Advertisement

Pre wedding ရိုက်တဲ့အခါ ချောချောမွေ့မွေ့ ဖြစ်ဖို့နဲ့ ပုံထွက်တဲ့အခါ ကိုယ့်စိတ်တိုင်းကျ ဖြစ်လာဖို့ အခုပြောပြထားတဲ့ အချက်တွေ သိထားဖို့ လိုတယ်နော်။

Pre Wedding ရိုက်ကူးရေးဆိုတာလည်း စုံတွဲလေးတို့ မင်္ဂလာပွဲ စီစဉ်တဲ့ ကိစ္စတွေထဲက အရေးအကြီးဆုံး တစ်ခုပါ။ Pre wedding ရိုက်တဲ့အခါမှာ သတို့သား၊ သတို့သမီးတို့ စိတ်ရော ကိုယ်ပါ ချမ်းသာမှ ပုံကောင်းကောင်း လှလှလေးတွေ ရနိုင်မှာပါ။ Pre wedding ရိုက်တယ်ဆိုတာလည်း စုံတွဲလေးတို့ ထင်သလောက်တော့ မလွယ်ဘူးလေနော်။ Pre wedding ရိုက်တဲ့အခါမှာ ချောချောမွေ့မွေ့ ဖြစ်အောင် ပြင်ဆင်ထားရမှာတွေလည်း ရှိပါတယ်နော်။

Studio စရွေးရင်

စုံတွဲလေးတို့ အရင်ဆုံး ဘယ် Studio နဲ့ ရိုက်မလဲဆိုတာ စပြီး ရှာရမှာပါ။ ကိုယ်လိုချင်တဲ့ Pre wedding အမျိုးအစားတွေနဲ့ ပုံတွေ အနေအထားကိုကြည့်ပါ။ ကိုယ်က ရိုမတ်တစ် ဖြစ်တဲ့ပုံစံ၊ ဆန်းသစ်တဲ့ ပုံစံ၊ ကြည်လင်တောက်ပတဲ့ပုံစံ ဒါမှမဟုတ် သဘာဝဆန်တဲ့ ပုံတွေကို လိုချင်တာလား အရင်ဆုံး စဉ်းစားပြီး ပုံတွေ ရွေးထားပါ။ ဒီလိုမျိုး ကိုယ်လိုချင်တဲ့ ပုံစံကို သေချာသိထားပြီးရင်တော့ Studio ရွေးရတာ ပိုပြီး လွယ်ကူမှာပါ။ Studio တိုင်းမှာ သူတို့ပိုင်နိုင်တဲ့ Theme တစ်ခုချင်းစီ ရှိပြီးသားပါ။

ဓါတ်ပုံဆရာရွေးလို့ရလား

Studio သိရပြီဆိုရင်တော့ အဲဒီ Studioမှာ ဓါတ်ပုံဆရာ ရွေးလို့ရလား စုံစမ်းပါ။ တချို့က ကိုယ်ကြိုက်တဲ့ ဓါတ်ပုံဆရာနဲ့ ရိုက်လို့ရပါတယ်နော်။ ဓါတ်ပုံဆရာ ရွေးတဲ့အခါမှာ ကိုယ်လိုချင်တဲ့ ပုံလေးတွေ ရိုက်ပေးနိုင်တဲ့သူကို ရွေးပါ။ ဒီလိုမဟုတ်ရင်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုး ဖြစ်နေမှာပါ။ ကိုယ်မျှော်လင့်သလောက် မဖြစ်လာရင် စိတ်ပျက်ရမှာပါ။ နောက်တစ်ခုက ဓါတ်ပုံဆရာတွေက အမြဲတမ်း စုံတွဲလေးတွေကို ပို့စ်တွေ သင်ပေးတဲ့အခါမှာ ပုံစံထပ်တာတွေ တူတာတွေ ဖြစ်တတ်ပါတယ်။ ဒီတေ့ာ ကိုယ်ကိုယ်တိုင် ရိုက်ချင်တဲ့ ပုံစံလေးတွေ စုဆောင်းသွားပါ။

