Advertisement

ချစ်တို့ရေ ကိုယ့်ရဲ့  Pre wedding ကို Indoor  ရိုက်မယ်ဆိုရင်တော့ ခုပြောပြထားတဲ့ အချက်လေးတွေ မမေ့နဲ့နော်။

မင်္ဂလာပွဲလေး ကျင်းပတော့မယ်ဆိုရင် Pre wedding ကတော့ မဖြစ်မနေ ရိုက်ကြတာပဲမလားနော်။ Pre wedding ရိုက်မယ်ဆိုရင် Outdoor ရော Indoor ရော ရွေးချယ်ကြတယ်မလား။ Pre Wedding ကို Outdoor ရိုက်တော့မယ်ဆိုရင် စုံတွဲလေးတို့ ပြင်ဆင်စရာတွေ အများကြီး ရှိသလို Indoor ရိုက်မယ်ဆိုရင်လည်း ပြင်ထားရမှာတွေ ရှိတယ်နော်။ တချို့က Outdoor ကိုပဲ ပိုအာရုံထားကြတာမို့ပါ။ ဓါတ်ပုံတွေ ရလာမှ စိတ်တိုင်းမကျတာမျိုး မဖြစ်ရအောင်ပေါ့။

မျက်နှာအမူအရာ

Outdoor ရိုက်ပြီဆိုရင်တော့ စုံတွဲလေးတို့ထက် နေရာရဲ့ အလှအပကို ဦးစားပေးတာလည်း ပါဝင်တာဆိုတော့ Pose ပေးတဲ့အခါ အလိုက်အထိုက်လေး နေလို့ ရပါတယ်။ ပတ်ဝန်းကျင်က အလှအပတွေနဲ့ ထိန်းထားလို့ရတာပေါ့နော်။ Indoor ဆိုရင်တော့ စုံတွဲလေးတို့ ပေါ့ပါးတဲ့ ပုံစံလေး ဖြစ်နေဖို့ လိုသလို အဲဒီလို ပုံစံလေး အသက်ဝင်နေဖို့ လိုပါတယ်။ စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးနေမှသာ မျက်နှာအမူအယာလေးကလည်း ကြည်ကြည်လင်လင် ဖြစ်နေမှာပါ။  Indoor မှာ မျက်နှာအမူအယာက အဓိကမလို့ ပေါ့ပါးနေဖို့ လိုပါတယ်။ အဲဒါလေး ပြင်ဆင်ထားပါ။

ရယ်ပါ

Indoor ရိုက်မယ့်သူတွေ အဓိက ပြင်ဆင်ထားရမှာက ရန်မဖြစ်၊ စိတ်မဆိုးဖို့နဲ့ ပြုံးရယ်နေဖို့ပါ။ Indoor ရိုက်တယ်ဆိုတာ လူက အဓိကမို့ အရယ်အပြုံးတွေက အသက်ပါပဲ။ ပုံတိုင်းမှာ အဆင်ပြေနေချင်တယ်ဆိုရင်တော့ ပြုံးထားဖို့နဲ့ ပို့စ်လေးတွေ လေ့ကျင့်ထားဖို့ လိုပါတယ်။

အသားအရေ

Indoor ရိုက်မယ့်သူတွေ ကြိုတင်ပြင်ဆင်ထားရမယ့် အထဲမှာ အသားအရေလည်း ပါဝင်ပါတယ်။ မျက်နှာအနီးကပ် ပုံလေးတွေ များမှာမို့ မျက်နှာနဲ့ ခန္ဓာကိုယ် အသားအရေတွေ ကောင်းနေပါစေနော်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားပါ။

www.onethreeonefour.com

ဝတ်စုံ

Indoor ရိုက်မယ့်စုံတွဲလေးတွေ အဓိက ပြင်ဆင်ရမှာကတော့ ဝတ်စုံပါ။ Outdoor ဆိုရင်တော့ ကိုယ်ရိုက်မယ့်နေရာမှာ အရောင်တွေ အများကြီး ရှိနေမှာ ဖြစ်တဲ့အတွက် ဝတ်စုံရွေးချယ်မှုက အဆင်ပြေပေမယ့် Indoor ဆိုရင်တော့ အရောင်က နည်းပါတယ်။ Indoor creation ရဲ့အရောင်ကို ကြည့်ပါ။ အဲဒီအရောင်ကို မူတည်ပြီး ရွေးချယ်ပါနော်။ နောက်ခံက အဖျော့ကို ဝတ်စုံကပါ ဖျော့နေရင် အဆင်မပြေနိုင်ပါဘူးနော်။

 

Comments

0 comments