Advertisement

တခြားနေရာမှာ ငွေပိုမကုန်အောင် ချွေတာထားတယ် ဆိုရင် ပုံကောင်းကောင်းလှလှလေးတွေရဖို့ သတို့သမီးနဲ့ သတို့သားလေးက ပိုစ့် လှလှလေးတွေကို လေ့ကျင့်ထားဖို့ လိုတယ်နော်

 

လှပတဲ့ နေရာဒေသ အစုံကို သွားပြီး Pre wedding ပုံလေးတွေ ရိုက်ကြပါတယ်

Pre Wedding ဓာတ်ပုံလေးကို လှလှပပလေးတွေ လိုချင်ကြတာ သတို့သား၊ သတို့သမီးလေးတွေ တိုင်းရဲ့ စိတ်ကူးယဉ် အိပ်မက်တစ်ခုပါပဲနော်။ တစ်ချို့စုံတွဲလေးတွေဆိုရင် လှပတဲ့ နေရာဒေသ အစုံကို သွားပြီး Pre wedding ပုံလေးတွေ ရိုက်ကြပါတယ်။ ငွေကုန်ကြေးကျ များများခံနိုင်ရင်တော့ အကောင်းဆုံး ဓာတ်ပုံဆရာ၊ အလှဆုံး နေရာဒေသကို ရွေးချယ်လို့ ရနိုင်တာမို့ Pre wedding ပုံလေးတွေ အဆင်ပြေဖို့ မပြေဖို့အတွက် သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။

အကုန်အကျ မများဘဲ လှအောင် ရိုက်လို့ရပါတယ်

ဒါပေမယ့် ငွေသိပ်မသုံးနိုင်တဲ့ စုံတွဲလေးတွေ အနေနဲ့ကတော့ ကိုယ်ရည်မှန်းထားတဲ့ ပမာဏ ဘောင်ထဲကနေ ရိုက်ကူးရေးကို စီစဉ်ရတာဆိုတော့ အဆင်မပြေမှာလည်း စိုးရိမ်၊ ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏထက် ပိုပြီး ကုန်ကျသွားမှာလည်း စိုးရိမ်တတ်ကြပါတယ်။ အဲ့လို စုံတွဲလေးတွေကို Marry က ကူညီပေးချင်လို့ပါ။ ငွေကုန်ကြေးကျလည်း သိပ်မများဘဲ ဓာတ်ပုံလှလှလေးတွေလည်း ရနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြမယ်လေနော်။

ခရီးစရိတ် လျှော့ချပါ

Studio ထဲမှာပဲ ရိုက်ကူးရေး လုပ်မယ်ဆိုရင် အကုန်အကျ သက်သာပါတယ်

Studio ထဲမှာပဲ ရိုက်ကူးရေး လုပ်မယ်ဆိုရင် အကုန်အကျ သိပ်သက်သာတာပေါ့။ ဒါပေမယ့် Out Door ပုံလေးတွေလည်း လိုချင်တယ် ဆိုရင်တော့ ခရီးထွက်တာထက် နီးနီးနားနားကိုပဲ ရွေးချယ်ပါ။ ဆိုလိုတာက မြက်ခင်းပြင်ကျယ်တွေနဲ့ ရိုက်ကူးချင်တယ်ဆိုရင် ကိုယ်နဲ့ နီးနီးနားနားမှာ မြက်ခင်းကျယ် ရှိနိုင်မလား ဆိုတာမျိုးပေါ့။ ဥပမာ – မြို့လယ်ခေါင်က မဟာဗန္ဓုလ ပန်းခြံထဲမှာ ရိုက်တာထက် ကိုယ်နေတဲ့ မြို့နယ်က ပန်းခြံထဲမှာ ရိုက်တာက အကုန်အကျ ပိုသက်သာနိုင်တယ် မဟုတ်လားနော်။

ဝတ်စုံကြောင့် စရိတ်မပိုအောင် စီစစ်ပါ

 

ဓာတ်ပုံရဲ့ လှပမှုက ဝတ်စုံပေါ်မှာပဲ ရာနှုန်းပြည့် မူတည်နေတာတော့ မဟုတ်ပါဘူး

ဝတ်စုံဟာ လှပမှုအတွက် အရေးပါတဲ့ အရာဖြစ်တယ် ဆိုပေမယ့် ဓာတ်ပုံရဲ့ လှပမှုက ဝတ်စုံပေါ်မှာပဲ ရာနှုန်းပြည့် မူတည်နေတာတော့ မဟုတ်ပါဘူးနော်။ ဒါကြောင့် ဈေးကြီးတဲ့ ဝတ်စုံကို ငှားရမ်း ဝတ်ဆင် နိုင်မှ ဓာတ်ပုံလေးလှမယ် ဆိုတဲ့ အတွေးကို ခေါင်းထဲက ထုတ်ထားပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဝတ်စုံလေးကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်မယ်။ ကိုယ်ကလည်း ပိုစ့်လှလှလေး လုပ်တတ်မယ်ဆိုရင် ဈေးကြီးတဲ့ ဝတ်စုံတွေကို ဝတ်ထားတာထက် လှပတဲ့ ပုံလေးတွေကို ရနိုင်ပါတယ်နော်။

ပေါ့ပါးတဲ့ စတိုင်မျိုးလေးတွေ ရွေးချယ်ပါ

သတို့သမီးနဲ့ သတို့သားလေးတို့က ပိုစ့် လှလှလေးတွေကို လေ့ကျင့်ထားဖို့ လိုပါတယ်

ဓာတ်ပုံလေးတွေကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် စတိုင်မျိုး ပုံဖော်ပြီး ရိုက်မယ်ဆိုရင် ပုံလေးတွေက ကြည်နူးစရာကောင်းပြီး ချစ်စရာကောင်းနေမယ့်အပြင် ဝတ်စုံ၊ မိတ်ကပ် အစရှိတာတွေကို အလွန်အကျွံ ပြင်ဆင်စရာ မလိုအပ်တဲ့ အတွက်ကြောင့် ကုန်ကျစရိတ်လည်း သက်သာပါတယ်။ တခြားနေရာမှာ ငွေပိုမကုန်အောင် ချွေတာထားတယ် ဆိုရင် ပုံကောင်းကောင်း လှလှလေးတွေရဖို့ သတို့သမီးနဲ့ သတို့သားလေးတို့က ပိုစ့် လှလှလေးတွေကို လေ့ကျင့်ထားဖို့ လိုတယ်လို့ အကြံပေးပါရစေနော်။

Comments

0 comments