Advertisement

မင်္ဂလာဆောင်မှာ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးရေးအတွက် စိတ်ရှုပ်တာတွေ မဖြစ်ရအောင် အရေးကြီးတဲ့ အချက်(၃) ချက်ကိုတော့ သေချာ ဂရုစိုက်ပါနော်။

 စုံတွဲလေးတို့ရေ မင်္ဂလာပွဲတစ်ပွဲ စီစဉ်တယ်ဆိုတာ မလွယ်ကူလှပါဘူး။ ပွဲတစ်ပွဲလုံးမှာ နေရာပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ စိတ်တိုင်းကျဖို့ဆိုတာကလည်း စေ့စေ့စပ်စပ် စီစဉ်နိုင်မှပါ။ စုံတွဲလေးတို့ တစ်ခုချင်းဆီကို သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ ဒီထဲကမှ မင်္ဂလာပွဲနေ့အတွက် ဓါတ်ပုံနဲ့ ဗီဒီယို ဝန်ဆောင်မှု ငှားရမ်းတော့မယ်ဆိုရင် မေးမြန်းသင့်တာတွေ ဂရုစိုက်ပြီး စေ့စေ့စပ်စပ် လုပ်ဆောင်သင့်တဲ့အချက်တွေ ပြောပြမယ်နော်။

ပုံအရေအတွက် ဘယ်လောက်ရမလဲ

စုံတွဲလေးတို့ မင်္ဂလာပွဲနေ့ ဓါတ်ပုံရိုက်တယ်ဆိုတာက ကင်မရာ ရှေ့တည့်တည့် တောက်လျှောက် ရှိနေမှာ မဟုတ်တာကြောင့် စိတ်ရှည်ရှည် ရိုက်ပေးမယ့်သူ ဖြစ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့လှုပ်ရှားမှုတွေကို လိုက်ရိုက်ပေးမယ့်သူ ဖြစ်မှသာ ပုံအရေအတွက် များများ ရမှာပါနော်။ မင်္ဂလာပွဲနေ့ အချိန် (၃) နာရီစာမှာ ပုံ အရေအတွက် ဘယ်လောက် ထွက်နိုင်မလဲဆိုတာ ခန့်မှန်းခြေ မေးပါ။ များများ ရိုက်မှ ပုံရွေးရ လွယ်မှာပါ။ ပုံအားလုံး (၂၀၀) ပဲ ဆိုရင် ကိုယ်က (၁၅၀) လောက် ထုတ်မယ်ဆိုရင် ထပ်တာတွေ ဖယ်လိုက်ရင် ပုံမကျန်တော့ပါဘူး။ ဒါကြောင့် ပုံများများ ရနိုင်မလား အရေအတွက်မေးပါနော်။ ပုံကြမ်းထဲကနေ ကိုယ်က ဘယ်နှစ်ပုံလောက် ပုံကြီးချဲ့မယ် ဘယ်နှစ်ပုံလောက်ကို အချောယူမယ်ဆိုတာလေး ပြောပြထားဖို့ လိုပါတယ်။ အဲဒါမှ အဆင်ပြေမှာပါ။

မင်္ဂလာဆောင်တဲ့နေ့

မင်္ဂလာဆောင်တဲ့နေ့

ပုံတွေရဖို့ ဘယ်လောက် စောင့်ရမလဲ

စုံတွဲလေးတို့ရေ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ပြီးတဲ့အခါမှာလည်း ပွဲပြီးနောက် ဘယ်လောက်ကြာမှ ရမလဲဆိုတာပါ မေးထားဖို့ လိုပါတယ်နော်။ ဒါမှ စုံတွဲလေးတို့ စိတ်အေးရမှာပါ။ မဟုတ်ရင် ပွဲကပြီးနေပြီ ဘယ်လောက်နေမှ ရမလဲဆိုတာ မျှော်တလင့်လင့် ဖြစ်နေရမှာပါ။ ဒါကြောင့် ပုံရမယ့် အချိန်ကိုပါ မေးပါ။

ဘယ်အချိန်စရိုက်မလဲ

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနေ့ အမှတ်တရဆိုတာ ပြန်မရနိုင်တဲ့ အချိန်အပိုင်းအခြားတစ်ခုဖြစ်တဲ့အပြင် ကိုယ်လပေါင်းများစွာ စီစဉ်ထားသမျှ ဒီပွဲနေ့မှာ အကုန်လုံး ပါဝင်နေမှာပါ။ ဒီတော့ ဘယ်လိုအမှတ်တရမျိုးမဆို မှတ်တမ်းတင်ထားဖို့ လိုပါတယ်။ မင်္ဂလာပွဲနေ့မှာ ဓါတ်ပုံ ဘယ်အချိန် စရိုက်မလဲဆိုတာ မေးပါ။ ဒီလိုမျိုး အချိန်ကို ကြိုသိရတော့မှ မိတ်ကပ်လိမ်းနေတဲ့အချိန်၊ မင်္ဂလာဝတ်စုံလေးနဲ့ အမှတ်တရ ပုံ၊ ပွဲမစခင် ခန်းမ၊ ဟိုတယ်မှာ အလှပုံတွေ ရိုက်တာမျိုး လုပ်လို့ ရမှာပါ။ ဒါကြောင့် အချိန်ကြိုမေးပါ။

မင်္ဂလာဆောင်မှာ ဓါတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးရေးအတွက် စိတ်ရှုပ်တာတွေ မဖြစ်ရအောင် အရေးကြီးတဲ့ အချက်(၃) ချက်ကိုတော့ သေချာ ဂရုစိုက်ပါနော်။

Tags: photography

Comments

0 comments