Advertisement

ဘယ်နေရာမှာ ဘယ်လိုလေး ရိုက်မယ်၊ ဘယ်ပုံတွေကို အဓိက လိုချင်လဲဆိုတာ ကြိုပြောထားပါ။ ဒါမှသာ ကိုယ်လိုချင်တဲ့ ပုံကောင်းကောင်းလေးတွေ ရနိုင်မှာပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့ အမှတ်တရတွေဆိုတာ နှစ်ခါပြန်မရနိုင်တဲ့ အချိန်ဖြစ်တာမို့ အမှတ်တရတွေကို အမိအရ မှတ်တမ်းတင်ထားနိုင်ဖို့ လိုပါတယ်နော်။ မင်္ဂလာပွဲနေ့ ဓါတ်ပုံတွေ စုံစုံလင်လင် ဖြစ်ဖို့လိုသလို ပုံတိုင်းလှနေဖို့ လိုပါတယ်။ ဒီတော့ မင်္ဂလာပွဲနေ့မှာ ထောင့်စေ့ဖြစ်ဖို့အတွက် ဘာတွေလိုမလဲ၊ လုပ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်နော်။

ပုံကောင်းကောင်းလေးတွေ ရချင်ရင် (photo: alittlemoment.com)

ပြုံးထားပါ

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့ ဓါတ်ပုံတွေ လှလှပပဖြစ်နေချင်တယ်ဆိုရင်တော့ အချိန်ပြည့် ပြုံးထားဖို့ လိုပါတယ်။ မင်္ဂလာပွဲနေ့မှာ ဓါတ်ပုံအတွက် သီးသန့် ချိန်နေတာမျိုးထက် Snap လေးတွေ ပိုများတာကြောင့်ပါ။ နောက်ပြီး အချိန်နဲ့ ဖြစ်တာမို့ သီးသန့် ပြုံးထားဖို့ ပို့စ်တွေ သင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မင်္ဂလာပွဲနေ့မှာ ပြုံးထားပါ။

အခမ်းအနားမှူး

မင်္ဂလာဆောင်မှာ ပုံကောင်းကောင်းလေး ရဖို့ဆိုတာ အခမ်းအနားမှူးနဲ့လည်း ဆိုင်ပါတယ်နော်။ အခမ်းအနားမှူးက ဓါတ်ပုံရိုက်ဖို့ အချိန်ပေးဖို့ လိုသလို ဧည့်သည်တေတွကို ဧည့်ခံမယ့် အချိန် ပေးဖို့ လိုပါတယ်။ ဒါတွေက အခမ်းအနားမှူးနဲ့ ကြိုတင်ညှိထားရမှာပါ။ ညစာစားပွဲမှာဆိုရင် MC က အကြင်နာပေးတဲ့ ပို့စ်လေးတွေ လုပ်ခိုင်းတာမျိုး၊ ဧည့်သည်တွေဆီ ဧည့်ခံဖို့ ပြောပေးတာမျိုးပေါ့။ တချို့က မင်္ဂလာစင်မြင့်မှာတင် အစီအစဉ်တွေ လုပ်နေပြီး ဧည့်ခံရေး လုပ်တဲ့ပုံတွေ မပါတာ၊ တခြားပုံတွေ များများ ပို့စ်ပေးချိန် မရတာမျိုး ဖြစ်တတ်ပါတယ်။

ပြုံးထားပါ (photo: alittlemoment.com)

နေရာ

နေရာ များများ ရိုက်မယ်ဆိုတဲ့ အတွေးတွေ ခဏဖယ်ထားပါ။ ရိုက်မယ့်နေရာတွေလည်း ချုံ့ထားပါ။ ဒါမှ ရိုက်ရမယ့်သူက အဆင်ပြေမှာပါ။ မဟုတ်ရင် ရိုက်ရတဲ့သူက နေရာတွေ များများ ရွေ့ရတာနဲ့တင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ပွဲထဲမှာလည်း ဘယ်နေရာလေးတွေမှာ ရိုက်မယ်ဆိုတာ ကြိုတင်ပြီး စီစဉ်ထားပါ။

ကိုယ်ကြိုက်တဲ့ပုံလေးတွေ (photo: alittlemoment.com)

ဆံပင်နဲ့ မိတ်ကပ်

ဆံပင်နဲ့ မိတ်ကပ် ပြင်ဆင်ချိန် အဆင်ပြေဖို့ လိုပါတယ်။ ဆံပင်နဲ့ မိတ်ကပ် ပြင်ဆင်တာ နောက်ကျနေရင် အလှဓါတ်ပုံ ကောင်းကောင်း လှလှ မရပါဘူး။ အချိန်တွေ လွဲပြီး အလှဓါတ်ပုံရဖို့ ခက်နိုင်ပါတယ်။ အလှဓါတ်ပုံကောင်းကောင်းလေး ရဖို့အတွက် ဆံပင်နဲ့ မိတ်ကပ်ပြင်ဆင်မှုကိုလည်း အာရုံစိုက်ထားပါ။

ကိုယ်ကြိုက်တဲ့ပုံလေးတွေ ပြောပြထားပါ

ကိုယ်လိုချင်တဲ့ ပုံလေးတွေ ပါအောင် ဘယ်နေရာမှာ ဘယ်လိုလေး ရိုက်မယ်၊ ဘယ်ပုံတွေကို အဓိက လိုချင်လဲဆိုတာ ကြိုပြောထားပါ။ ဒါမှသာ ကိုယ်လိုချင်တဲ့ ပုံကောင်းကောင်းလေးတွေ ရနိုင်မှာပါ။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့ ဓါတ်ပုံလှလှ ရဖို့ ဒါလေးတွေ သိထားပေးနော်။

 

Comments

0 comments