Advertisement

မိတ်ကပ်အပြင်အဆင်မှာ ဆံပင်ပြင်ဆင်တာကိုလည်း မေ့ထားလို့ မရပါဘူးနော်။ ဝတ်စုံပြောင်းသွားတာနဲ့ ဆံပင်ပုံစံလေးလည်း ပြောင်းသွားရင် ပိုပြီးကောင်းပါတယ်

စုံတွဲလေးတို့ရေ Pre wedding ဆိုတာ မင်္ဂလာပွဲစီစဉ်တဲ့ ကိစ္စတွေထဲက အရေးကြီးတဲ့ တစ်ခုပါပဲ။ Pre wedding အတွက် ရွေးချယ်တဲ့အခါ ရှေ့ကစီနီယာတွေရဲ့ Pre wedding ပုံတွေကို သေချာပေါက် ကြည့်ဖို့ လိုပါတယ်။ အဲဒီအခါမှာလည်း နေရာတွေ၊ ဝန်ဆောင်မှု၊ ဓါတ်ပုံလှ မလှတွေအပြင် မိတ်ကပ်အပြင်အဆင်ကိုပါ ကြည့်သင့်ပါတယ်။ ဒါမှ Prewedding အတွက် မိတ်ကပ်က အဆင်ပြေပြေဖြစ်မှာပါ။

Pre wedding ပုံတွေမှာ မိတ်ကပ်တမျိုးတည်း မဖြစ်စေဖို့  (photo: aoftinephotographer.com)

 Pre wedding ရိုက်မယ့်စတူဒီယို

ရိုက်မယ့် စတူဒီယိုရဲ့ မိတ်ကပ်အပြင်အဆင်ကို ကြည့်ဖို့လိုပါတယ်။ စတူဒီယိုမှာ မိတ်ကပ်ပြင်ပေးတဲ့သူက သီးသန့် နာမည်နဲ့ ကိုယ့်စိတ်ကြိုက် ရွေးလို့ ရတာမျိုးလား၊ သူတို့ဆီက ပေးတာမျိုးကို ရွေးလို့မရဘဲ လိမ်းရမှာလားဆိုတာ သိထားဖို့ လိုပါတယ်။ ကိုယ့်စိတ်ကြိုက် ရွေးလို့ရတယ်ဆိုရင်တော့ သတို့သမီးလေးတို့အတွက် ပိုပြီးအဆင်ပြေမှာပါ။

မိတ်ကပ်အပြင်အဆင် ဝန်ဆောင်မှု့   (photo: aoftinephotographer.com)

မိတ်ကပ်အပြင်အဆင် ဝန်ဆောင်မှု

Pre wedding မှာ ဝတ်စုံတွေသာ တစ်ထည်ပြီး တစ်ထည် ပြောင်းသွားတယ်၊ မိတ်ကပ်က မပြောင်းသွားဘူးဆိုရင် ပုံတွေက အရမ်းတော့ ကွာခြားနေမှာ မဟုတ်ပါဘူးနော်။ မိတ်ကပ်အပြင်အဆင် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်ကောင်းလဲဆိုတာ စုံစမ်းပါ။ ဝတ်စုံ လဲတာနဲ့ မိတ်ကပ်ပါ ပြောင်းပေးမလားသေချာသိဖို့ လိုပါတယ်။ အနည်းဆုံးတော့ နှုတ်ခမ်းနီလောက် ပြောင်းတာမျိုးပေါ့။ သတိထားရမှာကတော့ တချို့က မိတ်ကပ်အပြင်အဆင် ပြောင်းပေးမယ်ဆိုပြီး ရှူတင်နေရာထိ မိတ်ကပ်ပညာရှင် ပါလာပေမယ့် တကယ်တမ်းမှာ မပြင်ပေးတာမျိုး ရှိပါတယ်။ ဒါကြောင့် မိတ်ကပ် ပြောင်းလိမ်းပေးမယ်ဆိုတဲ့ ဝန်ဆောင်မှု ပါရင် သေချာမေးထားဖို့ လိုပါတယ်။

ဆံပင့်   (photo: aoftinephotographer.com)

ဆံပင်

မိတ်ကပ်အပြင်အဆင်မှာ ဆံပင်ပြင်ဆင်တာကိုလည်း မေ့ထားလို့ မရပါဘူးနော်။ ဝတ်စုံပြောင်းသွားတာနဲ့ ဆံပင်ပုံစံလေးလည်း ပြောင်းသွားရင် ပိုပြီးကောင်းပါတယ်။ ဒါမှ ပုံထဲမှာ ဝတ်စုံပြောင်းတယ်ဆိုရင် ဆံပင်ပုံစံလေးလည်း ပြောင်းသွားမှာပါ။ ဒီလိုဆိုရင် ပုံထဲမှာလည်း တမျိုးတည်းပဲ မဖြစ်တော့ဘူးပေါ့။

Pre wedding မှာ မိတ်ကပ်အပြင်အဆင် တစ်မျိုးတည်း မဖြစ်အောင် စီစဉ်ရမှာတွေနော်။

 

Comments

0 comments