Advertisement

စုံတွဲလေးတို့ရေ Pre wedding ရိုက်ပြီး ပုံတွေရလာမှ စိတ်မညစ်ရလေအောင် Marry က ပြောပြထားတာလေးကို မမေ့လိုက်ပါနဲ့နော်။ ဒါမှ အချိန်၊ ငွေ ကုန်ရကျိုးနပ်မှာပါ။

စုံတွဲလေးတို့ရေ Pre wedding ကတော့ ခုနောက်ပိုင်းမှာ မဖြစ်မနေ ရိုက်လာကြပါတယ်။  Pre wedding ကို Budget မလျော့ဘဲ အကောင်းဆုံးတွေ ပြင်ဆင်ပြီး ရိုက်ကြပေမယ့် ပုံတွေ ရလာတဲ့အခါ ကိုယ်ထင်ထားသလောက် မလှလို့ စိတ်ညစ်ရတာတွေ အချိန်၊ ငွေကို နှမြောမိတာတွေလည်း ဖြစ်တတ်ကြပါတယ်။ ဒီတော့ Pre wedding ရိုက်တော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ပုံတွေ လှအောင် ဘယ်အချက်တွေ ဂရုစိုက်ရမလဲဆိုတာ ပြောပြမယ်နော်။

အလှအပဆိုင်ရာ (photo: ww.bridestory.com)

 

ဝတ်စုံရွေးချယ်မှု

သတို့သမီးလောင်းလေးတို့အနေနဲ့ Pre wedding ရိုက်တဲ့အခါမှာ ဝတ်စုံ (၃-၄) စုံလောက် ရွေးချယ် ဝတ်ဆင်ကြပါတယ်။ အရောင်ဆန်းဆန်းလေးတွေလည်း ရွေးချယ်ကြသလို ဒီဇိုင်းအစုံလည်း ရွေးချယ်ကြပါတယ်။ သတိပြုရမှာကတော့ ဝတ်စုံတွေဟာ ကိုယ်နဲ့ လိုက်ဖက်မှု ရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဓါတ်ပုံထဲမှာရော အပြင်မှာ လှဖို့ လိုပါတယ်နော်။ လိုက်ဖက်တာကို မရွေးမိရင် ပုံရလာတဲ့အခါ ဝတ်စုံသက်သက် လူသက်သက် ဖြစ်နေတတ်ပါတယ်။

ဝတ်စုံရွေးချယ်မှု

Pose ပေးတဲ့အခါ

Pre wedding အတွက် အမှတ်တရ ပုံကောင်းကောင်းလေးတွေ ရရှိဖို့ဆိုတာ Pose ပေးတတ်ဖို့ လိုပါတယ်။ ဓါတ်ပုံဆရာက ဘယ်လိုလေးနေပါလို့ ပြောပြတယ်ဆိုပေမယ့် ကိုယ်လိုချင်တဲ့ပုံလေးရဖို့ ကြိုတင်ပြင်ဆင်တာတော့ လုပ်ရမှာပါ။ တချို့ သတို့သမီးလောင်းလေးတွေဆိုရင် ပြုံးဆိုမှ မပြုံးတတ်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ ကိုယ်က အိမ်မှာ ဘယ်လိုပြုံးရင် အလှဆုံးလည်းဆိုတာ ဖုန်းနဲ့အစမ်းရိုက်ပြီး အကြိုလေ့ကျင့်ထားပါ။

Pose ပေးတဲ့အခါ (photo: enyamareine.com)

အလှအပဆိုင်ရာ

သတို့သမီးလေးတို့အနေနဲ့ လက်သည်းပြင်ဆင်တာလေးတွေ လုပ်ချင်တယ်ဆိုရင်လည်း Pre wedding မရိုက်ခင်(၃) ရက်လောက်အလိုမှာ ပြုလုပ်ပါ။ ပြည်ပမှာ ရိုက်မယ်စိတ်ကူးထားရင်လည်း ဒီပစ္စည်းလေးတွေ ပြင်ဆင်သွားပါ။ Outdoor ဆိုရင် နေရောင်ကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့နော်။

စုံတွဲလေးတို့ရေ Pre wedding ရိုက်ပြီး ပုံတွေရလာမှ စိတ်မညစ်ရလေအောင် Marry က ပြောပြထားတာလေးကို မမေ့လိုက်ပါနဲ့နော်။ ဒါမှ အချိန်၊ ငွေ ကုန်ရကျိုးနပ်မှာပါ။

 

Comments

0 comments