Advertisement

စုံတွဲလေးတို့ရေ နိုင်ငံခြားမှာ Pre wedding ရိုက်မယ်လို့ တွေးထားရင်တော့ ရိုက်တဲ့အခါ လိုအပ်မယ့် အရာတွေကို ကြိုတင်ပြင်ဆင်သွားဖို့ လိုပါတယ်နော်။

စုံတွဲလေးတို့ရေ Pre wedding ကို နိုင်ငံခြားမှာ ရိုက်မယ်ဆိုရင် အစစ အရာရာ ပြင်ဆင်ထားဖို့ လိုပါတယ်။ အဲဒီလို အစစအရာရာ ပြင်ဆင်ထားမှသာ ရိုက်တဲ့အခါ အားလုံးချောမွေ့နေမှာပါ။ ဒီတော့ နိုင်ငံခြားမှာ Pre wedding ရိုက်မယ်တွေးထားရင် လိုအပ်တဲ့အရာလေးတွေ ပြောပြမယ်နော်။

တည်းဖို့နဲ့လေယာဉ်လက်မှတ်

စုံတွဲလေးတို့ရေ နိုင်ငံခြားမှာ သွားရိုက်မယ်ဆိုရင်တော့ တည်းဖို့ ဟိုတယ်နဲ့ လေယာဉ်လက်မှတ်တွေပါ ထပ်ပြီး စီစဉ်ရမှာပါ။ စုံတွဲလေးတို့ အချိန်နဲ့ နေရာကို သေချာစီစဉ်ပါ။ လိုအပ်တဲ့အချက်ကတော့ ရိုက်မယ့်နေရာနဲ့ ဟိုတယ် တတ်နိုင်သမျှ နီးဖို့ပါ။ အဲဒီလိုဆိုရင် အရမ်းပင်ပန်းတော့မှာ မဟုတ်ပါဘူးနော်။

တကိုယ်ရည်စာ ပစ္စည်းတွေ

တကိုယ်ရည်စာ ပစ္စည်းတွေ

စုံတွဲလေးတို့ရေ နိုင်ငံခြားမှာ Pre wedding ရိုက်တဲ့အခါ ယူသွားရမယ့် ပစ္စည်းတွေကတော့ အတွင်းခံ၊ ခါးပတ်၊ ကိုယ်ထည့်သုံးချင်တဲ့ Accessories လေးတွေနဲ့ ဖိနပ်ပါ။ Skin care လည်း ထည့်သွားပါ။ တစ်ရည်စာ အသုံးအဆောင်တွေ ပါပါစေနော်။

နိုင်ငံခြားမှာ Pre Wedding ရိုက်မယ်ဆိုရင်(photo:  onethreeonefour.com)

ထိုင်မသိမ်းနဲ့ ရိုက်မယ်ဆိုရင်

ထိုင်မသိမ်းနဲ့ ရိုက်မယ်ဆိုရင်တော့ ဒီကနေ ထိုင်မသိမ်း ယူသွားဖို့ လိုပါတယ်နော်။ နောက်ပြီး ထိုင်မသိမ်းနဲ့ လိုက်ဖက်တဲ့ ဆံထုံးပြင်တာကိုလည်း သူတို့ကို ပြင်ခိုင်းမယ်ဆိုရင်တော့ Video ပြတာမျိုးလုပ်ပါ။ တချို့ကတော့ You tube က Video တွေ ပြကြပါတယ်။ ထိုင်မသိမ်းနဲ့ ရိုက်မယ်ဆိုရင် အဲ့ဒီအတွက် လိုအပ်မယ့် Accessories တွေ အကုန်သယ်သွားရမှာပါ။ ဖိနပ်ဆိုလည်း ပုံတော်ဖိနပ် စီစဉ်သွားပါ။ သတို့သားအတွက် တောင်ရှည်ပုဆိုးဝတ်နည်း ကိုယ်တိုင်လေ့လာသွားမှ ဖြစ်မှာပါ။

ပုံတွေထည့်ဖို့

ပုံတွေထည့်ဖို့  (photo: Flipkart)

စုံတွဲလေးတို့ အဓိက ယူရမယ့် ပစ္စည်းတစ်ခု ရှိပါသေးတယ်နော်။ အဲဒါကတော့ သူတို့ဆီက ပုံတွေယူဖို့ပါ။ Retouch လုပ်ပြီးသား ပုံတွေ ယူဖို့ Hard Disk ယူသွားဖို့ မမေ့ပါနဲ့။ အဲဒါမှ Soft copy တွေ အကုန်လုံး ရနိုင်မှာပါ။

စုံစမ်းဖို့

Pre wedding ကို နိုင်ငံခြားမှာ သွားရိုက်မယ့် စုံတွဲလေးတိုင်း နောက်ထပ်လိုအပ်တာ တစ်ခုကတော့ သေချာစုံစမ်းဖို့ပါ။ ကိုယ်လိုချင်တဲ့ ပုံနဲ့ ရိုက်တဲ့အခါ အဆင်ပြေမယ့် စတူဒီယိုကို သေချာစုံစမ်းပါ။ စရံသေချာ ပေးပါ။ Package ရွေးချယ်တဲ့ အခါမှာလည်း ကိုယ်လိုချင်တာကို သေချာရွေးချယ်ပါ။ ဒါဆိုရင် အဆင်ပြေမှာပါ။

စုံတွဲလေးတို့ရေ နိုင်ငံခြားမှာ Pre wedding ရိုက်မယ်လို့ တွေးထားရင်တော့ ရိုက်တဲ့အခါ လိုအပ်မယ့် အရာတွေကို ကြိုတင်ပြင်ဆင်သွားဖို့ လိုပါတယ်နော်။

 

Comments

0 comments