ဓါတ်ပုံဆရာရွေးလို့ရလား

ဓါတ်ပုံဆရာရွေးလို့ရလား (photo: .jeremywongweddings.com)

မိတ်ကပ်

Pre wedding ဓါတ်ပုံကောင်းကောင်းရဖို့ဆိုတာ ဓါတ်ပုံဆရာရဲ့ ပညာနဲ့ ဆိုင်သလို သတို့သမီးလေးတို့ကို မိတ်ကပ်ပြင်ပေးမယ့်သူရဲ့ ပညာလည်း လိုပါတယ်နော်။ ဘက်စုံအဆင်ပြေမှ လှမှာပါ။ ကိုယ်ကြိုတင်ပြီး ကြည့်ထားတဲ့ ပုံလေးတွေမှာ မိတ်ကပ်အပြင်အဆင်က ဘယ်လိုလဲဆိုတာလေးလဲ လေ့လာထားပါ။ မိတ်ကပ်အပြင်အဆင်ကရော ကိုယ်ရွေးချယ်တဲ့ Studio မှာ အဆင်ပြေလား တခါတည်း စုံစမ်းပါနော်။ ဓါတ်ပုံတော့ အဆင်ပြေပါရဲ့ မိတ်ကပ်မလှခဲ့ရင်လည်း ကိုယ်ပဲ စိတ်ပျက်ရမှာပါ။

ရိုက်မယ့်နေ့မှာ

ရိုက်မယ့်နေ့မှာာ (photo:  bvwedding.sg)

နှစ်ယောက်အရင်စကားပြောပါ

စုံတွဲလေးတို့ Pre wedding အတွက် သီးသန့်ဆွေးနွေးမှုတွေ ရှိပါစေ။ Pre wedding မှာ ဘယ်လိုTheme လေးနဲ့ ရိုက်မယ်၊ ဘယ်လိုပို့စ်လေးတွေ၊ ပုံစံလေးတွေ ကြိုက်တယ်ဆိုတာကအစ နှစ်ယောက်သား တိုင်တိုင်ပင်ပင် ရှိပါစေနော်။ မဟုတ်ရင် ရိုက်တဲ့နေ့ကျမှ ဟိုလိုအဆင်မပြေဘူး၊ ဒီလိုအဆင်မပြေဘူးနဲ့ စကားများရတာ၊ စိတ်ဆိုးရတာမျိုး မဖြစ်ရမှာပါ။

ရိုက်မယ့်နေ့မှာ

Pre wedding ရိုက်မယ့်နေ့မှာ စိတ်ညစ်စရာတွေ ဖြစ်နေရင် ပုံထဲမှာ မလှဘူးနော်။ ပြန်အဆင်ပြေလို့ ပုံတွေပြန်ကြည့်တဲ့အခါ အပြုံးတွေ မမြင်ရရင် စိတ်ညစ်နေရမှာပါ။ နောက်တစ်ခုကတော့ ကျန်းမာရေး ကောင်းဖို့ပါ။ ခေါင်းကိုက်တာ ခေါင်းမူးတာမျိုး ရှိနေရင်လည်း အဆင်မပြေပါဘူး။ ဒီတော့ Pre wedding မှာ စိတ်မညစ်ရဖို့ဆိုရင် အဖက်ဖက်က ပြည့်စုံရမှာပါ။

စုံတွဲလေးတို့ရေ Pre wedding ရိုက်တဲ့အခါ ချောချောမွေ့မွေ့ ဖြစ်ဖို့နဲ့ ပုံထွက်တဲ့အခါ ကိုယ့်စိတ်တိုင်းကျ ဖြစ်လာဖို့ အခုပြောပြထားတဲ့ အချက်တွေ သိထားဖို့ လိုတယ်နော်။

Comments

0 comments