Advertisement

သတို့သမီးလေးတို့ရေ မင်္ဂလာဓါတ်ပုံတွေ ရိုက်တဲ့အခါ ကိုယ်တစ်ဦးတည်း ပို့စ်ပေးတတ်ချင်ရင်တော့ ဒါမျိုးပုံလေးတွေရိုက်လို့ရတယ်နော်။

သတို့သမီးလေးတို့ရေ Pre Wedding ဆိုတာ ကိုယ့်စိတ်ကူးထဲက ဖြစ်ချင်တဲ့အရာတစ်ခုပဲမလားနော်။ ဒီတော့ Pre wedding ရိုက်တဲ့အခါမှာ အားလုံးဟာ သတို့သမီးလေး အကြိုက် ဖြစ်နေဖို့ လိုတာပေါ့။ စိတ်ကြိုက်ရိုက်မယ့် သဘောပေ့ါနော်။ ဒီတော့ စုံတွဲပုံလည်း ရိုက်၊ သတို့သမီးလေး တစ်ဦးတည်းလည်း ဝတ်စုံလှလှနဲ့ အပီအပြင် ပို့စ်ပေးပြီး ရိုက်သင့်ပါတယ်။ ဒါမှ ကိုယ့်စိတ်ကြိုက် ဖန်တီးစီစဉ်ထားတဲ့ Pre wedding က ပိုပြီးအသက်ဝင်မှာမလားနော်။ သတို့သမီးလေးတို့ ပို့စ်ပေးတတ်အောင် ပုံလေးတွေကြည့်ပြီး လေ့ကျင့်ထားနော်။

ကိုယ်လုံးအလှပေါ်ချင်ရင်

သတို့သမီးလေးတို့ရေ ခန္ဓာကိုယ်အလှလေးလည်း ပေါ်ချင်တယ်၊ ကြည့်လိုက်တာနဲ့ စမတ်ကျပြီး လှပတဲ့ပုံလေးလည်း ဖြစ်ချင်တယ်ဆိုရင်တော့ တည့်တည့်မတ်မတ်ကြီး ရပ်မနေဘဲ တစောင်းအနေအထားလေး နေပါ။ ရင်လေး ကော့ပါ။ မျက်နှာပြုံးတာ တည်တာကတော့ သတို့သမီးလေးတို့ နှစ်သက်သလိုပေါ့နော်။ ခန္ဓာကိုယ်ကိုတော့ ဒီလိုအနေအထားအတိုင်း ထားပေးနော်။

သိမ်မွေ့တဲ့ ပို့စ်လေး ပေးချင်ရင်

သိမ်မွေ့တဲ့ ပို့စ်လေး ပေးချင်ရင်

သိမ်မွေ့တဲ့ ပို့စ်လေး ပေးချင်ရင်

သတို့သမီးလေးတို့ရေ ခါးသိမ်တာလေး ပေါ်ပြီး ဘုရင်မတစ်ပါးလို ခန့်ညားတဲ့ သွင်ပြင်မျိုး ရဖို့ ဒီလိုပို့စ်လေး လေ့ကျင့်ထားနော်။ သတို့သမီးလေးတို့ အိမ်မှာ ထိုင်နေရင်းနဲ့တောင် လေ့ကျင့်လို့ ရပါတယ်။ ခါးလေးကို မတ်ထားပြီး လက်လေးနှစ်ဖက် ယှက်ထားတဲ့ ပုံလေးပါ။ ဒါမျိုးလေး ရိုက်ဖြစ်အောင် ရိုက်ပါနော်။

ဆံပင်နဲ့ မိတ်ကပ်အလှ

ဆံပင်နဲ့ မိတ်ကပ်အလှ

ဆံပင်နဲ့ မိတ်ကပ်အလှ

ဒီလိုပို့စ်မျိုးကတော့ သတို့သမီးလေးရဲ့ မျက်နှာအလှ ၊ ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ဝတ်စုံကို အသားပေးပြီး ရိုက်ထားတာပါပဲ။ သတို့သမီးလေးတို့ ဝတ်စုံတိုင်းနဲ့ မရိုက်ဘူးဆိုရင်တောင် ရွေးထားတဲ့ ဝတ်စုံထဲက အကြိုက်ဆုံး တစ်ထည်နဲ့ ဒါမျိုးလေး ရိုက်ပါ။

ဝတ်စုံနဲ့ အလှပေါ်ချင်ရင်

ဝတ်စုံနဲ့ အလှပေါ်ချင်ရင်

ဝတ်စုံနဲ့ အလှပေါ်ချင်ရင်

သတို့သမီးလေးတို့ရေ ဒီလိုပို့စ်မျိုး ရိုက်ရင်တော့ ခြေထောက် နည်းနည်းလေး ညောင်းနိုင် နာနိုင်ပါတယ်နော်။ ဒီအချက်ကိုတော့ သတိထားရမှာပါ။ အလှဆုံး ဂါဝန်ကြီးနဲ့ အတူ ပို့စ်ပေးရမှာပါ။ ဝတ်စုံတစ်ခုလုံးကို ဖြန့်ပြီး ကိုယ်က ဝတ်စုံရဲ့ အလှကြားမှာ တည်ရှိနေတဲ့ ပို့စ်လေးပါ။

သတို့သမီးလေးတို့ရေ မင်္ဂလာဓါတ်ပုံတွေ ရိုက်တဲ့အခါ ကိုယ်တစ်ဦးတည်း ပို့စ်ပေးတတ်ချင်ရင်တော့ ဒါမျိုးပုံလေးတွေရိုက်လို့ရတယ်နော်။

Photo: TuArt Wedding – Da Nang

Tags: posewedding photo

Comments

0 comments