချမ်းသာသာ ပြီးဆုံးချင်တယ်ဆိုရင်တော့ ဒါလေးတွေကို ဂရုစိုက်ထားပေးနော်။ 

Pre wedding ဆိုတာ ဓါတ်ပုံရိုက်ခြင်းဆိုတာထက်ကို ပိုပါတယ်။ နှစ်ယောက်စလုံးရဲ့ ပျော်စရာ အခိုက်အတန့် ဖြစ်သလို ကုန်ကျစရိတ်လည်း များတဲ့ အစီအစဉ်တစ်ခုပါနော်။ အဲဒီတော့ Pre wedding ရိုက်နေချိန်မှာရော၊ ရိုက်ပြီးလို့ ဓါတ်ပုံတွေရလာတဲ့အချိန်မှာရော စိတ်ချမ်းသာနေဖို့ လိုပါတယ်။ ဒါကလည်း အသေးစိပ် စီစဉ်တတ်ဖို့တော့ လိုပါတယ်။ ဒီတော့ ဘာတွေ စီစဉ်ရမလဲ ပြောပြမယ်နော်။

Outdoor ဆိုရင်

Outdoor ဆိုရင် (photo: awesomememories.com.sg)

ပထမဦးဆုံးအနေနဲ့ ကိုယ်နေတဲ့ မြို့အတွင်းပဲလား၊ ဒါမှမဟုတ်ရင် ချစ်သူနှစ်ဦးအမှတ်တရ ရှိခဲ့တဲ့နေရာလား၊ တခြားနေရာဒေသလား ဆိုပြီး ရွေးစရာတွေက အတော်လေးကို များပါတယ်။ ဘယ်မြို့မှာ ရိုက်မယ်ဆိုတာလေး အရင်စုံစမ်းပါ။ အလုပ်တစ်ဖက်နဲ့မို့ အချိန်အရမ်းမပေးနိုင်ရင်တော့ ကိုယ်မြို့ကလှတဲ့နေရာမှာပဲ ရိုက်ပါ။ အချိန်နဲ့ ကိုက်ပြီး ဓါတ်ပုံဆရာနဲ့ မေးမြန်းပါ။ မဟုတ်ရင် ခရီးပန်း လူပန်းပြီး စိတ်ညစ်ရနိုင်ပါတယ်။ Pre wedding ရိုက်တဲ့နေ့မှာ ဓါတ်ပုံဆရာက ပြေးဆိုပြေး၊ ထိုင်ဆိုထိုင်လုပ်ဖို့ လိုပါတယ်။ ပြောစကား နားထောင်ပါနော်။ ဒါမှ ဓါတ်ပုံဆရာလည်း စိတ်ရှည်လက်ရှည်ရိုက်ပေးနိုင်မှာဖြစ်ပြီး ပုံလှလှလေးတွေ ရလာမှာပါ။

ရိုက်တဲ့နေ့မှာ

Pre wedding အတွက် စရံချပြီဆိုကတည်းက ရိုက်တဲ့နေ့မှာ ဘာတွေ လိုမလဲဆိုတာ မေးပါ။ အဆာပြေစားဖို့ မုန့်၊ ဖိနပ် အပါး၊ မျက်စဉ်းဆေး၊ မျက်ကပ်မှန်၊ အတွင်းခံ စတာတွေ ယူလာဖို့ လိုမလို မေးပါ။ ရိုက်တဲ့နေ့အတွက် လိုတာတွေအကုန်မေးပါ။ မိတ်ကပ်ဆရာကရော တောက်လျှောက် အနားရှိနေမှာလားဆိုတာလည်း မေးပါ။ များများ ပြုံးပါ။ မရှက်ပါနဲ့။ ဒီလိုမျိုး အပြုံးလှလှပုံလေး ရဖို့ ငွေတွေအများကြီး ကုန်ကျထားတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။

ရိုက်တဲ့နေ့မှာ

ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး

စုံတွဲလေးတို့ရေ ဝန်ဆောင်မှုတွေ သေချာမေးဖို့ အရမ်းအရေးကြီးပါတယ်နော်။ ဓါတ်ပုံတွေ ဘယ်နှစ်ပုံရမလဲ၊ ဆိုဒ်ဘယ်လောက်တွေ ဘယ်နှစ်ပုံလဲဆိုတာ သေချာလေး မေးပါ။ ရိုက်ပြီးမှ အရင် ရမယ် ပြောထားတာတွေ မရတာမျိုး၊ နားလည်မှု လွဲတာမျိုး ဖြစ်တတ်တာကြောင့်ပါ။ Vinyl နဲ့ ပတ်သက်ပြီးရော လုပ်နိုင်မလားဆိုတာလည်း မေးပါ။ ပုံရဲ့ Quality နဲ့ ထပ်ပေးရမယ့် Charges တွေရော ရှိလားဆိုတာ သေချာမေးပါ။ စုံတွဲတော်တော်များများက ရိုက်ပြီးမှ ဟိုပုံလိုချင် ထပ်ပေးရ၊ ဒီပုံယူရင် ထပ်ပေးရနဲ့ စိတ်ညစ်စရာတွေ ဖြစ်တတ်ကြတာကြောင့်ပါ။

ဆုံးဖြတ်တဲ့အခါ (photo: singaporebrides.com)

ဆုံးဖြတ်တဲ့အခါ

Pre wedding အတွက် ဓါတ်ပုံဆရာရွေးတာပဲ ဖြစ်ဖြစ်၊ ဝတ်စုံရွေးတာပဲ ဖြစ်ဖြစ် ဆုံးဖြတ် ရွေးချယ်ပြီးတဲ့အခါ ယုံကြည်မှုထားပါ။ ဝတ်စုံကို ရွေးပြီးမှ မကြိုက်တော့တာမျိုး၊ စိတ်ထဲ ဘဝင်မကျသလိုလို ခံစားနေရရင် စိတ်ညစ်ရပါလိမ့်မယ်။ ဓါတ်ပုံဆရာ ရွေးချယ်ပြီးရင်လည်း အဲဒီလိုပါပဲနော်။ ယုံကြည်မှု ထားပါ။

စုံတွဲလေးတို့ Pre wedding ကို စိတ်ချမ်းချမ်းသာသာ ပြီးဆုံးချင်တယ်ဆိုရင်တော့ ဒါလေးတွေကို ဂရုစိုက်ထားပေးနော်။ 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords